Showing posts with label အသုပ္မ် ိဳ းစံု. Show all posts
Showing posts with label အသုပ္မ် ိဳ းစံု. Show all posts

Thursday, November 19, 2015

ပုဇွန်ချဉ်သုပ်

Myanmar Foods & Other's photo.

ပုဇွန်ချဉ်သုပ်
-ပုဇွန်ချဉ်ကိုကြော်စား၊သုပ်စားကြပါတယ်..
-ပုဇွန်အကောင်ချဉ်လုပ်ရင်တော. ပုဇွန်အကောင်သေးသေးကို
အခွံခွာပြီး ဆားနဲ.ထမင်းနဲ.သမအောင်နာနာနယ်ပြီး
ေ၇ခြောက်ပြီးသန်.စင်နေတဲ.
ဗူးတစ်ခုထဲမှာဖိသိပ်ထည်.ကာလေလုံအောင်ပိတ်ပြီး
(၃)ရက်လောက်ထားရင်စားလို.ရပါပြီ…(၃)ရက်ကျော်
သွားရင်တော. မချဉ်မစူးသွားစေရန်အအေးခန်းထဲထည်.ထားတာ
အကောင်းဆုံးပါပဲ..ကျွန်မကတော.ပုဇွန်အကောင်ချဉ်သုပ်လျှင် ထမင်းချဉ်တွေစင်အောင်ရေဆေးပြီးမှသုတ်လေ.ရှိပါတယ်..

ပုဇွန်ချဉ်သုပ်အတွက်

အစုံသုပ်



အစုံသုပ်
- သဘောင်္ သီးတစ်လုံးကိုခြစ်ပြီး ရေအေးစိမ်ကာရေစစ်ထားပါ။
- ခေါက်ဆွဲ- 500 g ၊ ပဲကြာဇံ - 300g၊ ပဲပင်ပေါက် - 200 g တိုကို.ပြုတ်ကာ ရေစစ်ထားပါ။
-တိုဟူး - 300 gကိုပါးပါးလီးထားပါ။( ဒီတစ်ခေါက် မပါပါ)
-ပဲပြားကြော် - 5 ခုကို ပါးပါးလြေးတွေထားပါ
-အာလူးနှစ်လုံးပြုတ်ပြီး အခွံနွာကာ သေးသေးလေးတွေလှီးထားပါ။
-သခွားသီး တစ်လုံးကို အခွံခွာပြီး ပါးပါးလှီးထားပါ။
- ထမင်းအနဲငယ်ကို ငရုပ်ဆီနှင့်နယ်ကာလုံးထားပါ။
အခြားမိမိထည်.လိုသော ဆန်ကြာဇံ ၊ ညှပ်ခေါက်ဆွဲနှင့် ဂေါ်ဖီ၊ နံနံပင်တို.ကိုလဲထည်.နိုင်ပါသည်။

- အချဉ်ရည်ကိုတော. ထန်းညှက်သုံးလုံး အရည်ဖျော်၊ မန်းကျီးသီးမှည်.
100 g ကိုရေနွေးစိမ်ကာ နယ်ပြီး ဇကာနှင့်စစ်ပြီး၊ ကြက်သွန်ဖြူ 4မွာကိုညှက်အောင်
ပြီး ပုဂံလုံးတစ်ခုတွင် ထည်.ကာ၊ ငရုပ်ဆီ 5ဇွန်း၊ ငံပြာရည် 3 ဇွန်းနှင့် အားလုံးသမအောင်မွေထားပါ။
- ကြက်သွန်ဖြူ ဆီချက်ကို အရောင်တင်မှုန်.နှင့်ရောကာဆီသတ်ထားပါ။
- မြေပဲမှုန်.၊ ပဲအကျက်မှုန်.၊ ပုဇွန်ခြောက်မှုန်.၊ ငံပြာရည်၊ ဆား၊ အရသာမှုန်.၊
ငရုပ်သီးအလှော်မှုန်.

