Showing posts with label Windows တင်နည်းများ. Show all posts
Showing posts with label Windows တင်နည်းများ. Show all posts

Saturday, February 21, 2015

USB Stick မှ Windows 7 တင်ကြည့်ခြင်း


ဒီပို့လေးကေတာ့ လြန္ခဲ့တဲ့နွစ္က က်န္ကောိုယ္တိုင် myanmaritpro မွာရေးသားခဲ့တဲ့ Post အေဟာင်းလေးပါ။ တစ္ခို့ လိုအပ္တဲ့ဆိုလိျု့ပန္တင်ပေးလိုက္ပါတယ်.....
လိုအပ်ချက်များ

Sunday, February 15, 2015

Windows7 တင်နည်းလေ့ကျင့်ခန်းနှင့် Format ချနည်း Partition ပိုင်းနည်း


ဒီတခါတော့ ဝင်းဒိုးမှာ Format ချနည်းလေးကို ရေးပေးဖို့ တောင်းထားတဲ့ အစ်ကိုတစ်ယောက်ရှိတာနဲ့ ဒီပိုစ့်လေးကို ရေးဖြစ်သွားတာပါ..။ တကယ်တော့ ဝင်းဒိုးတင်တာ ဘာမှ မထူးဆန်းပါဘူး..။ သူမေးထားတာလေးတွေကို တဆင့်ခြင်းစီ နှိပ်သွားးလိုက်ရင် ဝင်းဒိုးတင်လို့ ရပါတယ်..။ တနေရာပဲ ဂရုစိုက်ဖို့လိုပါတယ်..။ partition ပိုင်းတဲ့နေရာရောက်ရင် မိမိတို့ ဝင်းဒိုးတင်ချင်တဲ့ အပိုင်းကို သေချာရွေးပြီး Format ချပေးဖို့လိုပါတယ်..။ တကယ်လို့ Hard Disk တခုလုံးကို Format ချမယ်ဆိုရင်တော့ အဲဒီအဆင့်ကိုရောက်ရင် ပါတေးရှင်းတခု ချင်းစီကို ကလစ်ပြီး Delete နှိပ်သွားလိုက်ပါ..။ ဒီတိုင်းပြောရင် မလုပ်တတ်သေးတဲ့သူများအတွက် အတော်နားလည်ရခက်ပါလိမ့်မယ်..။ အဲဒါကြောင့် အောက်ကပုံလေးတွေနဲ့ ဆက်ရှင်းပြပါမယ်..။ ဆက်ကြည့်လိုက်ပါဗျာ..။ တခုတော့ ရှိပါတယ်.. ဒီနေ့တင်တဲ့ ပုံတွေအားလုံးဟာ အင်တာနက်ကနေရှာထားတာ ဖြစ်တဲ့အတွက် မှုံဝါးတဲ့ ပုံလေးတွေလည်းပါပါလိမ့်မယ်..။ ကျနော်လည်း တတ်နိုင်သလောက်တော့ ကောင်းတဲ့ပုံလေးတွေကို ရှာထားတာပါ..။ တချို့ပုံတွေက ဘယ်လိုမှ ကြည်အောင်လုပ်ပေးလို့ မရတော့လို့ ဒီတိုင်းပဲ တင်ပေးလိုက်တာပါ..။ ဒါကိုတော့ နားလည်ပေးကြပါဗျာ..။

Saturday, February 7, 2015

Windows 7 USB Flash Drive တစ်ခု အလွယ်ကူဆုံးဖန်တီးယူနည်း (အပိုင်း ၂)


Windows 7 USB Flash Drive တစ်ခု အလွယ်ကူဆုံးဖန်တီးယူနည်း (အပိုင်း ၂)
မင်္ဂလာပါ
ဒီနေ့တော့ အားလုံးအတွက် တန်ဖိုးရှိမယ့် နည်းလမ်းတစ်ခုဖြစ်တဲ့
Windwos 7 USB Flash Drive တစ်ခု အလွယ်ကူဆုံးဖန်တီးယူနည်း
(အပိုင်း ၂) ကို တင်ပေးလိုက်ပါတယ်ခင်ဗျာ။
ဒီနည်းလမ်းမှာတော့ ဆော့ဝဲကို အင်စတောလုပ်ပြီး
ဖန်တီးယူမှာပါ၊ အင်စတော လုပ်ရန် လိုအပ်မယ့် ဆော့ဝဲကို
အောက်ကလင့်တွေမှာ ဒေါင်းယူလိုက်ပါ။

