Sunday, May 24, 2015

လက်ရာမြောက်သော သဲရုပ်ထုများ



လှတယ်နော် ပြီးတော့ သေသပ်လှပတယ်  ရွံတစ်မျိုးနဲ့ ထုလုပ်ထားတဲ့ သဲရုပ်ထုပေါ့
ပြောရမယ်ဆိုရင် အင်မတန် ခက်ခဲ တဲ့ အလုပ်တစ်ခုပေါ့ဗျာ

ဟင်းချက်နည်းအစုံအလင်

ဟင်းချက်နည်းအစုံအလင် သူတကာတွေတင် သူများတွေဟင်းချက်ကောင်းရင်ကိုယ်မချက်တတ်ပေမဲ့ သွားရေတွေကျပြီး လိုက်ချက်တတ်ပါတယ်။ အခုတော့ ကျွန်တော် မချက်ဖြစ်တာကြာပေါ့နော်။ဒါပေမဲ့ သူငယ်ချင်းတို့ကိုယ်တိုင်ချက်စားဖြစ်နေတယ်ဆိုရင် ကျွန်တော်ကူးယူဖော်ပြနေတဲ့ဟင်းချက်နည်းလေးတွေက အထောက်အကူဖြစ်မယ်ထင်ပါတယ်။ အသားကို ချဉ်စော်ခါးသီးနဲ့ချက်တာကတရုတ်လူမျိုးတွေချက်တာမြင်ဖူးပါတယ်။ အအီများတဲ့အသားတောင် စားလို့ကောင်းသွားသလို ချဉ်စော်ခါးသီးလည်းအရသာအတစ်မျိုးနဲ့စားကောင်းသွားပါရဲ့။ဝက်ဂုတ်သားကင်ကတော့ ထိုင်းစားသောက်ဆိုင်သွားရင် ကျွန်တော်စားနေကျအရာပါ စားလို့အတော်ကောင်းပါတယ်။သီးရွက်စုံဟင်းရည်ကတော့ တခြားဟင်းအမယ်တွေမချက်လိုဘဲ ထမင်းဖြူလေးနဲ့တွဲဖက်စားတာနဲ့တင်အဆင်ပြေပါတယ်နော်။ ကြက်ခြေထောက်အရေခွံသုပ်တာကျတော့ဘီယာလေးနဲ့မြည်းတကယ်ကောင်းပေါ့။ ၀က်ခြေထောက်စွပ်ပြုပ်တို့ ၀က်သားချဉ်တို့ကတော့ စားပြီးရင်းထပ်စားချင်ဆိုတော့ကာအဆီချနေသူများအတွက် ရှောင်ရမယ့်ဟင်းတွေပေါ့။ ကဲပါ ထမင်းမြိန်နိုင်ကြပါစေနော်..။ ကြက်သားချဉ်စော်ခါးသီးချက် *******************

Tuesday, May 19, 2015

2015 apk အလန်းများစုစည်းမှု



(1)Ram မြင့်တဲ့ apk
https://db.tt/FaiSGErg
...
(2)အနီးအနားအကောင့်တွေကိုပြသပေးမဲ့ apk
https://db.tt/HsgsfpgM
(3)ကလုန်းရိုက် apk
http://pc.cd/HTu7
(4)SMS Auto Flower မက်ဆေ့တွေကိုတခြားဖုန်းထဲပြန်ပြောင်းပေးနိုင်တဲ့Apk
http://pc.cd/bNu7
(5)Facebook Computer apk (Facebook ကိုကွန်ပြူတာလိုသုံးနိုင်မဲ့apkလေး)
http://pc.cd/QT47
(6)ဖုန်းဘောင်အလှဆင်
http://pc.cd/pzj7
(7)ဖုန်းပြောနေရင်းနဲ့ Online သုံးနိုင်မဲ့ apk
http://pc.cd/8NS7

Monday, May 18, 2015

ကွန်ပျူတာသမားတိုင်းအတွက် အသုံးဝင်တဲ့ Deep Freeze software လေး

 

အားလုံးပဲ မင်္ဂလာပါခင်ဗျာ...
ဒီတစ်ခါ ကျနော် တင်ပေးချင်တာလေးကတော့  ကွန်ပျူတာသမားတွေအတွက် အသုံးဝင်စေမယ့် နည်းလမ်းလေးတစ်ခုကို တင်ပေးလိုက်ပါတယ်
ကွန်ပျူတာသမားအားလုံးအတွက်တော့မဟုတ်ပါဘူး သင်တန်းဖွင့်ထားတဲ့သူတွေ ပြီးတော့ သူ့ရဲ့ အသုံးဝင်ပုံတွေကို ကြည့်ပြီး
ကိုယ့်အတွက် အသုံးဝင်မယ်ဆိုရင်တော့ ကျနော် ကျေနပ်ပါတယ်...Deep Freeze ကို အသုံးပြုပြီး ကွန်ပျူတာက data တွေကို မပျောက်ပျက်အောင်
ထိန်းသိမ်းတဲ့နည်းပါ...