ကောက်ကောက်ညွန်. (သို.) ဒရင်ကောက် ပုဇွန်ခြောက်ထောင်းကြော်



ကောက်ကောက်ညွန်. (သို.) ဒရင်ကောက် ပုဇွန်ခြောက်ထောင်းကြော်
ဒီဒရင်ကောက်က ရှမ်းပြည်ကလို ခပ်ကြီးကြီး စိမ်းစိမ်းမဟုတ်ပါဘူး…
အေ၇ာင် ခပ်ညိုညို နဲ.သေးသေးလေးတွေပါ
ကောက်ကောက်ညွန်. (သို.) ဒရင်ကောက် ပုဇွန်ခြောက်ထောင်းကြော်အတွက်
-ကောက်ကောက်ညွန်. (သို.) ဒရင်ကောက် - နှစ်စီး
-ကြက်သွန်ဖြူ - 3 မွာ ကိုအခွံခွာပြီးရေဆေးထားပါ၊
- ပုဇွန်ခြောက် - ထမင်းစာဇွန်း 3 ဇွန်း (သို.) ပုဇွန်အစို
-ဆား၊ အရသာမှုန်.- အနဲငယ်
- ဆီ ထမင်းစားဇွန်း - 2 ဇွန်း
- ဒရင်ကောက်ထိပ်ပိုင်းအနုလေးတွေကြီးပဲ ဖြတ်ပြီး ဖြတ်ပြီး
ရေနှင့်ဆေးပြီး ရေညှစ်ကာ စစ်ထားပါ။
-ပုဇွန်ခြောက်ကိုရေဆေးပြီး ကြက်သွန်ဖြူ နှင့် မညှက်
တညှက်ရောထောင်းပါ-

ကန်ဇွန်းရွက်သုပ်



ကန်ဇွန်းရွက်သုပ်
လှိုင် သံလမ်းထိပ်က ကိုဦးဆိုင်မှာ စားဖူးတာတဲ့ ပုံစံလေးယူပြီးသုပ်ထားတာ စစ် - ကိုဦးဆိုင်ကတော့ တရုပ်ကန်ဇွန်း ကို ဝက်ပြုတ်ရည် ထဲ ခဏထည်ပြုတ်ပြီး ငရုပ်သီးစိမ်း နဲ့ ကြက်သွန်ဖြူ ဓါးပြားရိုက်ပြီး သံပုရာသီးညှစ်ပြီး ဝက်ရိုးပြုတ်ရည် အနဲငယ် ဆား ထည့်ပြီးသုပ်ပါတယ် - ကျွန်မကတော့ တရုပ်ကန်ဇွန်းမရှိလို့ ကုန်းကန်ဇွန်းကို ရေနွေးဆူဆူမှာ ခဏဖျောပြီး ရေအေး စိမ်ကာ ရေစစ်ပြီး သုံးပိုင်းလောက်ဖြတ် ကြက်သွန်နီတစ်လုံးပါးပါးလှီးထည့် -ငရုပ်သီးစိမ်း လေးတောင့်နဲ့ ကြက်သွန်ဖြူဥသေး တစ်လုံးကို ဓါးပြားရိုက်ပြီး ထည့် - မြေပဲလှော်ထောင်း နှမ်းလှော် ကြက်သွန်ဖြူဆီချက် ဖတ် ဝက်ရိုးပြုတ်ရည် အနဲငယ် ဆား ငံပြာရည်ထည့် သံပုရာသီး တစ်ခြမ်းထည့်ပြီး သုပ်တယ်

Myanmar Foods & Other

မြန်မာစွယ်စုံမိသားစု ဘလော့စာမျက်နှာ မှ အကြောင်းရာများသည် အွန်လိုင်းပေါ် မှ ရှာဖွေစုစည်းဖေါ်ပြခြင်းဖြစ်ပါသည် ကျွန်တော်လိုသမျှစုဝေးထားရာတွင် သင်လိုတာများ ရှိနေနိုင်ပါစေ

ပဲတောင့်ရှည်သီးသုပ်

Myanmar Foods & Other's photo.

