အစုံသုပ်
- သဘောင်္ သီးတစ်လုံးကိုခြစ်ပြီး ရေအေးစိမ်ကာရေစစ်ထားပါ။
- ခေါက်ဆွဲ- 500 g ၊ ပဲကြာဇံ - 300g၊ ပဲပင်ပေါက် - 200 g တိုကို.ပြုတ်ကာ ရေစစ်ထားပါ။
-တိုဟူး - 300 gကိုပါးပါးလီးထားပါ။( ဒီတစ်ခေါက် မပါပါ)
-ပဲပြားကြော် - 5 ခုကို ပါးပါးလြေးတွေထားပါ
-အာလူးနှစ်လုံးပြုတ်ပြီး အခွံနွာကာ သေးသေးလေးတွေလှီးထားပါ။
-သခွားသီး တစ်လုံးကို အခွံခွာပြီး ပါးပါးလှီးထားပါ။
- ထမင်းအနဲငယ်ကို ငရုပ်ဆီနှင့်နယ်ကာလုံးထားပါ။
အခြားမိမိထည်.လိုသော ဆန်ကြာဇံ ၊ ညှပ်ခေါက်ဆွဲနှင့် ဂေါ်ဖီ၊ နံနံပင်တို.ကိုလဲထည်.နိုင်ပါသည်။
- အချဉ်ရည်ကိုတော. ထန်းညှက်သုံးလုံး အရည်ဖျော်၊ မန်းကျီးသီးမှည်.
100 g ကိုရေနွေးစိမ်ကာ နယ်ပြီး ဇကာနှင့်စစ်ပြီး၊ ကြက်သွန်ဖြူ 4မွာကိုညှက်အောင်
ပြီး ပုဂံလုံးတစ်ခုတွင် ထည်.ကာ၊ ငရုပ်ဆီ 5ဇွန်း၊ ငံပြာရည် 3 ဇွန်းနှင့် အားလုံးသမအောင်မွေထားပါ။
- ကြက်သွန်ဖြူ ဆီချက်ကို အရောင်တင်မှုန်.နှင့်ရောကာဆီသတ်ထားပါ။
- မြေပဲမှုန်.၊ ပဲအကျက်မှုန်.၊ ပုဇွန်ခြောက်မှုန်.၊ ငံပြာရည်၊ ဆား၊ အရသာမှုန်.၊
ငရုပ်သီးအလှော်မှုန်.
-အသုပ်နှင့်တွဲစားရန် ဂေါ်ဖီဟင်းခါးအတွက် ရေနှစ်လီတာကို အိုးတစ်လုံးတွင်ထည်.ကာ
ပွက်အောင်တည်ပြီး မညှက် တစ်ညှက်ထောင်းထားတဲ. ကြက်သွန်ဖြူ ပုဇွန်ခြောက်ထောင်း အနေတော်လှီးထားတဲ. ဂေါ်ဖီ၊ ငရုပ်ကောင်း၊ဆား၊ ငံပြာရည်။ အရသာမှုန်.တို.ထည်.ပြီး 10 မိနစ်ခန်.ထပ်တည်ထားပါ။
- အသုပ်နှင့်တွဲစားရန် ရှမ်းကြက်သွန်ဖြူ အနဲငယ်
- အစုံသုပ်တစ်ပွဲသုပ်ရန် ပုဂံတစ်ခုထဲသို. အစာပလာအားလုံးကို နဲနဲဆီ
ထည်.ကာ အချ ဉ်ရည်နှစ်ဇွန်း ၊ ဆီချက်တစ်ဇွန်းနှင့် မြေပဲမှုန်. တစ်ဇွန်း၊ ပဲအကျက်မှုန်. - 2 ဇွန်း၊ ပုဇွန်ခြောက်မှုန်.၊ ငံပြာရည်၊ ဆား၊ အရသာမှုန်.၊ ငရုပ်သီး အလှော်မှုန်.၊ အနဲငယ်ဆီထည်.ကာ သမအောင်နယ်ပြီး အချို အချဉ် အငံ ကို မိမိကြိုက်သလိုပြင်ပြီး ဟင်းခါး၊ ကြက်သွန်ဖြူ တို.နှင့်တွဲကာ သုံးဆောင်နိုင်ပါပြီရှင်..

Myanmar Foods & Other
No comments:
Post a Comment