Deep Freeze က စိတ်ဝင်စားဖို့ကောင်းပါတယ်။ သူအလုပ်လုပ်ပုံက ၀င်းဒိုးစ်ရဲ့ System Restore နဲ့ဆင်တူပါတယ်။ ပိုပြီး ပါဝါမြင့်ပါတယ်။
Deep Freeze က System File တွေကိုသာမက Data File တွေကိုပါ Restore လုပ်ပါတယ်။
Deep Freeze က ၀င်းဒိုးစ် ရီစတတ်လုပ်ပြီးတိုင်းမှာ ဖိုင်တွေအားလုံးကို မူလအခြေအနေပြန်ရောက်သွားစေပါတယ်။ ဆိုလိုတာက
စက်တလုံးမှာရှိနေတဲ့ ဆော့ဝဲအချို့ကိုဖျက်ပစ်မယ် ... ဖိုင်အချို့ကိုဖျက်ပစ်မယ် ... အဲဒီဖိုင်တွေ ဆော့ဝဲတွေဟာ ၀င်းဒိုးစ်ပြန်ဖွင့်တဲ့အခါ
ပြန်ရှိနေမှာဖြစ်ပါတယ်။
ဖိုင်အဟောင်းဖျက်ပစ်တာတွေ ပြန်ပေါ်လာသလို ဖိုင်အသစ် ထပ်ပြီးသိမ်းထားတာမျိုးကိုလည်း ခွင့်မပြုပါဘူး။ အသစ်ထပ် ထည့်ထားတဲ့
ဖိုင်တွေအားလုံး ရီစတတ်လုပ်အပြီးမှာ ပျောက်သွားပါလိမ့်မယ်။ အသစ်ဝင်ရောက်လာတဲ့ ဗိုင်းရပ်စ်တို့အပါ အ၀င်ပေါ့လေ။

Printer Sharing မှာ Firewall ကြောင့် Share မရခြင်း

 



ကျွန်တော်တို့ Printer Sharing မှာ ပုံမှန်အားဖြင့် သတိမထားမိ
တဲ့အချက်လေးတစ်ခုပြောချင်ပါတယ်။ ကျွန်တော်လည်း အရင်က
ရေးထားတဲ့ အကြောင်းအရာလေးတစ်ခုရှိပါတယ်။ Window တင်
ပြီးသွားရင် လုပ်ဆောင်ရမယ့်အချက် ဆိုပြီး Part I နဲ့ Part II ဆို
ပြီးရေးထားပေးပါတယ်။ အဲ့ထဲမှာ Window Firewall ကိုပိတ်ရမယ်
ဆိုပြီး ရေးသားထားခဲ့ဖူးပါတယ်။ ပိတ်ထားတယ်ဆိုတာ Disable
လုပ်တာမဟုတ်ပဲ Manual လုပ်ထားခဲ့ခြင်းကို ဆိုလိုတာပါ။ ဒီအခါ
မှာ ပြဿနာတက်တာကတော့ Printer ရှဲလ်တဲ့အခါမှာပဲ စတွေ့
တာပါ။ Firewall ကို Disable လုပ်ထားမယ်ဆိုရင် ရှဲလ်တဲ့အခါမှာ
ပြမယ့် Error ကအောက်ပါပုံအတိုင်းဖြစ်ပါတယ်။

ဇမ္ဗုပတိချွတ်ခန်း မင်းဝတ်ဆင်းတုတော်များ

 

ဇမ္ဗုပတိချွတ်ခန်း မင်းဝတ်ဆင်းတုတော်များ
ရန်ဝင်း (တောင်တံခါး)
ဇူလိုင် ၂၃၊ ၂၀၁၀

မင်းဝတ်တန်ဆာ ဝတ်ဆင်ထားပြီး ဇမ္ဗုပတိချွတ်ခန်းဗုဒ္ဓဆင်းတုတော်လို့ခေါ်ကြတဲ့ ဆင်းတုတော်အမျိုးမျိုးကို မြန်မာပြည်အတွင်း နေရာအနှံ့အပြားမှာတွေ့ရပါတယ်။