ပဲတောင့်ရှည်သီးသုပ်အတွက်
-ပဲတောင့်ရှည်သီးခပ်နုနု 15 တောင့် ကိုသင်ပြီး
တစ်လက်မဆီဖြတ်ပြီးရေဆေးထားပါ။
-ကြက်သွန်နီတစ်လုံး
-ဆား၊ အရသာမှုန်.- ငံပြာရည်၊
-ကြက်သွန်ဖြူဆီချက်၊
-ပုဇွန်ခြောက်ထောင်း - အနဲငယ်စီ၊
-မြေပဲလှော်ထောင်း ထမင်းစာဇွန်း 2 ဇွန်း၊
-ငရုပ်သီးအလှော်မုန်. - ထမင်းစားဇွန်းတ၀က်
- ကုလားပဲအလှော်မုန်.- ထမင်းစားဇွန်း 1 ဇွန်း
-ငရုပ်သီးစိမ်း -2 တောင့် ရေဆေးပြီး ပါးပါးလှီးထားပါ…
-သံပုရာသီးတစိတ်။

ပင်စိမ်းသီးထောင်း



ပင်စိမ်းသီးထောင်း
ပင်စိမ်းသီးသည်ချဉ်ဖန်ဖန် အရသာရှိပြီး
ရှမ်းပြည်တောင်ပိုင်းတွင် ပင်စိမ်းသီးခေါ်ကာ
မြောက်ပိုင်းတွင် မက်ခေါက်သီးပာုခေါ်ကြသည်။
ပင်စိမ်းသီးကို အဖန်ဓါတ်လျော.စေရန် ဆားရည်စိမ် ( သို.) ပြုတ်ပြီး
အလုံးလိုက်ထုပြီးသော်လည်းကောင်း၊ အစိပ်လေးတွေစိပ်ကာလည်းကောင်း
ဂျင်း၊ငရုပ်သီးအကြမ်းမှုန်.။ဆား၊ မြေပဲအလှော်မှုန်.၊ပဲပုတ်မှုန်တို.နှင့် ရောကာနယ်ပြီးသရေစာအဖြစ်လဲစားသုံးကြသည်။ပင်စိမ်းသီးယိုအဖြစ်လဲထိုးစားကြ
သည်။အချို.ကအစိမ်းထောင်းစားကြသည်။

မြူ ရွက်သုပ်

Myanmar Foods & Other's photo.

မြူ ရွက်သုပ်
ကလောမှာတော. ဆောင်းရာသီကုန်စ အချိန်မှာ ခြံဝင်းထဲမှာ
အလေ.ကျပေါက်ပါတယ်။ ခုသုပ်ထားတာကတော. ရန်ကုန်က
ဝယ်တဲ. မြူ ရွက်ပါ။ ရှမ်းပြည်က မြူ ရွက်လောက်တော. စားရတာ
မနူးညံ့ပါဘူး။

မြူ ရွက်သုပ်အတွက်
မြူ ရွက် သင်ပြီးသား - 200 g
ကြက်သွန်နီတစ်လုံး
နှမ်းလှော် အနဲငယ်
ဆား၊ အရသာမှုန်.- ငံပြာရည်၊ ကြက်သွန်ဖြူဆီချက်၊ ပုဇွန်ခြောက်ထောင်း - အနဲငယ်စီ၊ မြေပဲလှော်ထောင်း ထမင်းစာဇွန်း 2 ဇွန်း၊ သံပုရာသီးတခြမ်း။
ပြုလုပ်နည်း
မြူရွက်ကို ရေစင်အောင်ဆေးပြီး ရေနွေးပွက်ပွက်ဆူထဲဆားခပ်ကာ 5 မိနစ်ခန်.ထည်.ပြုတ်ပြီး ရေခဲနှင့်ရေထည.်ထားသောဇလုံထဲသို. ဆယ်ထည်ပြီး အအေးခံထားပါ၊ မြူ ရွက်အေးပြီဆိုရင် ဇကာတစ်ခုနှင့်ရေစစ်ပြီး အနေတော်လှီးထားပါ၊
ကြက်သွန်နီကိုအခွံခွာကာ
ပါးပါးလှီးပြီး ရေနှစ်ရေလောက်ဆေးပြီး ရေစစ်ထားပါ။

ငါးထမင်း

Myanmar Foods & Other's photo.

