- မူလစာမျက်နှာ
- ဗုဒ္ဓစေတီတော်သမိုင်း
- ဘလော့ဆိုင်ရာ
- နည်းပညာ
- Adobe PhotoShop
- Android Apk
- ပုံပြင်-၀တ္ထု-ဟာသများ
- ဆေးဘတ်ဝင်အပင်များ
- ကျန်းမာရေး
- ဟင်းချက်နည်း
- မုန့်လုပ်နည်း
- ဟာသ
- IDM
- အလှအပ
- Antivirus
- FaceBookဆိုင်ရာ
- Android Game
- ဖလပ်ဆောင်းသီချင်းများ
- မြန်မာဖောင့်/ကီးဘုတ်Apk
- ရှေးခေတ်ဓာတ်ပုံများ
- PC Softwares
- ဟင်းချက်/မုန့်လုပ်နည်းစာအုပ်များ
- နည်းပညာ စာအုပ်များ
- မရှိသေးပါ
Showing posts with label ဗိုလ်ချုပ်အောင်ဆန်း သမိုင်း နှင့် မိန့်ခွန်းများ. Show all posts
Showing posts with label ဗိုလ်ချုပ်အောင်ဆန်း သမိုင်း နှင့် မိန့်ခွန်းများ. Show all posts
Monday, January 19, 2015
ဗိုလ်ချုပ်အောင်ဆန်းနှင့်တစ်ကွ အာဇာနည်ခေါင်းဆောင်ကြီးများဈာပန
ဗိုလ်ချုပ်အောင်ဆန်းနှင့်တစ်ကွ အာဇာနည်ခေါင်းဆောင်ကြီးများဈာပန
ဒီဘလော့စာမျက်နှာ မှ အကြောင်းရာများသည် အွန်လိုင်းပေါ် မှ ရှာဖွေစုစည်းဖေါ်ပြခြင်းဖြစ်ပါသည် အဆင်ပြေတယ်ဆိုရင် comments ရေးခဲ့ပါအုံး မိတ်ဆွေ
မြန်မာစွယ်စုံမိသားစု မှ ကြိုဆိုပါတယ်
Tuesday, January 6, 2015
ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်း

ဖုံးကွယ်ဖျောက်ဖျက်ထားခြင်းခံရသော ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်း
၁၉၆၂ ခုနှစ် မှ ယနေ့အထိ ဖုံးကွယ်ဖျောက်ဖျက်ထားခြင်း ခံရသော ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း။ အောက်ပါမိန့်ခွန်းမှာ ဂျပန်ခေတ် ၁၉၄၄ ခု၊ မတ်လ ၁၃ ရက်၊ နံနက်အချိန်တွင် မင်္ဂလာဒုံ ဗိုလ်သင်တန်း ကျောင်းဆင်းပွဲ၌ ဗမာ့ကာကွယ်ရေး တပ်မတော် စစ်သေနာပတိနှင့် စစ်ဝန်ကြီး ဗိုလ်ချုပ် အောင်ဆန်း ပြောကြားသော မိန့်ခွန်း တစ်ရပ် ဖြစ်သည်။
ရဲဘော်တို့
ယနေ့ ရဲဘော်တို့ အစုအချို့ဟာ စစ်ဗိုလ်လောင်းကလေးများအဖြစ် ဘွဲ့အဆင့်အတန်းကို ခံယူကြရတော့မယ်။ ယနေ့အထိ ရဲဘော်တို့ဟာ ကျောင်းသားများဖြစ်ပြီး တာဝန်ရယ်လို့ မိမိတို့အပေါ်မှာ မရှိကြသေးဘူး။ယနေ့ကျောင်းကထွက်ပြီး ဗမာ့တပ်မတော်အသီးသီး ဋ္ဌာနအသီးသီးမှာ ရာထူး အလုပ်ဝတ္တရားများရတာနဲ့ တစ်ပြိုင်နက် ရဲဘော်တို့ အသီးသီးမှာ ကိုယ့်တာဝန်နှင့် ကိုယ့်ဝတ္တရားနှင့် ဖြစ်သွားပြီ။ ဒီလိုကိုယ့်တာဝန်ကိုယ့်ဝတ္တရားနှင့် ဗမာနိုင်ငံတော်နဲ့ ဗမာ့တပ်မတော်ရဲ့အမှုကို ထမ်းကြတဲ့အခါ ရဲဘော်တို့ကို မှာသင့်မှာ ရာ အချက်တွေကို ငါတို့ မှာကြားလိုတယ်။

