Sunday, September 13, 2015

Windows Computer ကို Factory Reset ပြုလုပ်နိုင်မယ့်









သင့်ကွန်ပြူတာ လေးလံလာလို့ ဖြစ်ဖြစ်၊ Virus ကူးစက်လို့ ဖြစ်ဖြစ် ၊ ဖြေရှင်းမရတဲ...့ Error ဖြစ်လို့ပဲ ဖြစ်ဖြစ် မူလအခြေအနေ ကို ပြန်ရောက်ရှိဖို့ အမြန်ဆုံး နဲ့ အလွယ်ဆုံး နည်းက စက်ရုံထုတ်အနေအထား အတိုင်း ပြန်ဖြစ်သွားအောင် ပြုလုပ်တာဖြစ်ပါတယ်။ တစ်နည်းအားဖြင့် Factory Reset ချတာဖြစ်ပါတယ်။ စမတ်ဖုန်းများ မှာ Factory Reset ချနိုင်တဲ့ စွမ်းဆောင်ချက် ကို ထည့်သွင်းပေးထားပါတယ်။ Wimdows Computer မှာလည်း Factory Reset ချနိုင်တဲ့ နည်းလမ်းများ ရှိပါတယ်။
Recovery Partitiion ကို အသုံးပြုပါ။

Saturday, September 5, 2015

Myanmar Cook Book ဟင်းချက်နည်းများ




ဖုန်းလာရင်
လက်ဖြင့်နှိပ်စရာမလိုဘဲ
နားနဲ ကပ်၍ဖုန်းကိုင်နိုင်မည့် Easy Answer v.1.0.1
ဤ apps က ဖုန်းအသုံးပြုသူတွေတွက် မိမိ ဖုန်းကိုဆက်လာရင် လက်ဖြင့် နှိပ်၍ ဖုန်း ကိုင်စရာမလိုဘဲ ဖုန်းကို နားရွက် ဖြင့် ကပ်၍ ဖုန်းကိုင်နိုင်စေမှာလည်း ဖြစ်ပါတယ်"
     အသုံးပြုနည်းကလည်း ဒီ apps ရဲ ညာဘက် အပေါ်ဆုံးထောင့်နေရာမှာ On နှိပ်ထားယုံဖြင့် ရပါပြီ"
ဆော့ဝဲအားဒေါင်းရန်
 http://www.mediafire.com/?sq9j75kpaavbaan 


အာကာ (ဆော့ဝဲလမ်းညွန်) 

မြန်မာစွယ်စုံမိသားစု ဘလော့စာမျက်နှာ မှ အကြောင်းရာများသည် အွန်လိုင်းပေါ် မှ ရှာဖွေစုစည်းဖေါ်ပြခြင်းဖြစ်ပါသည် ကျွန်တော်လိုသမျှစုဝေးထားရာတွင် သင်လိုတာများ ရှိနေနိုင်ပါစေ

လေချွန်ပြီး ကင်မရာရိုတ်နိုင်မည့် Apk ဗားရှင်းအသစ် ၁.၄.၁




လေချွန်ပြီး ကင်မရာရိုတ်နိုင်မည့် Apk ဗားရှင်းအသစ် ၁.၄.၁
ယုခုဆော့ဝဲ က သင့် ဖုန်းနဲ သင့်မိသာစု သို့ ချစ်သူ စုံတွဲ တွေအတွက် ဓာတ်ပုံရိုတ်ချင်ရင်
အခြားသူ တစ်ယောက်ကို အကူအညီ တောင်းစရာမလိုဘဲ
သင့် နူတ်ခမ်း မှ လေချွန် သံ ဖြင့် ကင်မရာ ရိုတ်နိုင်ပါသည်" ယခုversion new မှာ သင်တို့ ရိုတ်လိုက်တဲ့ photo တွေကိုလည်း
အရောင်ကာလာ နဲ ဓာတ်ပုံကို သေသပ်လှပစွာ ပြန်လည်ပြုပြင်နိုင်ပါသည်"
အရမ်းအသုံးဝင်တဲ့ ဆော့ဝဲတစ်ခုပါ… ခင်ဗျာ
ဆော့ဝဲအားဒေါင်းရန်
http://www.mediafire.com/?ckb317c45sdn6cj
ကျွန်တော် အာကာ ပါ

မိမိဖုန်းနှင့်ကာရာအိုကေဆိုဖို့ 




သင့်တို့ရဲ့ ဖုန်းနဲ Music
ကာရာအိုကေ
သီချင်းများဆိုနိုင်ပါပြီ"
ပုံနဲရှင်ထားပါတယ်"

ဆော့ဝဲအားဒေါင်းရန်
http://www.mediafire.com/?86hs0gp4558liy1
.ချစ်သူအနမ်းဖြင့်ရှင်သန်ခွင့်ရသောနတ်ဆိုးတစ်ကောင်

မိုဘိုင်းဖုန်းဖြင့်ဓာတ်ပုံများကိုကာတွန်းစတိုင်ပြောင်းဖို့ 




ကာတွန်းဓာတ်ပုံ
သင့် မိုဘိုင်းဖုန်း ဖြင့် သင့်တို့၏ Photo
ဓာတ်ပုံ လှလှ များကို ကာတွန်းစတိုင်
အများအပြား ပါဝင်တဲ့ apps နဲ ကာတွန်း စတိုင်
နဲ အလမ်းဇယား ဓာတ်ပုံ များအား ဖန်တီးနိုင်ပါသည်
ကာတွန်းပုံ များမှာ စုံလင်ပါသည်
ကျား/မ နှစ်မျိုးလုံး ပါဝင်ပါတယ်
လန်းပါတယ်

ကြိုက်နှစ်သက်လိမ့်မယ်လို့ မျော်လင့်မိပါတယ်
Cartoon face Photoshot to Ar Kar

ဆော့ဝဲအားဒေါင်းရန်
http://www.mediafire.com/?cvtkd8fcqzme79q
  

အာကာ (ဆော့ဝဲလမ်းညွန်)


မြန်မာစွယ်စုံမိသားစု ဘလော့စာမျက်နှာ မှ အကြောင်းရာများသည် အွန်လိုင်းပေါ် မှ ရှာဖွေစုစည်းဖေါ်ပြခြင်းဖြစ်ပါသည် ကျွန်တော်လိုသမျှစုဝေးထားရာတွင် သင်လိုတာများ ရှိနေနိုင်ပါစေ

ဓါတ်ပုံတွေကို ပန်းအလှဘောင်များဖြင့်အလှဆင်နိုင်မယ့် Photo Flower Frames Apk




မိုဘိုင်းဖုန်း Android ကနေဓါတ်ပုံတွေကို အလှပြင်တာဝါသနာပါသူများအတွက် Apps လေးတစ်ခုကိုတင်ပေးလိုက်တယ်။ မိမိဓါတ်ပုံတွေကို ပန်းဘောင်ကလေးတွေနဲ့ အလှဆင်နိုင်ပြီး ကိုယ်ရေးချင်တဲ့စာတွေကိုလည်း မြန်မာဘာသာနဲ့ရေးနိုင်မှာဖြစ်ပြီး ဓါတ်ပုံတွေကို ကိုယ်နှစ်သက်တဲ့ အရောင်များဖြင့်ချယ်မှုန်းနိုင်မှာဖြစ်ပါတယ်။ ဓါတ်ပုံတွေကိုအလှပြင်တာဝါသနာပါရင်တော့ ဒေါင်းလုပ်ရယူနိုင်ပါပြီး