 ငါးထမင်းထပ်လုပ်စားဖြစ်လို.
ရှမ်းပြည်တောင်ပိုင်းအစားအစာ ငါးထမင်းနယ် ပြုလုပ်နည်းလေးပါ
ရှမ်းထမင်းချဉ်၊ငါးထမင်းနယ်၊အာလူးထမင်းနယ် သုံးမျိုးမှာ ကျွန်မသည် နောင်ချိုတွင် ပဲပုပ်ချက်နှင့်တွဲစားရသော ရှမ်းထမင်းချဉ်ထက် ရှမ်းပြည်တောင်ပိုင်းတွင်စားရသောပဲပုပ် မပါသည်.ငါးထမင်းနယ်နှင့်အာလူးထမင်းနယ်ကိုပိုကြိုက်သည်။ ငါးထမင်းနယ်ကို အင်းလေးရိုးရာ အစားအစာပာုလဲပြောကြသည်…
လိုအပ်သောပစ္စည်း
ရှမ်းဆန်၊ ငါးရံ့၊ ခရမ်းချဉ်သီး၊ ဂျူးမြစ် (သို.) ဂျူးဖူး၊ငရုတ်သီးခြောက်၊ကြာဇံအကြွတ်ကြော်၊ကြက်သွန်ပင်၊ကြက်သွန်ဖြူ။ငှက်ပျောဖက်အနဲငယ်၊
ပြုလုပ်နည်း …
ကောက်ညှင်းကဲ.သို.စေးသော ရှမ်းဆန်ကို ဆန်ချင်ခွက်နှင့် 2 ခွက်ထည်.ကာ သိပ်ပျော့မသွားအောင် ချက်ပြီးအအေးခံထားပါ။

ရှောက်သီးသုပ်

ရှောက်သီးသုပ်
- ရှောက်သီးတစ်ခြမ်းကို အခွံတွေသင်ပြီးရှောက်သီးအမွာလေးတွေကို
- ပါးပါးလှီးပြီးရေဆေးထားတဲ. ကြက်သွန်နီနှစ်လုံး
- ပါးပါးလှီးထားတဲ. ငရုပ်သီးစိမ်းနှစ်လုံး
- ငရုပ်သီးအလှော်မှုန်. - ထမင်းစားဇွန်းဝက်
- မီးကင်ထားတဲ.မျှင်ငပိ - ထမင်းစားဇွန်းတစ်ဝက်
- ထောင်းထားတဲ.ပုဇွန်ခြောက် - ထမင်းစားဇွန်း (3) ဇွန်း
- မြေပဲလှော်ထောင်း- ထမင်းစားဇွန်း (3) ဇွန်း
နဲ.ဆားအနဲငယ်ထည်.ကာ ဇလုံတစ်ခုအားလုံးကိုထဲထည်.ပြီး
ရောသမမွေလိုက်ရင် ချဉ်ငံစပ် ရှောက်သီးသုပ်ရပါပြီရှင်..
Myanmar Foods & Other's photo.
Myanmar Foods & Other

မြန်မာစွယ်စုံမိသားစု ဘလော့စာမျက်နှာ မှ အကြောင်းရာများသည် အွန်လိုင်းပေါ် မှ ရှာဖွေစုစည်းဖေါ်ပြခြင်းဖြစ်ပါသည် ကျွန်တော်လိုသမျှစုဝေးထားရာတွင် သင်လိုတာများ ရှိနေနိုင်ပါစေ

ပြောင်းဖူးကြော်၊ ဗူးသီးကြော် ဆလပ်ရွက်နှင့် အချဉ်ရည်

Myanmar Foods & Other's photo.

