Thursday, November 19, 2015

ငါးကွင်းရှပ်ခြောက်ခရမ်းချဉ်သီးချက်

Myanmar Foods & Other's photo.

ငါးကွင်းရှပ်ခြောက်ခရမ်းချဉ်သီးချက်
ငါးကွင်းရှပ်ခြောက်သည် အသားများပြီး အရိုးနဲသောကြောင့်
များသောအားဖြင့် ကျွန်မကတော.ခရမ်းချဉ်သီးနှင့်ချက်စား ၊
ငခြောက်ထောင်းကြော် ကြော်စားပါတယ်..
ငါးကွင်းရှပ်ခြောက်ခရမ်းချဉ်သီးချက်အတွက်
-ငါးကွင်းရှပ်ခြောက် - ၂၀၀ g ကိုရေဆေးပြီး လက်တသစ်လောက်တုန်းထားပါ..
(အရမ်းခြောက်နေပါက ရေ ၁၀ မိနစ်ခန်.စိမ်ထားပါ)
-ခရမ်းချဉ်သီး - ၃ လုံး ကို ပါးပါးလှီးထားပါ၊
-ကြက်သွန်ဖြူ - ၂ မွာ
-ကြက်သွန်နီ - ၂ လုံး
-ဆား၊ နနွင်း၊ ငရုပ်အရောင်တင်၊ အရသာမုန်. - အနဲငယ်စီ
-ငရုပ်သီးစိမ်း - ၅ တောင့်
-နံနံပင် - ၃ ပင်
-ကြက်သွန်ဖြူ ၊ နီကိုခွာကာ ရေဆေးပြီး ငရုပ်အရောင်တင်ထည်.ကာ
ညှက်အောင်ထောင်းပါ၊
ချက်မည်.ဒယ်အိုးထဲသို. ဆီထမင်းစားဇွန်း (၃) ဇွန်းခန်.ထည်.ပြီး
ဆီကျက်လျင် ထောင်းထားသော ကြက်သွန်ဖြူ ၊ နီနှင့် နနွင်းကို
ထည်.ကာဆီသတ်ပါ၊ ကြက်သွန်နီညိုရောင်သန်းလာလျင် ပါးပါးလှီးထားသောခရမ်းချဉ်သီးနှင့် ဆား၊ အရသာမုန်. တို.ကိုထည်.ကာ ခရမ်းချဉ်သီး ကျေလိပ်ပြီး ဆီပြန်သည်အထိ ချက်ကာပါ။
ဆီပြန်လျင် အတုန်းလေးတွေတုန်းထားသော ငါးကွင်းရှပ်ခြောက်
ကိုထည်.ကာ ၃ မိနစ်လခန်.မွေပြီး ရေနွေး ၂၀၀ ml ခန်.ထည်.ကာ
အဖုံးအုပ်ကာ ဆီပြန်အောင်ချက်ပြီး ငရုပ်သီးစိမ်း၊ နံနံပင် အုပ်ကာ
သုံးဆောင်လို.ရပါပြီရှင်။
 
Myanmar Foods & Other


မြန်မာစွယ်စုံမိသားစု ဘလော့စာမျက်နှာ မှ အကြောင်းရာများသည် အွန်လိုင်းပေါ် မှ ရှာဖွေစုစည်းဖေါ်ပြခြင်းဖြစ်ပါသည် ကျွန်တော်လိုသမျှစုဝေးထားရာတွင် သင်လိုတာများ ရှိနေနိုင်ပါစေ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ

မိမိလိုချင်တဲ့ဘာသာစကားရှာဖွေရန်