Black Glass Free Next Launcher Theme





Black Glass Free Next Launcher Theme
ဖုန်းမှာ 3D Launcher Theme လေးနဲ့လန်းချင်သူများအတွက်ပါ။တကယ်လန်းတဲ့ Theme လေးပါပဲ သုံးချင်သူများ အောက်မှာဒေါင်းယူနိုင်ပါပြီ
★ THE ADVANTAGES OF PRIME VERSION ★
● no advertising and sponsorship lock screen
● does not require any special permissions
● two ways to apply a theme and wallpapers
● Instant access to menu theme

ဖိုက်တင်ဂိမ်းကောင်းလေး - MORTAL KOMBAT X APK V1.4.0 MOD Unlimited Money





ဖိုက်တင်ဂိမ်းကောင်းလေး - MORTAL KOMBAT X APK V1.4.0 MOD Unlimited Money အက်ရှင်ဂိမ်း
 ကောင်းလေးပါ ဖိုက်တာ Heroတွနဲ့ ကြမ်းကြမ်း၇မ်းရမ်း တိုက်ခိုက်ဆော့ကစားရမယ့်ဂိမ်းလေးပါ
အောက်မှာဒေါင်းပြီးဆော့ကစားနိုင်ပါပြီ (ပုသိမ်နည်းပညာ)
MORTAL KOMBAT X Apk Mod Unlimited Money ,New Update With Version 1.4.0

Experience the over-the-top, visceral fighting of MORTAL KOMBAT X!
Bring the power of next-gen gaming to your mobile and tablet device with this visually groundbreaking fighting and card collection game.
Assemble an elite team of Mortal Kombat warriors and prove yourself in the greatest fighting tournament on Earth.

မိမိဖုန်းမှာ mp4 တွေကို mp3 ပြောင်းနိုင်သည့်-MP3 Video Converter v1.9.39 Apk နောက်ဆုံးထွက်။





Android ဖုန်းကိုင်သူများအနေဖြင့် mp4 ကနေ Mp3 ပြောင်းချင်တယ်ဆိုရင်..PC ကိုပဲအားကိုးစရာမလိုတော့ပါဘူး..အခုတင်ပေးလိုက်တဲ့ App ကတော့ မိမိဖုန်းထဲမှာပဲ..mp4 တွေကို mp3 သို့ပြောင်းနိုင်ပါတယ်...ဒီ App ထဲမှာအဓိလုပ်ဆောင်နိုင်တာတွေကတော့
၁) Video များကို mp3 format သို့ပြောင်းခြင်း
၂) Video Format မျိုးစုံကို ပြောင်းနိုင်ခြင်း
၃).Audios format တော်တော်များများ support ခြင်း ဥပမာ..mp3, AAC, OGG အစရှိသည်
၎) ခေါင်းစဉ်များကို တည်းဖြတ်နိုင်ခြင်း (Artist, Album, title) စသည်တို့ဖြစ်ပါတယ်..
 ဖိုင်းဆိုဒ်ကတော့8.11MB ဖြစ်ပြီး Android OS 2.2 အထက်ရှိဖုန်းများအားလုံးမှာသုံးနိုင်ပါတယ်။

ဖုန်းမှာဗီဒီယို အများကြီးကိုတစ်ပြိုင်နက်ထဲဖွင့်နိုင်မယ့် Showtime Apk





ဖုန်းထဲမှာရှိနေတဲ့ ဗီဒီယိုဖိုင်တွေကို ၄ခု ၅ခု တစ်ပြိုင်နက်ထဲကြည့်ရှုနိုင်မည့် Apps တစ်ခုလည်းဖြစ်ပါတယ်။
အသုံးပြုရလွယ်ကူပြီး ဖုန်း၏ Gallery ထဲကနေ ဗီဒီယို တစ်ပုဒ်ချင်စီကို နှိပ်ပြီး Showtime Apps ကိုရွေးချယ်ကာ ဗီဒီယိုအများအပြားကိုတစ်ပြိုင်နက်ထဲ ပုံတွင်တွေ့ ရသကဲ့သို့ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ပြန်ဖျက်ချင်ရင်တော့ ဖွင့်ထားတဲ့ဗီဒီယိုကို တစ်ချက်နှိပ်ပြီး X သင်္ကေတ အားနှိပ်ကာဖျက်နိုင်ပါတယ်။ အသုံးပြုချင်သူများတွက်တော့အကြိုက်တွေ့ စေမှာဖြစိပါတယ်။

Showtime Apps အားဒေါင်းယူရန်။

အာကာ (ဆော့ဝဲလမ်းညွန်)

မြန်မာစွယ်စုံမိသားစု ဘလော့စာမျက်နှာ မှ အကြောင်းရာများသည် အွန်လိုင်းပေါ် မှ ရှာဖွေစုစည်းဖေါ်ပြခြင်းဖြစ်ပါသည် ကျွန်တော်လိုသမျှစုဝေးထားရာတွင် သင်လိုတာများ ရှိနေနိုင်ပါစေ

Friday, September 4, 2015

ကွန်ပျူတာနဲ့ဘယ်​ဖုန်းမဆို Driver သိ​စေမည်




ကွန်ပျူတာနဲ့ဖုန်းနဲ့ချိတ်ဆက်ပြီး ဘာပဲလုပ်ချင်လုပ်ချင် ဖုန်းနဲ့သက်ဆိုင်ရာ Driver Software ကိုကွန်ပျူတာမှာသွင်းထားမှသာ ကွန်ပျူတာကဖုန်းကို သိပြီး ကျန်တဲ့အပိုင်းတွေကိုဆက်လုပ်လို့ရမှာပါ။ အဲဒီတော့ မိမိရဲ့ဖုန်းနဲ့သက်ဆိုင်ရာ Driver Package တွေကို အင်တာနက်ပေါ်မှာရှာရပါပြီ။ အလုပ်ရှုပ်တာပေါ့နော်။ အခုတော့ TechKnow ကနေထုတ်ဝေလိုက်တဲ့ ADB Driver Package လေးကတော့ Android ဖုန်းအသုံးပြုသူတွေအတွက် အတော်လေးအသုံးဝင်မှာပါ။ ဘာလို့လဲဆိုတော့ Android ဖုန်းတစ်လုံးချင်းစီအတွက် Driver package တစ်ခုချင်းစီလိုက်ရှာနေစရာမလိုတော့ဘဲ ဒီ Universal ADB Driver လေးကိုကွန်ပျူတာမှာသွင်းထားလိုက်ရုံနဲ့ နောက်ပိုင်းဘယ် Android ဖုန်းနဲ့ပဲချိတ်ချိတ် ကွန်ပျူတာက ဖုန်းကို သိပါပြီ။ ဖုန်းအားလုံးကိုသိစေမယ့် TechKnow Universal ADB Driver ကိုအောက်က link မှာရယူပါ။
သွင်းပုံသွင်းနည်း