ပြောင်းဖူးကြော်၊ ဗူးသီးကြော် ဆလပ်ရွက်နှင့် အချဉ်ရည်
ဗူးသီးကြော်အတွက်
-ဗူးသီးနုနုသေးသေး- ၁ လုံး ကိုရေဆေးကာ အခွံမခွာပဲအကွင်းလိုက်
လက်မ၀က်လောက်လှီးပြီး အကွင်းတစ်ကွင်းစီကို လက်ညိုးတစ်
ချောင်းခန်.စီ လှီးထားပါ။
- အကြော်မှုန်. - ဆန်ချိန်ခွက် (၂) ခွက်
- ကြက်သွန်ဖြူ - ၃ မွာ ၊ ဂျင်း - ၁” ကို အခွံခွာရေဆေးပြီးထောင်းထားပါ။
- ဆီ ( ၁၀) ကျပ်သား
-ဆလပ်ရွက် - ၂ ပင်

- ပုဂံတစ်ခုထဲသို. အကြော်မှုန်.နှင့် ထောင်းထားသော ကြက်သွန်ဖြူ၊
ဂျင်းကိုထည်.ပြီးရေအနဲငယ်စီထည်.ကာ ခပ်ပျစ်ပျစ်ဖြစ်အောင် သမအောင်မွေပါ…
-ကြော်မဲ.ဒယ်အိုးထဲဆီထည်.ပြီး ဆီပွက်ပွက်ဆူပြီဆိုလျှင်
ဗူးသီးချောင်လေး တွေကိုယူပြီး မုန်.နှစ်တွင် တစ်ခုစီဖြစ်စေ နှစ်ခုတွဲဖြစ်စေ
တစ်ခုချင်းထည်.ပြီးကြော်ပါ။ ဗူးသီးကြော်နီညိုရောင်သန်းလာပြီဆိုလျှင် ဆယ်ယူပြီး
ဇကာတစ်ခုနှင့် ဆီစစ်ထားပါ။

ပုဇွန်လှော်သုပ် ချဉ် ငံစပ်

ပုဇွန်လှော်သုပ် ချဉ် ငံစပ်
- ပုဇွန် လက်မလောက်ရှိတဲ. ခုနှစ်ကောင်ကို အခွံခွာရေဆေးပြီး ဒယ်အိုးတွင် မီးပြင်းပြင်းနှင့်ေ၇ခြောက်သည်အထိ လှော်ကာ ကာ ခပ်သေးသေးလှီးထားပါ။
-ကြက်သွန်နီ - နှစ်လုံးကို အခွံပြီး ပါးပါးလှီးကာရေဆေးထားပါ။
-ဆား၊ အရသာမှုန်.၊ငံပြာရည် အနဲငယ်စီ
-ငရုပ်သီးအကျက်မှုန်. - ထမင်းစားဇွန်းဝက်
-ကြက်သွန်ဖြူဆီကျက် - ထမင်းစာဇွန်း တစ်ဝက် ဇွန်း၊
-ငရုပ်သီးစိမ်း -2 တောင့် ရေဆေးပြီး ပါးပါးလှီးထားပါ…
- နံနံပင် - 2 ပင် ရွက်ကိုရေဆေးကာ ပါးပါးလှီးထားပါ
-သံပုရာသီးတစ်စိတ်

-ပုဇွန်လှော်သုပ်နယ်မည်.ပုဂံထဲသို. ပုဇွန်
ပါးပါးလှီးထားသောကြက်သွန်နီ၊ဂေါ်ဖီ၊ခရမ်းချဉ်သီး၊ ငရုပ်သီးစိမ်း နှင့်ဆား၊ အရသာမှုန်.၊ငံပြာရည်၊ ငရုပ်သီးအကျက်မှုန်.၊ကြက်သွန်ဖြူဆီချက်၊ နံနံပင်
နှင့် သံပုရာသီးတစ်စိတ် ကိုညှစ်ထည်.ကာ သမအောင်နယ်ပြီး အပေါ. အငံ
အချဉ် အစပ်ကိုမြည်းပြီး အရသာရှိသော ပုဇွန်လှော်သုပ်ကို ထမင်း .နှင့်တွဲကာသုံးဆောင်နိုင်ပါပြီရှင်၊
- ပုဇွန် အခွံမခွာပဲ မီးကင်ပြီးမှ အခွံခွာပြီး သုပ်စားရင်တော. ပိုမွေးပြီး အရသာ ပိုရှိပါတယ်ရှင်
Myanmar Foods & Other's photo.
Myanmar Foods & Other