ဇမ္ဗုပတိမင်းချွတ်ခန်း ဇာတ်ထုပ်ဝတ္ထုက သင်္ဂါယနာတင်ထားပြီးတဲ့ ပိဋကတ်သုံးပုံ၊ အဌကထာ၊ ဗုဒ္ဓဝင်၊ ထူပဝင်၊ အဌကထာ ပါဠိတော်ကျမ်းအစောင်စောင်တွေမှာ မပါရှိပါ။ ဇင်းမယ်ဆရာများရဲ့ နောက်တိုးဖြည့်စွက်တဲ့ ဇာတ်ထုပ်ဝတ္ထု ဖြစ်ပါတယ်။ ဂေါတမဗုဒ္ဓ နဲ့ ခေတ်ပြိုင် ဇမ္ဗုပတိမင်း ဆိုတာ မရှိခဲ့ပေမယ့် တန်ခိုးချင်းယှဉ်ပြိုင်ပြီး ဇမ္ဗုပတိမင်းကို ချွတ်ခဲ့ရတဲ့ ဗုဒ္ဓရဲ့ဂုဏ်တော်ကို ချီးကျူးပူဇော်တဲ့အနေနဲ့အဲဒီ ဇာတ်ထုပ်ဝတ္ထုကို မှတ်တမ်းတင် ထားခဲ့ပါတယ်။ ဒါကြောင့်လည်း ထိုးဇာတ်ပေမယ့် လူသိများတယ်။

Sunday, May 10, 2015

Windows 7 ကို Install လုပ်နည်း နှင့် FireFox မှာ မြန်မာစာပေါ်အောင်လုပ်နည်း




   

ကျနော့မိတ်ဆွေတစ်ယောက်ကို ကျနော် Windows 7 အစစ်နဲ့ PC တစ်လုံးကိုလွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်က ရောင်းဖူးတယ်၊ အထက်က ပုံ ဟာ ကျနော်ရောင်းလိုက်တဲ့ PC ပါ။ ကျနော်က စားစရာမရှိရင် ကွန်ပျူ တာတွေ ပြန်ရောင်းပြီး ငွေလေး နဲနဲ ပြည်လည်ရင် ပြန်ဝယ်ထားတယ်။ ဒီ PC ကိုကျနော် မလေးငွေ RM 400 ထဲနဲ့ ရောင်းလိုက်တာပါ Windows 7 အစစ်တင်လိုက်တာ မလေးငွေ RM250 ကျတယ် ဒီတော့ စက်တန်ကြေးက မလေးငွေ RM 150 လောက်သာကျတော့တာပေါ့ မရှိဝမ်းစာ ရောင်းရတာပါဘဲ။ သူ့ ကိုရောင်းပြီး ကျနော်သူ့ ဆီမရောက်တာ တစ်နှစ်နီးပါးကြာသွားတယ်။ ကြားထဲမှာလဲ အဆက်အသွယ်မရှိတော့ သူ Hard Disk ကို 500GB အသစ်လဲလိုက်တာ ကျနော်မသိလိုက်ရဘူး မူရင်းပါသွားတာက 80GB ဆိုတော့ သူ့ အတွက်သုံးရတာ အဆင်မပြေလို့ လဲတာလို့ ပြောပါတယ်။

windows 7 လက်တော့ မှာ wifi ဖွင့် ပြီးပြန်ရှယ်မယ်







windows 7 လက်တော့ မှာ wifi ဖွင့် ပြီးပြန်ရှယ်မယ်။တောင်းဆိုထားတဲ့ သူငယ်ချင်းတွေအားလုံးအတွက်ပါ။windows 8 မှာ တင်ပြပေးပြိးနောက်ပိုင်း windows 7 မှာရောလုပ်နည်းလေးတင်ပေးပါလို့ တောင်းဆိုလာလို့ အဆင်ပြေအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။

(အဆင့် -၁) Start—ကနေ > control panel ကိုသွားပါ။
(အဆင့် -၂) control panel မှာ category ကနေ net work and  sharing Center  ကိုသွားပါ။
(အဆင့် -၃) Change adapter setting ကိုသွားပါ
(အဆင့် -၄) local area setting ကို right click လုပ်ပြီး properties ကိုဝင်ပါ။
(အဆင့် -၅) sharing ကို ကလစ်ပြီး Allow other network users to connect through this computer’s Internet connection  ကိုအမှန်ချစ်ပေးပါ။