Download ရယူထားတဲ့ TechKnow_Universal_ADB_Driver_v0.7-HcH ဇစ်ဖိုင်လေးကို ဖြည်လိုက်ပါက TechKnow_Universal_ADB_Driver_v0.7-HcH ဆိုတဲ့ Folder လေးတစ်ခုရပါမယ်။ ယင်း “TechKnow_Universal_ADB_Driver_v0.7-HcH” Folder လေးကို ကွန်ပျူတာ Desktop ပေါ်မှာခဏသွားထားပါ။ကိုယ့်ရဲ့ Android ဖုန်းကိုကွန်ပျူတာမှာ USB ကြိုးနဲ့အရင်ချိတ်ဆက်ပါ။ပြီးလျှင် ကွန်ပျူတာထဲက My Computer icon ကို right click နှိပ်ပြီး Device Manager ကို နှိပ်ပါ။ကိုယ့်ဖုန်းကိုကွန်ပျူတာက detect မသိသေးဘူးဆိုရင် other device နေရာမှာ ကိုယ့်ဖုန်းနာမည်လေးနဲ့ “?” သင်္ကေတလေးပြနေပါမယ်။ အဲဒီအပေါ်မှာ right click နှိပ်ပြီး Update Driver Software ကိုရွေးပါ။
Browse my computer for Driver software ကိုရွေးပါ။
image
ပီးလျှင် Browse ကိုနှိပ်ပြီး ခုနက Desktop ပေါ်မှာခဏထားခဲ့တဲ့ TechKnow_Universal_ADB_Driver_v0.7-HcH ဆိုတဲ့ဖိုင်လေးကိုရွေးပေးလိုက်ပါ။ Include subfolder ကိုပါအမှန်ခြစ်ထားပါ။
image
Driver ကိုစတင် Install လုပ်ပါလိမ့်မယ်။ Install လုပ်နေစဉ်မှာ Administrator permission တောင်းခဲ့လျှင်လည်း Allow သာလုပ်ပေးလိုက်ပါ။Installation Process ပြီးရင်တော့ ကွန်ပျူတာကို restart ချလိုက်ပါ။ ပြန်တက်လာပြီဆိုရင်တော့ Device manager ထဲကိုခုနကလိုပဲဝင်ကြည့်လိုက်ပါ။ မိမိရဲ့ Android ဖုန်းကို ကွန်ပျူတာမှာချိတ်ဆက်ထားခြင်းကို ကွန်ပျူတာမှသိနေပါပြီ။
image
image
image
အားလုံးပဲအဆင်ပြေကြပါစေ။ Ref:Technobuzz
 





M.I.A (နည်းပညာ)


မြန်မာစွယ်စုံမိသားစု ဘလော့စာမျက်နှာ မှ အကြောင်းရာများသည် အွန်လိုင်းပေါ် မှ ရှာဖွေစုစည်းဖေါ်ပြခြင်းဖြစ်ပါသည် ကျွန်တော်လိုသမျှစုဝေးထားရာတွင် သင်လိုတာများ ရှိနေနိုင်ပါစေ

Android ဖုန်းတွေမှာ Wifi နဲ့ Internet အ လိုလိုပွင့်နေတဲ့ပြဿနာဖြေရှင်းနည်း





ဒီလိုပြဿနာဖြစ်ပြီဆိုရင်အရင်တုန်းကတော့
Firmware ပြန်တင်မှပဲအဆင်ပြေပါတယ်။
အခုနည်းလမ်းကတော့ Firmware ပြန်တင်
စရာမလိုပဲ ဒီပြဿနာကိုအလွယ်တကူဖြေ

ရှင်းလို့ရတဲ့အတွက်အခုလက်တလောမှာဒီပြ
ဿနာကြုံတွေ့နေသူများနဲ့ မသိသေးသူတွေ
အတွက်ဝေမျှပေးလိုက်ရတာဖြစ်ပါတယ်။
Android ဖုန်းတွေမှာ Wifi နဲ့ Internet အ
လိုလိုပွင့်နေတဲ့ပြဿနာဖြေရှင်းမယ်ဆိုရင်
Setting >> Apps >> All ထဲမှာ com.nb.
superuser ဆိုတာလေးကို Clear data
လုပ်ပေးလိုက်ပါ။
ပြီးရင်တော့ အဲဒီ com.nb.superuser ဆို
တာလေးကို Disable လုပ်ပေးလိုက်ရုံပါပဲ။
အဲဒါဆိုရင် Wifi နဲ့ Internet အလိုလိုပွင့်နေ
တဲ့ပြဿနာကိုဖြေရှင်းလို့ပြီးဖြစ်သွားပါပြီဗျာ။
 
Ziveen Mobile နည်းပညာ

မြန်မာစွယ်စုံမိသားစု ဘလော့စာမျက်နှာ မှ အကြောင်းရာများသည် အွန်လိုင်းပေါ် မှ ရှာဖွေစုစည်းဖေါ်ပြခြင်းဖြစ်ပါသည် ကျွန်တော်လိုသမျှစုဝေးထားရာတွင် သင်လိုတာများ ရှိနေနိုင်ပါစေ

ဖုန်းနဲ့ MP3 သီချင်းတွေကို ကရာအိုကေဆိုပြီး အသံသွင်းမယ်




ဖုန်းနဲ့ MP3 သီချင်းတွေကို ကရာအိုကေဆိုပြီး အသံသွင်းမယ်
ဆော့ဝဲကိုနှစ်သက်ရာလင့်မှဒေါင်းရန်
Sing Play Apk v2.1.6 : (13.48) Mb
မှတ်ချက်။ recording အသံပေါင်းမကောင်းသည် သင့်ဖုန်းနှင့်သာဆိုင်ပါသည်။
 


မြန်မာစွယ်စုံမိသားစု ဘလော့စာမျက်နှာ မှ အကြောင်းရာများသည် အွန်လိုင်းပေါ် မှ ရှာဖွေစုစည်းဖေါ်ပြခြင်းဖြစ်ပါသည် ကျွန်တော်လိုသမျှစုဝေးထားရာတွင် သင်လိုတာများ ရှိနေနိုင်ပါစေ

wallpapersလန်းလန်းလေးသုံးချင်သူများအတွက်




wallpapersလန်းလန်းလေးသုံးချင်သူများအတွက်ဒီဆော့ဝဲလေးကအရမ်းလှတဲ့ဆော့ဝဲလေးပါအောက်ပုံကိုကြည့်လိုက်ပါကြိုတယ်ဆိုရင်ဒေါင်းသွားပါကိုယ့်ရဲ့ဓါတ်ပုံကိုယ့်ချစ်သူရဲ့ပုံပဲဖြစ်ဖြစ်ထည့်ပြီးလန်းနိင်မှာပါ
                