မြန်မာစွယ်စုံမိသားစု ဘလော့စာမျက်နှာ မှ အကြောင်းရာများသည် အွန်လိုင်းပေါ် မှ ရှာဖွေစုစည်းဖေါ်ပြခြင်းဖြစ်ပါသည် ကျွန်တော်လိုသမျှစုဝေးထားရာတွင် သင်လိုတာများ ရှိနေနိုင်ပါစေ

ဆီထမင်း နဲ. ငါးရံခြောက်ဖုတ်ဆီဆမ်း



ဆီထမင်း နဲ. ငါးရံခြောက်ဖုတ်ဆီဆမ်း
ဆီထမင်းကို ကျွန်မကတော.ခုနောက်ပိုင်း Rice Cooker နဲ.အလွယ်တကူချက်စားပါတယ်…
ဆီထမင်းကို အရင်ကလို ဒယ်အိုးထဲရဂျင်း၊ကြက်သွန်ဖြူဆီသတ်ပြီး
ကောက်ညှင်းထည်.ရေထည်.ပြီးမွေလိုက်၊မီးအေးအေးနဲ.
ထားလိုက်နဲစောင့်ကြည်.ပြီးလုပ်စရာမလိုတော.တာကိုသဘောကျလို.ပါ။
ဆီထမင်းလုပ်နည်း မေးလာသူအတွက်ပါ။

ဆီထမင်းအတွက်
ကာက်ညှင်းဆန် - ဆန်ချိန်ခွက် ၂ ခွက် ကို ရေဆေးပြီရေ (၃) နာရီလောက်စိမ်ထားပါ..
ဆီ - ထမင်းစားဇွန်းသုံးဇွန်း
နနွင်းမုန်. – လက်ဖက်စားဇွန်း 1/3
ဆား ၊ သကြား - အနဲငယ်
ဂျင်း - 1” ကို အခွံခွာ ရေဆေးပြီးနုတ်နုတ်လှီးထားပါ။

ဗိုလ်စားပဲသီး အာလူးနပ်

ဗိုလ်စားပဲသီး အာလူးနပ်
1)ဗိုလ်စားပဲသီး (15) တောင့်ကို ရေဆေးပြီး တစ်လက်မလောက်ဆီဖြတ်ထားပါ၊
2)အာလူး အလုံးခပ်ကြီးကြီးတစ်လုံး ကို အခွံခွာရေဆေးပြီး 16 တုန်းရအောင် ညီညီလေးတုန်းထားပါ။
ဒီနှစ်မျိုး ကိုရောပြီး
3) ကြက်သွန်ဖြူ 3မွှာ ကြက်သွန်နီတစ်လုံးကိုညှက်အောင်ထောင်းကာ ၊ဆီထမင်းစားဇွန်း တစ်ဇွန်း ၊ဆား ၊ အရသာမုန်. အနဲငယ်တို.ထည်.ပြီး ရောနယ်ကာ လုံးပြီး ရေ ဆန်ချိန်ခွက်တစ်ခွက်ထည်.ပြီး အဖုံး အုပ်ပြီး ချက်ပါတယ်...
ရေခန်းရင် ရေ ဆန်ချိန်ခွက်တစ်ခွက်ထပ်ထည်.ပြီး အာလူးနှင့် ပဲသီးအိအိလေးဖြစ်သိအထိရေခမ်းအောင်ချက်ပါ။
သတ်သတ်လွတ်မစားသူများ ပုဇွန်ခြောက်မုန်.ထည်.ပြီး ချက်နိုင်ပါတယ်။
Myanmar Foods & Other's photo.
Myanmar Foods & Other

မြန်မာစွယ်စုံမိသားစု ဘလော့စာမျက်နှာ မှ အကြောင်းရာများသည် အွန်လိုင်းပေါ် မှ ရှာဖွေစုစည်းဖေါ်ပြခြင်းဖြစ်ပါသည် ကျွန်တော်လိုသမျှစုဝေးထားရာတွင် သင်လိုတာများ ရှိနေနိုင်ပါစေ

LinkWithin

Related Posts Plugin for WordPress, Blogger...
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ

မိမိလိုချင်တဲ့ဘာသာစကားရှာဖွေရန်