Friday, November 14, 2014
ဗိုလ်ချုပ် ကဗျာလေး ရသေးလားမသိဘူးနော်

ဗိုလ်ချုပ် ကဗျာလေး
ရသေးလားမသိဘူးနော်
ဖေဖော်ဝါရီ ၁၃မှာ ဗိုလ်ချုပ်မွေးနေ့ပါ
၁၉၁၅ ရှေ့ နေဦးဖာသား...
ဇာတိနတ်မောက် မကွေးခရိုင်
သိကြများခုတိုင်
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား
မိခင်ဒေါ်စုသား
၁၉၄၇ ပြောင်းကြွတမလွန်
မျက်ရည်သွန်လို့ဘဝင်ညှိုး
ဇူလိုင်တဆယ့်ကိုး
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ်ဒို့ဖခင်
ကောင်းစေချင်တဲ့မှာစကား
ငါတို့မမေ့သား
ပြည်ထောင်လွတ်ရေးကြိုးပမ်းအောင်
ပြည်ချစ်ဒို့ခေါင်းဆောင်
ဆိုရှယ်လစ်ဘောင်လမ်းစဉ်များ
ဗိုလ်ချုပ်ချမှတ်သွား
မျက်ရည်သွန်လို့ဘဝင်ညှိုး
ဇူလိုင်တဆယ့်ကိုး
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ်ဒို့ဖခင်
ကောင်းစေချင်တဲ့မှာစကား
ငါတို့မမေ့သား
ပြည်ထောင်လွတ်ရေးကြိုးပမ်းအောင်
ပြည်ချစ်ဒို့ခေါင်းဆောင်
ဆိုရှယ်လစ်ဘောင်လမ်းစဉ်များ
ဗိုလ်ချုပ်ချမှတ်သွား
Wednesday, October 1, 2014
ဗိုလ်ချုပ်အောင်ဆန်း သမိုင်း နှင့် မိန့်ခွန်းများ General Aung San Speech and History ဗိုလ်မိုးကြိုး အပြန် နောက်ကြောင်း လှန်လိုက်သည့် ဗိုလ်အောင်ဆန်း မိန့်ခွန်း
ဗိုလ်မှူးကြီး စူဇူကီး ခေါ် ဗိုလ်မိုးကြိုး (ရှေ့ဆုံးတန်းမှ မြန်မာ့ ပုဆိုး၊ တိုက်ပုံအင်္ကျီနှင့် ခေါင်းပေါင်း ပေါင်းထားသူ) နှင့် ဗိုလ်ချုပ်အောင်ဆန်း (ရှေ့ဆုံးတန်း အလယ်လူ) တို့ ဦးဆောင်သော ရဲဘော် သုံးကျိပ်ဝင် အချို့။
"ဗိုလ်မိုးကြိုး အပြန် နောက်ကြောင်း လှန်လိုက်သည့် ဗိုလ်အောင်ဆန်း မိန့်ခွန်း" ကို ၁၉၈၅ ခု၊ ဒီဇင်ဘာလမှာ 'ပုရပိုက် စာပေနှင့် အနုပညာ' က ပုံနှိပ် ထုတ်ဝေခဲ့တဲ့ စစ်ကိုင်းဟန်တင်ရဲ့ 'ဗိုလ်ချုပ်အောင်ဆန်း၏ ရှားပါး မိန့်ခွန်းများ' စာအုပ်မှနေ ပြန်လည် ကူးယူ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။
ဗိုလ်မိုးကြိုးအပြန် နောက်ကြောင်းလှန်လိုက်သည့် ဗိုလ်အောင်ဆန်း မိန့်ခွန်း
၁၂၄၇ ခုနှစ်၊ တန်ဆောင်မုန်း လပြည့်ကျော် ၈ ရက် တနင်္ဂနွေနေ့က (၂၉၊ ၁၁၊ ၁၈၈၅) မြန်မာနိုင်ငံတော်ရော မြန်မာလူမျိုး တရပ်လုံး၏ အမွန်အမြတ်ဆုံး လွတ်လပ်မှု အားလုံးကိုပါ ဆုံးရှုံး ပျက်ပြား ခဲ့ကြရပြီး နိုင်ငံခြားသား လူမျိုးများအောက် က္ဆွန်သားပေါက် အဖြစ်သို့ ကျရောက် ခဲ့ကြရသဖြင့် လွတ်လပ်ရေး ပြန်လည် ကြေညာ နိုင်ကြရအောင် မြန်မာ လူမျိုးတရပ် အရပ်အနား မရှိ မနားမနေ ကြံစည် အားထုတ် ကြိုးစားလာ ခဲ့ကြရလေသည်။
မြန်မာတို့၏ သက်ဦးဆံပိုင် သီပေါဘုရင် မင်းမြတ်ကို လိမ်လည် လှည့်ဖြား၍ ဖမ်းယူ သွားကြသည့် အခါက မြန်မာ့ နယ်မြေ တရပ်လုံး တောင်ပေါ် မြေပြန့်ရှိ လူမျိုးစု အားလုံးပင် ရရှိကြရာ လက်နက်များဖြင့် ဥရောပတိုက်သား ဖောက်ပြန်သည့် အင်္ဂလိပ် အစိုးရ၏ လက်နက်ကိုင် တပ်များကို ဆယ်နှစ်ကျော်မျှ အနိုင်မခံ အရှုံး မပေးကြသေးသော စိတ်နေ စိတ်ထားများ အရ ပြန်လှန် တိုက်ခိုက် မောင်းနှင် နေကြပေသေးသည်။
Subscribe to:
Posts (Atom)
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