                                                         ဒီမှာနှိပ်ဒေါင်းပါapk

မိမိဖုန်းမှဓါတ်ပုံတွေကိုနစ်ကိုယ်ခွဲသုံးကိုယ်ခွဲနဲ့လုပ်ချင်သောသူများအတွက်apk




ဓါတ်ပုံတွေကိုနှစ်ကိုယ်ခွဲသုံးကိုယ်ခွဲလုပ်ချင်သောသူများအတွက်ဆော့ဝဲအလန်းလေးပါကာလာလည်အစုံနဲ့ကြိုက်သလိုကလိပြင်ယူလို့ရတယ်နော်ကြိုက်တဲ့သူတွေအောက်လင့်မှာဒေါင်းသွားပါ




Windows 7 All in One ISO အားဒေါင်းလော့ရယူနိုင်ပါပြီ






မင်္ဂလာပါ
Windows 7 ဆိုင်ရာ ISO ဖိုင်ကိုတောင်းဆိုနေကြတဲ့
ညီအစ်ကိုတွေအတွက် Windows 7 All in One ISO ကို
အားလုံးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်။

All in One ဆိုတော့အထူးမိတ်ဆက်ပေးနေစရာမလိုလောက်ဖူးလို့ထင်ပါတယ်
Technical တစ်ယောက်အတွက်မိမိကြိုက်ရာကိုရွေးပြီးအသုံးပြုနိုင်ပါတယ်။

Windows 10 AIO 22 in 1 32/64 Bit ISO အားဒေါင်းလော့ရယူနိုင်ပါပြီ





မင်္ဂလာပါ
လတ်တလောအရမ်းနာမည်ကြီးနေတဲ့ Windows 10 ကို
OS ချစ်ပရိတ်သတ်များ စမ်းသုံးကြည့်ချင်နေကြမယ်ထင်ပါတယ်
ကျနော်ကတော့အခုနေစမ်းသုံးကြည့်နေပါတယ်။

ကောင်းသလားတော့မမေးစေချင်ပါကိုယ်တိုင်စမ်းသုံးကြည့်ပါဦးလို့ပဲ
တိုက်တွန်းချင်ပါတယ်။ကျနော်ကတော့ Microsoft ရဲ့ Windows ထုတ်ကုန်
တွေထဲမှာတော့ Windows 10 လေးကတော့ Hottest လို့ထင်ပါတယ်။

အခုဗားရှင်းမှာတော့ features တွေလည်းအမြောက်အများပါဝင်လာပါတယ်
အခု ISO ဖိုင်မှာ ဗားရှင်းအစုံပါတာတော့မို့ Technician တစ်ယောက်
အတွက်တော့လုံးဝအကြိုက်တွေ့စေမှာဖြစ်ပါတယ်။


 Features of Windows 10 AIO 22 in 1 32 64 Bit ISO

ဖုန်းscreenလော့အလန်းလေးနဲ့အသုံးပြုချင်သောသူများအတွက်ပါမေးထားသောသူများနဲ့မသိသေးသောသူများအတွက်တင်ပေးလိုက်ပါတယ်




ဖုန်းscreenလော့အလန်းလေးနဲ့အသုံးပြုချင်သောသူများအတွက်ညီမတစ်ယောက်မေးထားလို့တင်ပေးလိုက်တာပါမသိသေးသောသူများလဲအဆင်ပြေနိင်စေရန်ပုံနဲ့တကွလုပ်နည်းကိုပါတင်ပေးလိုက်ပါတယ်ကိုကြိုက်
သလိုဆော့ဝဲထဲမှာကလိလို့လဲရပါတယ်ကဲကိုယ့်တိုင်လုပ်ကြည့်ဖို့အောက်မှာဆော့ဝဲဒေါင်းပြီးလုပ်နည်းကိုအရင်းကြည့်ပြီးလုပ်ကြည့်ကြပေါ့
အားလုံးအဆင်ပြေပါစေဗျာ
အသုံးပြုရမည့်ဆော့ဝဲဒေါင်းရန်
http://pc.cd/7XqitalK
အပေါ်ကဒေါင်းမရင်ပြန်ဒေါင်းပါ
https://www.dropbox.com/s/wbffr5u0q30btjt/com.iooly.android.lockscreen-1.apk?dl=0



Thursday, September 3, 2015

Android စမတ်ဖုန်းအားလုံးကို Root လုပ်နည်းလေ့လာကြရအောင်




Android စမတ်ဖုန်းအားလုံးကို Root လုပ်နည်း

 ယခုဖော်ပြပေးသွားမှာက ဖုန်းကို Root Account လုပ်နည်းဘဲ ဖြစ်ပါတယ်။
ဖုန်းမော်ဒယ် (၃)မျိုးဖြင့် Root လုပ်ဖော်ပြထားပါတယ်။
Root Application (၃) မျိုးဖြင့် စမ်းသမ်ပြထားပါတယ်။
ကွန်ပျူတာဖြင့် Root လုပ်နည်းကိုလည်းဖော်ပြထားပါတယ်။
ပုံများနဲလွယ်ကူစွာလေ့လာနိုင်ပါတယ်။

Computer မှ ဖိုင်များကို စမတ်ဖုန်းကနေ ကြိုးမဲ့ ရယူနည်း





သင့်ရဲ့ စမတ်ဖုန်းကနေ ကွန်ပြူတာမှ ဖိုင်များကို ကြိုးမဲ့ နည်းလမ်းဖြင့် ရယူနိုင်ပါတယ်။ ဒီလိုလုပ်ဖို့ သင့်ကွန်ပြူတာမှာ Software များထည့်သွင်းစရာလည်း မလိုပါဘူး။ Android Phone မှာတော့ ES File Explorer ကို ထည့်သွင်းထားရမှာ ဖြစ်ပါတယ်။ ဒီနည်းလမ်းကို အသုံးပြုရင် ကြီးမားတဲ့ ဖိုင်များကိုတောင် လျှင်မြန်စွာ ရယူနိုင်မှာ ဖြစ်ပါတယ်။
သင့်ရဲ့ ကွန်ပြူတာနဲ့ စမတ်ဖုန်းကို တူညီတဲ့ WiFi Network တစ်ခုထဲမှာ ချိတ်ဆက်ထားဖို့ လိုပါတယ်။
သင့်ကွန်ပြူတာမှ Share လုပ်ချင်တဲ့ Hard Drive သို့မဟုတ် ဖိုဒါအပေါ်မှာ Right Click နှိပ်ပြီး အောက်ပါလမ်းကြောင်းအတိုင်းသွားပါ။