All Windows Bootable USB တစ်ခု အလွယ်ကူဆုံးဖန်တီးနည်း ဆော့ဝဲအင်စတော လုပ်စရာမလို (အပိုင်း ၁)


 မင်္ဂလာပါ
တနင်္ဂနွေနေ့က ဘော်ဒါတစ်ယောက် ၀င်းဒိုးတင်ရန်
 ရောက်လာပါတယ် ၀င်းဒိုးခွေလည်း ပါမလာဘူး၊ ကျနော်ကလည်း
မအားနေဘူး၊ အင်တာနက်လည်း အသင့်ရှိမနေဘူး
လာတင်တဲ့ ဘော်ဒါကလည်း အသဲအသန်..အဟ
မရဘူးကွာ... ခွေလည်းပါမလာ၊ USB ထဲမှာလည်း ၀င်းဒိုး
အသင့်ထည့်တားပြီးသားကရှိမနေ လူနှစ်ယောက်
ချွေးကိုပြန်နေကြတယ်။

နောက်ဒီလိုမျိုး မဖြစ်ရအောင်ဆိုပြီး
ဒီ ၀င်းဒိုးတွေကို USB မှာ အလွယ်တကူ Bootable လေးအဖြစ်
လုပ်ထားမှ သင့်တော်တယ်မယ်ဆိုတာကို သတိရသွားတာနဲ့
ကျန်တဲ့ဘော်ဒါတွေလည်း အဆင်ပြေသွားအောင်
ကျနော် ဒီပို့စ်လေးကို အပိုင်း (၁) အနေဖြင့် နားလည်သလို ရှင်းပြသွားမှာပါ။
ဘာဆော့ဝဲကိုမှ အင်စတော လုပ်စရာမလိုပါ၊ အခက်ကြီးမဟုတ်ဘူးဆိုပေမယ့်
မလုပ်ဖူးသေးတဲ့ ဘော်ဒါတွေအတွက်တော့ ကြိုးစားပြီး
လေ့လာစေချင်ပါတယ်ခင်ဗျား။

All Windows 7,8,8.1, 10 များကို USB မှတဆင့် Window အလွယ်တကူတင်ယူနိုင်ဖို့ (သို့) စနစ်ဟောင်းကို Evolution လုပ်ကြည့်မယ်




 မင်္ဂလာပါ
ဒီပို့လေးကို OS ကမ္ဘာထဲကို ၀ါသနာတူလို့ ရောက်လာကြတဲ့
ဘော်ဒါများအားလုံး သိသင့်တယ်ထင်လို့ တစ်ဆင့်ပြန်လည်
မျှဝေလိုက်ပါတယ်။ သိပြီးသားသူများကတော့ ကျော်သွားလိုက်ပါခင်ဗျာ။
မသိသေးတဲ့ ဘော်ဒါတွေ အတွက်တော့ ဒီနည်းပညာလေးကို
အသေအချာလေ့လာထားသင့်တယ်လို့ ကျနော် အကြံပြုပါရစေ။
ခေတ်စနစ်အရ နည်းပညာတွေက နေ့စဉ်နှင့်အမျှ ကြောက်ခမန်းလိလိ
တိုးတက်ပြောင်းလဲလာနေတာကို သတိထားမိကြမှာပါ
ဒီကြားထဲ ကျနော်တို့က ထုတ်ကုန်ပစ္စည်းတွေကိုသာ
လေ့လာသင်ကြား စမ်းသပ်နေကြရတာက များပါတယ်။
ကျနော်လက်လှန်းမှီသလောက်ပြောရရင်တော့ OS အပိုင်းဟာ
လွယ်မယောင်နဲ့ ခက်တဲ့ တကယ့် Technological Art ကြီးတစ်ခုပါ။
လေ့လာရင်းက လေ့လာစရာတွေ ထပ်တိုးတိုးလာနေတာကတော့
တားမရတဲ့ environmental issues ဖြစ်မယ်ထင်ပါတယ်။

