ဆီထမင်း နဲ. ငါးရံခြောက်ဖုတ်ဆီဆမ်း
ဆီထမင်းကို ကျွန်မကတော.ခုနောက်ပိုင်း Rice Cooker နဲ.အလွယ်တကူချက်စားပါတယ်…
ဆီထမင်းကို အရင်ကလို ဒယ်အိုးထဲရဂျင်း၊ကြက်သွန်ဖြူဆီသတ်ပြီး
ကောက်ညှင်းထည်.ရေထည်.ပြီးမွေလိုက်၊မီးအေးအေးနဲ.
ထားလိုက်နဲစောင့်ကြည်.ပြီးလုပ်စရာမလိုတော.တာကိုသဘောကျလို.ပါ။
ဆီထမင်းလုပ်နည်း မေးလာသူအတွက်ပါ။
ဆီထမင်းအတွက်
ကာက်ညှင်းဆန် - ဆန်ချိန်ခွက် ၂ ခွက် ကို ရေဆေးပြီရေ (၃) နာရီလောက်စိမ်ထားပါ..
ဆီ - ထမင်းစားဇွန်းသုံးဇွန်း
နနွင်းမုန်. – လက်ဖက်စားဇွန်း 1/3
ဆား ၊ သကြား - အနဲငယ်
ဂျင်း - 1” ကို အခွံခွာ ရေဆေးပြီးနုတ်နုတ်လှီးထားပါ။
ကြက်သွန်ဖြူ - ၂မွာ ကိုလဲအခွံခွာ ရေဆေးပြီးနုတ်နုတ်လှီးထားပါ။
နှမ်းလှော် - ထမင်းစားဇွန်း - ၂ဇွန်း (သို.) ကြက်သွန်နီကြော်..
စားတော်ပဲပြုတ် - ၁၀၀ g
ငါးခြောက် (သို.) ဆိတ်သားခြောက်
ထမင်းအိုးထဲမှာ ဆီနည်းနည်းထဲ့ပြီး ဆီကျက်ရင် နနွင်းမှုန့်လေးထည့်ပြီး ကြက်သွန်ဖြူနှင့်ဂျင်းနုတ်နုတ်လှီထားတာကိုထည်. ပြီး ဆီသတ်ကာ
ရေဆေးပြီးတစ်ညရေစိမါထားတဲ့ကောက်ညင်းဆန်၊ဆားနှင်.သကြား
နည်းနည်းကိုထည့်ပါ။ ကောက်ညှင်းရေစိမ်ထားပါက ရေကို ဆန်ချိန်ခွက် ၂ ခွက်ထည်.ပြီး ရေမစိမ်ပါက ၃ခွက်ထည်.ပြီး သမအောင်မွေကာ အဖုန်းအုပ်ပြီး
ထားကာ တစ်နာရီလောက်ကြာလျှင် ကောက်ညှင်.စေ.ပျောက်ကာ
ဆီထမင်းရပါပြီ..
ဆီထမင်းကိုပုဂံထဲထည်.ကာ နှမ်းလှော်ဖြူး၊ပဲပြုတ် ထည်.
ပြီး ငါးခြောက် (သို.) ဆိတ်သားခြောက်တို.နှင့်တွဲကာစားသုံးနိုင်ပါပြီ…
လက်ဖက်ရည်ကြမ်းလေးနဲ.လဲလိုက်ပါတယ်..

Myanmar Foods & Other
No comments:
Post a Comment