သင့်လက်ဖြင့်နှိပ်စရာမလိုဘဲ သီချင်းကျော်နိုင်မည့် Sensor Music Player 2.5331 Apk




Sensor Music Player 2.5331 Apk

သီချင်းများနားဆင်နေချိန်တွင် နောက်ထပ်သီချင်းတစ်ပုဒ်ကိုကျော် ချင်တဲ့အခါ မိမိလက်ဖြင့်နှိပ်ပေးရန်မလိုဘဲ သီချင်းကျော်ပေးနိုင်မည့် Apps တစ်ခုလည်းဖြစ်ပါတယ်။
လက်ဖြင့်ထိစရာမလိုဘဲ သီချင်းကျော်ရန် (၃) မျိုးကိုအသုံးပြုနိုင်မှာဖြစ်ပါတယ်။
(၁) မိမိဖုန်း၏မျက်နှက်ပြင်ကို လက်ဖြင့်ဝှေ့ လိုက်ယုံဖြင့်နောက်ထပ်သီချင်းတစ်ပုဒ်ကိုကျော်ပေးမှာဖြစ်ပြီး လက်က ဘယ်ဘက်ကိုဝှေ့ လျှင် ဘယ်ဘက်ကသီချင်းကိုကျော်ပေးပြီး ညာဘက်သို့ လက်ကဝှေ့ လိုက်မယ်ဆိုရင် ညာဘက်က သီချင်းကိုကျော်ပေးမှာဖြစ်ပါတယ်။
(၂) မိမိ၏ ဘောင်ဘီအိပ်ကပ်ထဲကိုထည့်ထားရင်လည်း နံပါတ်(၁) ကဲ့သို့ လက်ဝှေ့ ပြီးနောက်ထပ်သီချင်းတစ်ပုဒ်ကိုကျော်နိုင်မှာဖြစ်ပါတယ်။

Tuesday, September 1, 2015

ကျနော်တို့နဲ့ ဦးပေါ်ဦး




( ၁ ) " တံခါးလာခေါက်တာ ဘယ်သူလဲ "
" ငါ ပါဟ ပေါ်ဦးရ၊ ဦးဝိုင်းပါ။ တံခါးဖွင့်ပါအုံး "
" ဘယ်က ငါလဲ၊ ဦးဝိုင်းက ဥပုသ်ဆောင်မှာ "
" မနောက်ပါနဲ့ ပေါ်ဦးရာ၊ ငါ့ အသံကို မှတ်မိသားနဲ့၊ ငဝိုင်း အစစ်ပါ "
ငါဆိုတိုင်း ငဝိုင်းဆိုတိုင်း တံခါးဖွင့်ပေးရမယ်ဆိုရင် မြို့ရိုးတံခါး ပိတ်ဖို့ မ လိုတော့ဘူး "
ဘိုးတော် ဦးဝိုင်းကြီး တော်တော် ကြေကွဲသွားတယ်။
( ၂ )
" တံခါးလာခေါက်တာ ဘယ်သူလဲ "
" ကျနော်ပါ ဦး ပေါ်ဦး၊ ပြောစရာ ရှိလို့ပါ "
" ကျနော်ဆိုတိုင်း တံခါးဖွင့်ပေးရမယ်ဆိုရင် မြို့ရိုးတံခါး ပိတ်ဖို့ မလိုတော့ ဘူး၊ ပြောစရာရှိရင် ပြော "
" ကျေးဇူးပါ။ ကျနော် ရန်ကုန်ပြန်မလို့ ပါ "
" ရန်ကုန်ကိုသွားပြီး နင်က ဥပုသ် သွားစောင့်မလို့လား "
" ကျနော်က ဘိုးတော် ဦးဝိုင်းမှ မဟုတ်တာ၊ ဥပုသ်ကို စောင့်စရာ မလိုပါ ဘူး၊ ဥပုသ် က ကျနော့်ကို စောင့်နေတာပါ "
" သီလမရှိ၊ ဘာဝနာမရှိ၊ မိစ္ဆာဒိဋ္ဌိကောင်၊ ရန်ကုန်ကိုသွားပြီး နင်က ဘာလုပ် မှာလဲ "
" ဘိုးတော် ဦးဝိုင်းနဲ့ ရှယ်ယာလုပ်ပြီး ဘိုးဘိုးအောင်ဆီက " ဝ " လုံးတွေ အ ကုန် ကန်ထရိုက် စာချပ်နဲ့ ဝယ်ထားမလို့ပါ၊ ဒေါ်လာရှိရင် ချေးပါဦး "
" မရှိဘူး မချေးဘူး၊တံခါးဖွင့်ပေးမယ်၊ ဝင်ခဲ့၊ ငါပြောစရာ ရှိလို့ "
" ဥပုသ်ကျိုးမှာမို့ မဝင်တော့ဘူး၊ သွားပြီဗျာ။ ဘိုးတော် ဦးဝိုင်းက စောင့်နေလို့ "

”ဘယ်သူ ကဲ့ရဲ့ ကဲ့ရဲ့ ၊ ဘုရားမကဲ့ရဲ့အောင်နေ”




”ဘယ်သူ ကဲ့ရဲ့ ကဲ့ရဲ့ ၊ ဘုရားမကဲ့ရဲ့အောင်နေ”
(ဆရာတော်ဦးဗုဓ်)
ဆရာတော်ဦးဗုဓ်ဆိုတာ ကုန်းဘောင်ခေတ် ဘကြီးတော်မင်းတရားနဲ့ နန်းမတော်မယ်နုတို့လက်ထက်မှာ ပေါ်ထွန်းခဲ့တဲ့ဆရာတော်ပါ။ နန်းမတော်မယ်နု ဆောက်လုပ်လှူဒါန်းတဲ့ အုတ်ကျောင်းတော်ကြီးမှာ သီးတင်းသုံးခဲ့လို့ မယ်နုအုတ်ကျောင်းဆရာတော်လို့လည်း ခေါ်ကြပါတယ်။ ဆရာတော်ဦးဗုဓ် သီးတင်းသုံးခဲ့တဲ့ မယ်နုအုတ်ကျောင်းတော်ကြီး ဟာ အင်းဝမှာ ဒီနေ့အထိ တည်ရှိနေတုန်းပါ။
ဆရာတော်ဦးဗုဓ်ဆိုတာ မြန်မာနိုင်ငံ ပရိယတ္တိပညာရေးသမိုင်းမှာ စာတတ်ဆုံးပုဂ္ဂိုလ်အဖြစ် ပညာရှင်အသီးသီးက(လယ်တီ ဆရာတော်တို့ အပါအ၀င် ပေါ့) တညီတညွတ်တည်း အသိအမှတ်ပြုထားရတဲ့ ဆရာတော်ပါ။ ဒါကြောင့် ဗုဓ်အစ၊ ဗုဓ်အလယ်၊ ဗုဓ်အဆုံး ဆိုပြီး ဥဒါန်းစကား တွင်ရစ်ခဲ့တာပါ။