Saturday, May 9, 2015

True Smart 3.5 Unlock Firmware တင်နည်း




 

သင်္ကြန်အတွင်းအလှူဖြစ်အောင်လို့ မအားတဲ့ကြားကရအောင်တင်ပေးလိုက်ပါတယ်
ရှည်ရှည်ဝေးဝေးပြောမနေတော့ပါဘူး 
True Smart 3.5 Firmware နဲ့ လိုအပ်တဲ့ဟာတွေကိုအောက်မှာ
ဒေါင်းလိုက်ပါ Password တောင်းရင် www.minminchit.org လို့ရိုက်ထည့်ပေးပါ  
File Size ကတော့ 200 MB ရှိပါတယ်
Driveထည့်နည်းကတော့ဒီမှာဝင်ကြည့်လိုက်ပါ                                                                              Firmware တင်နည်းကတော့အောက်က Video ကိုကြည့်ပြီးလုပ်လိုက်ပါ       https://www.youtube.com/watch?v=o6sd9989cnQ
        မြန်မာစွယ်စုံမိသားစု ဘလော့စာမျက်နှာ မှ အကြောင်းရာများသည် အွန်လိုင်းပေါ် မှ ရှာဖွေစုစည်းဖေါ်ပြခြင်းဖြစ်ပါသည် ကျွန်တော်လိုသမျှစုဝေးထားရာတွင် သင်လိုတာများ ရှိနေနိုင်ပါစေ

Sunday, May 3, 2015

Samsung Version 4.3 ဖုန်းတွေအတွက် စမ်ဆောင်းရဲ့ကိုယ်ပိုင်မြန်မာကီးဘုတ်လေးကို ထည့်သွင်းနိုင်ပါပြီ






Samsung ရဲ့ Version 4.3 ဖုန်းတွေအတွက်
( စမ်ဆောင်းရဲ့ကိုယ်ပိုင်မြန်မာကီးဘုတ်လေးကို ထည့်သွင်းနိုင်ပါပြီ )

lock Screen မှာ မြန်မာလို ရက်စွဲ၊နာရီ ဖော်ပြပေးမယ့် SYT LOCK(GO Locker)




ပုံမှမြင်တဲ့အတိုင်းပဲ...Lock Screen မှာ နာရီ၊ရက်စွဲ၊နေ့ည တို့ကို မြန်မာလိုဖော်ပြပေးပါတယ် နောက်ခံမော်ဒယ်လေးတွေကလည်းလန်းပါဘိ.ခိ...အမှန်တော့ Go Locker ပါ...ကျွန်တော် customize လုပ်ထားတာပါ မပြည့်မစုံပါဘူး..
၁။ ပထမဆုံးဒေါင်းလုပ်ဆွဲလို့ရတဲ့ SYT Locker ကို အင်စတောလုပ်ပါ..ဖွင့်လိုက်ပါ next ကိုနှိပ်ပေါ
၂။ဒါဆိုရင် Go lock လေးထွက်လာပါမယ် Go locker ကို အင်စတောလုပ်ပါ..ပြီးရင် Run ပါ ပထမဆုံး ပေါ်လာတဲ့ Theme ကိုဒေါင်းလုပ်ဆွဲခိုင်းတာကို အပေါ်က ကြက်ခြေခတ်နှိပ်ပြီး ပိတ်ပါ ဒါဆို ပါပြီးသား Theme သုံးခုတွေ့ပါမယ် အဲဒီမှာ SYT (ဆေးရိုးသည်) Theme ကိုရွေးပေါ... Apply ပါ...နောက်ခံတို့ နာရီတို့ကို ပြင်ချင်ရင် အပေါ်ဆုံးညာဘက် setting icon ကိုနှိပ်ပြီးပြင်နိုင်ပါကြောင်း။

မိမိဖုန်းမှာတပ်ဆင်ထားတဲ့Hardwareပိုင်းကို အသေးစိပ်စစ်ဆေးပေးမယ့် Sayyoethe Tester.apk (ဖုန်းအသစ်ဝယ်ရင်ထည့်စမ်းသပ်သည့်APK)