အရိုးရှင်းဆုံး Windows 8 တင်နည်း (မြန်မာလို စာအုပ်)



 အရိုှးရှင်းဆုံး Windows 8 တင်နည်း (မြန်မာလို စာအုပ်)
မင်္ဂလာပါ
အမေးများလာတဲ့ ညီအကိုတွေအတွက် ဒီပိုစ့်လေးကို ရေးဖြစ်သွားတာပါ
အခုကျနော် တင်ပေးလိုက်တဲ့ ပိုစ့်သည် သိပြီးသား သူတွေအတွက်တော့ အခက်ကြီးမဟုတ်ပေမယ့် လေ့လာခါစညီအကိုတွေအတွက်တော့ လုံးဝအထောက်အကူဖြစ်စေမှာ သေချာပါတယ်။ Windows 8 တွင် ဒီနေရမှာ Windows 8 ရိုးရိုး ဗားရှင်းအားလုံးကို Install လုပ်နည်းကိုသာအများနားလည်လွယ်အောင်လို့ အရိုးရှင်းဆုံးဖြစ်အောင် ပုံလေးတွေနဲ့တကွ အသေစစ်ရှင်းပြသွားမှာဖြစ်ပါတယ်။ Windows 8.1 ဆိုင်ရာ Install လုပ်နည်းကိုတော့ သီးခြား ပိုစ့်တစ်ခုအနေဖြင့် အကောင်းဆုံး ရှင်းပြသွားဖို့ရှိပါတယ်။

Windows 10 Technical Preview Pro Edition & Enterprise Edition ဗားရှင်းအားလုံးကို အလွယ်တကူ Windows တင်နည်း


Windows 10 Technical Preview Pro Edition & Enterprise Edition
မင်္ဂလာပါ
ဒီနေ့ ညီငယ်တစ်ယောက် မေးလာတဲ့ နည်းပညာလေးပါ
သူ့ကွန်ပျူ တာမှာ ၀င်းဒိုး ၇ ပဲအသုံးပြုနေတာကြာပြီဖြစ်လို့
Windows 10 Technical Preview Enterprise Edition ကို
တင်သုံးချင်တယ် ဘယ်လိုအင်စတောလုပ်ရသလဲ ဆိုပြီးမေးလာပါတယ်။

ဒီနည်းပညာလေးကို မေးလားတာ သုံးယောက်လောက်တော့
ရှိနေပါပြီ ကျ နော်မတင်ပေးအားတာနဲ့ အချိန်ကြာနေခဲ့တာပါ
ဒီနေ့တော့ အားလုံးအတွက် အဆင်ပြေမယ့် အလွယ်ဆုံး
နည်းလမ်းလေးကို အသေးစစ်ရှင်းပြလိုက်ပါတယ်ခင်ဗျာ...
 
အခုကျနော် ရှင်းပြသွားမှာကတော့ Windows 10 Technical Preview
ဆိုင်ရာ ဗားရှင်းအားလုံးကို အင်စတောလုပ်နည်းလေးပဲဖြစ်ပါတယ်
 မိမိကွန်ပျူ တာမှာ ၀င်းဒိုးအသစ်တခုတင်တော့မယ်ဆိုရင်တော့
နည်းလမ်းအားဖြင့် နှစ်မျိုးနှစ်စားနဲ့ သွားရမှာပါ၊ ISO ဖိုင်များကို
CD & DVD ထည့်သို့ကူးယူပြီး CD & DVD Rom ကနေတင်လို့ရသလို

LinkWithin

Related Posts Plugin for WordPress, Blogger...
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ

မိမိလိုချင်တဲ့ဘာသာစကားရှာဖွေရန်