ဘိုးတော်ဘုရားနှင့် ဆင်ဖြူတော်





ဘိုးတော်ဘုရားနှင့် ဆင်ဖြူတော်
================
တနေ့ ယွန်းပြည်မှ(ယခုယိုးဒယား ထဲတွင်ရှိသော မယ်ဆိုင်တစ်ဝိုက်) စစ်ထဲ တွင် ရဲရဲတောက် တိုက်နိုင်သော ကိုယ်ခန္ဒာကြီးကြီး ဆင်မည်းတစ်ကောင်ကို
ဆင်ဖြူတော်ဆိုပြီး မင်းနေပြည်တော်ကို ပို့လိုက်ပါတယ်။
အဲတာ ဆင်ဝန်တွေ လည်း ဆင်ဖြူတော် အင်္ဂါပါမပါ စစ်ဆေးလေသော် တစ်ခုမှ မတွေ့သဖြင့် အခက်တွေ့နေကြ၏။ နောက်နံနက်ဆိုလျှင် ဘုရင်ထံ လျှောက်တင် ရတော့မည်။ ဆင်ဝန်တို့လည်း ဆောက်တည်ရာမရပဲ ဦးပေါ်ဦးထံ အပြေးအလွှား သွားပြီး အကူအညီ တောင်းရလေသည်။
ဦးပေါ်ဦး လည်း ” စိတ်မပူလေနှင့် နံနက် ဘုရင် မရောက်ခင် အမှီကျူပ်လာခဲ့မည်” လို့ ပြောထား ခဲ့သည်။ နောက် နံနက်ရောက်တော့ ဘုရင်က ထုံးစံအတိုင်း သူ့ဘုန်တန်ခိုးအရ ပေါ်သော ဆင်ဖြူကို လာရူစားတော့သည်။ ဦးပေါ်ဦးက ဘေးမှာ ခစားနေတော့ ဘုရင်က ရိပ်မိပါတယ်။

ခွေးမြီး ဥပမာ ပုံပြင် ဘိုးတော်ဦးဝိုင်း ♥ ဦးပေါ်ဦး♥




တစ်နေ့တွင် ဘိုးတော်ဦးဝိုင်းသည် ညီလာခံ၌  ဦးပေါ်ဦးကိုမိန့်တော်မူသည်။

“မင်းကြီး  မိုးဒါးစား   အမတ်ကြီးဟာ  ပညာဂုဏ်နဲ့  လွန်စွာမာန်စွယ်ပြတယ်လို့ 
ထင်တော်မူတယ် ” ဟုမိန့်ကြားရာ

အမတ်ကြီး  ဦးပေါ်ဦးက.....

         ““မှန်လှပါ၊  မိုးဒါးစားအမတ်ကြီးမှာ   ပညာတည်းဟူသော    အမြီးပေါက်ခြင်း သည်  ခွေးမှာပေါက်တဲ့  အမြီးနဲ့တူပါတယ်  ဘုရား၊

အခြားသူများမှာ  ပေါက်တဲ့  ပညာတည်းဟူသော  အမြီးမှာ   ဆင် ။ မြင်း ၊ခြင်္သေများမှာ   ပေါက်တဲ့အမြီးနဲ့တူပါတယ်၊

တူပုံတူနည်းကို  လျောက်ထားပါဦးမယ်ဘုရား     ဆင် ။ မြင်း ၊ခြင်္သေတို့မှာ   ပေါက်တဲ့အမြီးဟာ  မှက် ၊ ခြင်   ၊ယင်၊

တို့လဲ ခြောက်ရပါတယ်၊မိမိတို့ အင်္ဂါဇာတ်ကိုလဲ  ဖုံးလွမ်းရပါတယ်၊  ခွေးမှာပေါက်တဲ့ အမြီးကတော့   မှက် ၊ ခြင်   ၊ယင်၊

တို့လဲ ခြောက်လို့မရ  ။  မိမိအင်္ဂါဇာတ်ကိုလဲ   ဖုံးလွမ်းလို့ မရရှိပါတယ်””

ဦးပေါင်္ဦး၏ လက်ရွှေးစဉ် ဟာသ များထဲမှာ့တစ်ခု




စကားအရာမှာ ကြွယ်ဝလိမ်မာစွာ ပြောတတ်ဆိုတတ်တဲ့၊ ဖြတ်ထိုးဥာဏ်ကောင်းတဲ့ ပျော်တော်ဝန်အမတ်ကြီး ဦးပေါ်ဦးရဲ့ လိုရင်းရောက်အောင် ဒိုးဒိုးဒေါက်ဒေါက် ပြောဆိုပုံ၊ ပိုင်ပိုင်နိုင်နိုင် ခိုင်းနှိုင်းပုံများကိုဖတ်ရင်း  ပြတိုက်ကသူငယ်ချင်းများအားလုံး ဘ၀အမောတွေပြေပြီး ပျော်ရွှင်စေဖို့ပါ…..

 …အပျိုချောရဲ့ခြေသလုံး…


…ဖန်နန်းရှင် ဘကြီးတော်မင်းတရားကြီးအနေနဲ့ အင်းဝမြို့တော်ဟောင်းကို မွမ်းမံပြုပြင်တော်မူရာမှာ လမ်းတွေကို ချဲ့ထွင်တာလည်း ပါဝင်တာပေါ့။   လမ်းတွေကို ချဲ့ထွင်ပြုပြင်တဲ့အခါ စေတီတော်တစ်ဆူအနေနဲ့ လမ်းနဲ့မလွတ်ဘူး၊ စေတီတော်ကို ဖျက်ပြီးရွေ့မှ လမ်းဖြောင့်မယ်။ ကျယ်ဝန်းလာမယ်။


…သာသနာ့ဒါယကာ မင်းတစ်ပါးအနေနဲ့ ဘာသာရေးကို ထိခိုက်လို့ မဖြစ်ဘူး။ အရေးတယူ အလေးမူရလိမ့်မယ်။ ဒါကြောင့် ဆရာတော် သံဃာတော်များကို ပင့်ဖိတ်ဆွမ်းကပ်တယ်။ လမ်းနဲ့မလွတ်တဲ့ စေတီတော်အကြောင်း မေးမြန်း လျှောက်ထားတယ်။ ဘယ်ဆရာတော်ကမှ ဖျက်တာမဟုတ်ဘူး။ ရွှေ့တာပဲ၊ ရွှေ့ကောင်းတယ်လို့ မိန့်တော်မမူကြဘူး။ မရွှေ့ကောင်းရယ်လို့သာ မိန့်တော်မူကြတယ်။