မိမိ ဖုန်းမှာတပ်ဆင်ထားတဲ့ LCD,Battery, စတဲ့ hardware ပိုင်းတွေကို အလုပ်လုပ်မလုပ် ကောင်းမကောင်းအသေးစိပ်စမ်းသပ် ပေးမယ့်ကောင်လေးပါ...မြန်မာလိုဖြစ်ပါတယ်
SayYoeThe Tester လို့အမည်ပေးထားပါတယ်။ Multi task ကိုလည်းစမ်းသပ်နိုင်ပါတယ် မိမိဖုန်းမှာတပ်ဆင်ထားတဲ့ပစ္စည်းတွေရဲ့ မော်ဒယ်တွေ၊RAM RoM တွေကိုလည်းကြည့်ရှုနိုင်မှာဖြစ်ပါတယ်
ဖုန်းအသစ်ဝယ်တဲ့အခါ ဒါလေးထည့်သွင်းပြီးစမ်းသပ် ရင် လုံးဝ အဆင်ပြေပါလိမ့်မယ်...ဆောင်ထားသင့်တဲ့ ဆော့ဝဲလ်လေးပါအောက်မှာ တင်ပေးထားတဲ့လင့်ကနေဒေါင်းလုပ်ယူနိုင်ပါပြီ

မိမိမျက်နှာကို သီချင်းဗီဒီယိုထဲထည့်ပြီး မင်းသမီးများဖြင့် လန်းနိုင်သည့် Facejjang





သင့် သူငယ်ချင်း Facebook Timeline ကို Crashing လုပ်ပြီး စနောက်မယ်




      ဒီနည်းလေးကတော့ Facebook မှာ Timeline ဖွင့်ထားသူတွေကို စနောက်ဖို့ နည်းလမ်းလေးပါ။ ဒီနည်းက Facebook Timeline ဖွင့်ထားသူတွေကို လုပ်လိုက်ရင် ဖေ့ဘွတ် တခြမ်းကို အပြာရောင် ဖြင့် ဖုံးလွှမ်း ပေးထားမှာဖြစ်ပါတယ်။ အဲဒီပို့စ်ကို မိမိ ပြန်ဖျက်ပေးရင်ပေး (သို့) အကောင့်ပိုင်ရှင် ကိုယ်တိုင်က ဖျက်နိုင်ရင်လည်း အဲဒါက ပျက်မှာဖြစ်ပါတယ်။ အပျော်သက်သက် စနောက်ချင်သူတွေ အတွက်ပါ။ တယောက်နဲ့တယောက် တိုက်ခိုက် ဖို့အတွက် မရည်ရွယ်စေချင်ပါဘူး။ Timeline မှာ Post တင်ခွင့် ပိတ်ထားတဲ့သူတွေကို ပြုလုပ်လို့ ရမှာမဟုတ်ပါဘူး။

true move sim ကုမဏ္ဍီကထုတ်တဲ့  G live ဖုန်းတွေကို အလွယ်တစ်ကူ root ကြမယ်




  


ထိုင်းနိုင်ငံ  true move sim ကုမဏ္ဍီကထုတ်တဲ့  G live ဖုန်းတွေကို အလွယ်တစ်ကူ root လုပ်ကြမယ်........ထိုင်းနိုင်ငံရောက် မြန်မာပြည်သားတွေ ဒီဖုန်းလေးကို ဝယ်ယူသုံးစွဲ နေတဲ့ သူများရှိရင် တစ်ထိုင်တည်း မြန်မာစာမှန်အောင် root လုပ်နည်းလေးကိုတင်ပြချင်ပါတယ်.....ဖုန်းအမျိုးအစားလေး ကမဆိုးဘူးနော်.....ဘတ် ၂၀၀၀ လောက်နဲ့  1 Buy 1 Free ရပြီး အဆင်ပြေပါတယ်...ဒါပေမယ့်  true sim တစ်ခုတည်းကို အသုံးပြုလို့  ရနိုင်တာလေးတစ်ခုပဲ ပြောစရာရှိပါတယ်။ root လုပ်ပြီး မြန်မာစာမမှန် လို့  font changer တွေ ပြောင်းသုံးတာများ လို့  ဒုက္ခ မရောက်ရလေအောင်ဒီပိုစ့် လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်..အောက်မှာ ကျွန်တော် အသေးစိတ်လုပ်ပြပေးထားပါတယ်ခင်ဗျာ.....

LinkWithin

Related Posts Plugin for WordPress, Blogger...
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ

မိမိလိုချင်တဲ့ဘာသာစကားရှာဖွေရန်