အရိုက်ခံချင်တဲ့ ဦးပေါ်ဦး




မင်္ဂလာပါ ။
မန်းဂေဇက်ရွာသားများ ကျန်းမာတော်မူကြရဲ့နော်။
ရုံးပိတ်ရက်မှာ ဆရာအောင်သင်းရေးတဲ့ မျိုးဆက်သစ် တိုးတက်ရစ်ဖို့ ဆိုတဲ့ ဖတ်ရင်း အဲဒီစာအုပ်ထဲက အကြောင်းအရာတစ်ခုကို  ဖေါက်သည်ချ ချင် စိတ်ဖြစ်မိတယ်။ ဒီနေရာမှာ ဆရာအောင်သင်း စာအုပ်ထဲကနေ ကူးရေးပေး တဲ့ အတွက်တော့ စိတ်ရှိတောမ မူကြပါနဲ့...။
မဖတ်ရသေးတဲ့ သူများရှိရင် ဖတ်စေချင်တာကြောင့် လက်ညောင်းခံပြီး ဆရာ့အလစ်မှာ ရေးပေးလိုက်ရတာပါပဲ။ ဖတ်ပြီးသား သူများအတွက်တော့ သည်းခံတော်မူကြပါလို့....။
မြန်မာရာဇ၀င်မှာ ဘိုးတော်ဦးဝိုင်းလို့ သိကြတဲ့ ဘိုးတော်ဘုရားရဲ့  အမတ်ကြီး ဦးပေါ်ဦး ဟာ ငယ်ပေါင်းရောင်းရင်းလို ဖြစ်နေလေတော့ ဘုရင်ကို မကြောက် မလန့် ပြန်ပြောလား၊ ပြောရဲ့ ။ ကတ်ဖိုး ကတ်ဖဲ့နဲ့ စကားနိုင်လုလား ၊ လု ရဲ့။ ဖြတ်ထိုးဥာဏ်ကလည်း အင်မတန်မြန်တယ် ။ ဆင်ခြေပေးတဲ့ နေရာမှာလည်း တစ်ဖက်သား စကားမပေါက်အောင်ကို တော် ။ ဟာသ မြောက်တဲ့ စကားများလည်း  ကြွယ်ဝ တဲ့ သူ ဆိုတာ ဖတ်ဖူးသူတိုင်းသိတော်မူကြပါတယ်။
မင်းကွန်း ပုထိုးတော်ကြီးရှေ့က ခြင်္သေ့ကြီးနှစ်ကောင်ကို ကဲ့ရဲ့တာ။ ဧရာဝတီမြစ်ကို ဖြတ်ကူးခိုင်း တော့ မြစ်ကမ်းနားတစ်လျှောက် ဟိုပြေး ဒီပြေးနဲ့ ဘုရင်ကို ပြန်ချေပတာ ။ စကား ကတ်လွန်းလို့ ဘိုးတော်ဦးဝိုင်းက ဦးပေါ်ဦး အိမ်ဝန်းထဲ လူလွှတ်ပြီး ကျင်ကြီးစွန့်ခိုင်းတာကို မင်းတို့ ဘုရင်ခိုင်းလို့ ကျင်ကြီးစွန့် ချင် စွန့် ဒါပမေယ့် ကျင်ငယ်တော့ မပါစေနဲ့ လို့ ပြန်ပြောတာတွေ ဖတ်ဖူးခဲ့ပါတယ်။ ဖတ်ရင်းလည်း ပြုံးမိတယ်။ ချောင်ပိတ်ပြောတဲ့ စကားတွေကို တောင် ရုတ်ချည်း ချက်ချင်း ပြန်ဖြေနိုင်စွမ်းရှိတာ၊ ပြန် ဖြည် နိုင်စွမ်းရှိတာကို သဘောကျမိတာပါပဲ။

ခရမ်းသီးဝန် မဟုတ်သော ဦးပေါ်ဦး




"ပေါ်ဦး"
"ခစားလျှက်ရှိကြောင်းပါ ဘုရား"

"ဤရာသီတွင်……….ခရမ်းသီးကို ကြော်စားရသော်………မကောင်းပေဘူးလားကွယ်………"
ဘိုးတော်မင်းတရားကြီးက မေးသည်။ နိမိတ်ပြမေးခွန်းဖြစ်သည်။မင်းကြီးကိုယ်တိုင်က စားချင်သောဆန္ဒ ကရှိနေသည်။ ထို့ကြောင့်စကားဦးသမ်း၍မေးနေခြင်းဖြစ်သည်။
"သင့်မြတ်လှကြောင်းပါဘုရား"
စင်စစ်………ယင်းရာသီတွင်ခရမ်းသီးသည်ရာသီစာမဟုတ်။မသင့်လှ။သို့သော်ဦးပေါ်ဦးက အလိုက်သင့် ဖြေသည်။
နောက်တစ်နေ့ ညီလာခံတွင်ဖြစ်သည်။ ဘိုးတော်မင်းတရားကြီးသည် ချောင်းတဟွတ်ဟွတ် ဆိုးနေသည်။
"ဟဲ့………. ပေါ်ဦး"
"အမိန့်တော်သံ နာခံလျှက်ရှိကြောင်းပါ ဘုရား"

ဝက်ကလေးဟာ ကျောင်းမနေရသေး(ဦးပေါ်ဦး)




ဝက်သားအမိသားအဖ… “ …ပေါ်ဦးရယ်၊ ငါတို့ အိမ်နိမ့်စံ ဘ၀တုန်းကလို ပုံပြင်ကလေး ဘာလေးပြောပြီး ပျော်တော်ဆက် စမ်းပါဦးဟယ် ” …တစ်နေ့သ၌ မိဘုရားခေါင်ကြီးရဲ့ အဆောင်တော်မှ မင်းတရားကြီးစံမြန်းနေတုန်း ဦးပေါ်ဦးကို အခေါ်လွှတ်ပြီး ရောက်လာချိန်မှာ မိဖုရားခေါင်ကြီးက အမိန့်တော်ရှိတာ ဖြစ်ပေတယ်။ …(ရှင်ဘုရင်ရဲ့ သားတော်၊ သမီးတော်တွေအနေနဲ့ မင်းမဖြစ်မီ မိဘုရားမဖြစ်မီကာလကို အိမ်နိမ့်စံလို့ ခေါ်တယ်)။ …အမတ်ကြီးဦးပေါ်ဦးက ရိုသေစွာ လက်ယှက်ပြီး… “ မယ်ဖုရားခေါ်တော်မူလို့ ကျွန်တော်မျိုး အခစားဝင်ဖို့ အလာလမ်းမှာ ၀က်ကလေးနှစ်ကောင်နဲ့ ၀က်လင်မယား နှစ်ကောင် အူလျားဖားလျား ပြေးလာကြတာ တွေ့လိုက်ရပါတယ်ဖုရား…” လို့ စိတ်ဝင်စားဖွယ် အစချီလိုက်တယ်။ “ ကျွန်တော်မျိုး လှမ်းကြည့်လိုက်တော့ လူတစ်ယောက် ဓါးကြီးကိုင်မြှောက်ပြီး ၀က်တွေနောက်က ပြေးလိုက်လာတာ တွေ့ရတယ် ဘုရာ့၊ ဒါနဲ့ မီလုမီခင်မှာ နောက်ဆုံးက ၀က်ကလေးကို ဓားနဲ့ပိုင်းဖို့ အားယူနေတုန်းမှာ ကျွန်တော်မျိုးက … “ ဟဲ့…..ဟဲ့…..

ယမမင်း ထံ အစစ်ခံရခြင်း





၁။ အိုကွဲ့ ယောက်ျား၊ မောင်လူသား၊ ဘယ်တရားများ ကျင့်ခဲ့တယ်။
ကျွန်တော်မျိုးမှာ၊ လျှောက်စရာ၊ ဘယ်ဟာကိုမျှ မရှိတယ်။

၂။ ကုသိုလ်ကောင်းမှု၊ တစ်ခုခု၊ မပြုခဲ့လားကွယ်။
ယမရာဇာ၊ မေးသောခါ၊ ခမျာ မှိုင်၍နေရှာတယ်။

၃။ အမောင်ယောက်ျား၊ သတိထား၊ စဉ်းစားပါဦးကွယ်။
ဗုဒ္ဓမြတ်စွာ၊ သာသနာ၊ မထွန်းပါလားကွယ်။
ကျွန်တော်တို့ရွာ၊ သာသနာ၊ ထွန်းလှပါတော့တယ်။

၎။ ပဗ္ဗဇ္ဇိ၊ ဒုလ္လဘ၊ မရခဲ့လားကွယ်။
သာသနာစက်၊ ရဟန်းဘက်၊ စိတ်မျှ မကွက်တယ်။

၅။ ရဟန်းဖြစ်မှာ၊ မင်းဆရာ၊ မဟောပါလားကွယ်။
ကျွန်တော့်ဆရာ၊ ဟောပြရှာ၊ နားမှာမဝင်တယ်။
ကျွန်တော့်စိတ်မှာ၊ သည်အခါ၊ ရွာသာ ရောက်တော့တယ်။

ဝတ်လဲတော် မသည့်အချိန်ကို သိချင်သော ဦးပေါ်ဦး






"ပေါ်ဦး"

"ခစားလျက်ရှိကြောင်းပါ ဘုရား "

"ပါဠိ- မေဃ ကနေ မိုးဖြစ်ပုံကို ရှင်းလင်းလျှောက်ထားစမ်းပါဦး ပေါ်ဦးရဲ့ . . . "

"မှန်လှပါ. . . ဘ၀ရှင်မင်းတရားကြီး ဘုရား . . . သဒ္ဒါဆိုသည်မှာ . . . လူတို့ နေ့စဉ်ပြောဆိုသော အသံပင်ဖြစ်ကြောင်းပါ ဘုရား. . . မေဃမှ မိုးဖြစ်လာပုံမှာလည်း မာဃမှ ဆင်းသက်လာခြင်း ဖြစ်ကြောင်းပါ ဘုရား . . . "

"မေဃဆိုသည်မှာ ပထ၀ီ၊ တေဇော၊ အာပေါ၊ ၀ါယော ဓာတ်ကြီးလေးပါး အဖွဲ့အစည်းသာ ဖြစ်ပါတယ် . . . . အခိုးအငွေ့များ စုပေါင်းပြီး အမြင့်သို့တက်ရာ ၊ အအေးဓာတ်နှင့် တွေ့ထိပြီး ရေစက် ရေပေါက်များ ဖြစ်ကာ ကျရောက် ခြင်းကို မိုးရွာခြင်း - ဟုခေါ်သည့် အတွက် မာဃမှ မေဃ၊ မေဃမှ မိုး ဖြစ်လာခြင်းပါ ဘုရား . . . "

အိပ်မက်မင်္ဂလာနှင့် စလေငခွေး…





“ပေါ်ဦးရဲ့…အယူတော်မင်္ဂလာ တင်လျှောက်ချက်တွေ မှန်ကန်ပုံကဖြင့် များစွာ ချီးမွမ်း အံ့သြဖို့ ကောင်းပါကလား မောင်မင်း”
…ညီလာခံမှာ တင်စရာရှိတာတွေတင်၊ မင်းတရားကြီးကလည်း မေးစရာရှိတာမေး မိန့်စရာရှိတာ မိန့်ကြားတယ်။ အရေးကြီးတာတွေ အပြီးမှာ ဘိုးတော်မင်းတရားကြီးအနေနဲ့ တစ်စုံတစ်ရာကို သတိရဟန်နဲ့ ဖြတ်ပြီး မိန့်တော်မူလိုက်တာပဲ ဖြစ်တယ်။
…ကိုယ်တော်ရှင်မြတ် မြင်မက်တော်မူတဲ့ အိပ်မက်ကို နိမိတ်ကောက်ပြီး သမီးကညာ လေးယောက်ဆက်သပါလိမ့်မယ် ဆိုတဲ့ နိမိတ်ဖတ်ချက်အတိုင်း ဝေသာလီပြည်က သမီးကညာ လေးယောက်ပြည့်အောင် ဆက်သလာတယ်။
“ချီးမွမ်းဖွယ်ရာ ဖြစ်ကြောင်းပါဘုရား”
“တစ်ခါ ဆင်ဖြူတော် နှစ်စီး ရောက်လာမယ်ဆိုတဲ့ နိမိတ်ဖတ်စကားလည်း မှန်တာပဲဟဲ့”
“အံ့သြဖွယ် ကောင်းကြောင်းပါဘုရား”
“နောက်ထပ်တစ်ဖန် နိမိတ်ဖတ်တာက ဓာတ်တော် မွေတော်များကို ပူဇော်ကိုးကွယ် ရလိမ့်မယ်တဲ့၊ ဟော…..တိုက်တိုက်ဆိုင်ဆိုင် သီဟိုဠ်ကျွန်းက သရီရဓာတ်တော်များ ကြွရောက်လာလို့ ပူဇော်ရတယ်ဟဲ့”
“ဘုန်းတော်ကြောင့် ၀မ်းမြောက်ဖွယ် ဖြစ်ကြောင်းပါဘုရား”
“အဲသလို တစ်သွေမတိမ်း မှန်ကန်အောင် နိမိတ်ကောက်ဖတ် လျှောက်နိုင်တဲ့အတွက် အယူတော်မင်္ဂလာကို လွန်စွာ အံ့သြဖို့ ကောင်းပေတယ်ဟဲ့ ပေါ်ဦးရဲ့…”
“မှန်လှပါ၊ အရှင်မင်းမြတ် မြင်မက်တော်မူသော အိပ်မက်ကို အယူတော်မင်္ဂလာနိမိတ်ကောက် လျှောက်ထားတဲ့အတွက် သနားတော်မူတဲ့ဆုဟာ နည်းတယ်ထင်ကြောင်းပါဘုရား”
“အေး…အဲဒီလိုချည်းပဲ၊ နင့်ကို စလိုက်ရင် အတွန့်ကလေးနဲ့”
…အယူတော်မင်္ဂလာ ဦးနိုးရဲ့ နိမိတ်ကောက် လျှောက်ထားမှုနဲ့ စပ်လျဉ်းတဲ့ကိစ္စတွေ ကြီးကျယ်လွန်းလို့သာ ဘုရင်ပေးတဲ့ဆုကို နည်းတယ်လို့ ပြောဝံ့တာဖြစ်တယ်။

LinkWithin

Related Posts Plugin for WordPress, Blogger...
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ

မိမိလိုချင်တဲ့ဘာသာစကားရှာဖွေရန်