Thursday, November 19, 2015

ဝက်သား မျှစ်ချဉ် ကင်ပေါင်းကြော်

Myanmar Foods & Other's photo.

ဝက်သား မျှစ်ချဉ် ကင်ပေါင်းကြော်
ကလောမှာငယ်ငယ် က ၀ါဆိုလပြည်.၊ သီတင်းကျွတ်ပြည်.၊ သင်္ကြန်အတွင်း
စတဲ. အချိန်တွေမှာ ဆွမ်းတော်တင်ရန်နှင့် ဧည်.သည်များကို ကျွေးရန်ကြော်
လေ.ရှိပါတယ်... သက်သတ်လွတ်စားမယ်ဆိုရင်တော. ၀က်သားမထည်.ယုံပါပဲ.. အခြားမုန်.ပေါင်းအူ၊ ကြွေမှုန်.နဲ. နှမ်းထူမှုန်ကျွတ်တွေကိုလဲ ကြော်ကျွေးကြပါတယ်ရှင်..
ဝက်သားမျှစ်ချဉ်ကင်ပေါင်းကြော် အတွက်
ကင်ပေါင်းကြော်(သို.)အင်းလေးကင်ပေါင်းကြော်ပာု ခေါ်ကြပါတယ်..
ရှမ်းပြည်တောင်ပိုင်းအစားစာလေးပါ.
မျှစ်(သို.) မျှစ်ချဉ်မကြိုက်သူများ ခရမ်းချဉ်သီးထည်.ကြော်နိုင်ပါတယ်ရှင်..
ကျွန်မကတော.၀က်သားကင်ပေါင်းကြော်ကို မျှစ်ချဉ်နဲ.ကြော်ထားပါတယ်..
အကြော်မုန်. – 100 g
ကြက်သွန်ပင် - 200g
ဝက်သားပြုတ်ကြော် - 100g
မျှစ်ချဉ်- 50g (သို.) မျှစ် (သို.)ခရမ်းချဉ်သီးမှည်.တစ်လုံး
ကြက်သွန်ဖြူ၊ဂျင်း၊ ဆား၊ အရသာမုန်. အနဲငယ်စီ
အကြော်မုန်. ကို ဆား၊ အရသာမုန်နှင့် ကြက်သွန်ဖြူနှင့်ဂျင်း အနဲငယ်စီထောင်းထည်.ပြီး ရေအနဲငယ်ထည်.ကာ ခပ်ပျစ်ပျစ်ဖျော်ပြီး
ရေစင်အောင်ဆေးကာ တစ်လက်မခန်.ဖြတ်ထားသောကြက်သွန်ပင် ၊
ပါးပါးလှီးထားသော ၀က်သားပြုတ်ကြော် နှင့်
ပြုတ်ပြီး ခပ်သေးသေးလေးလှီးထားသောမျှစ်ချဉ် ( သို.) ပါးပါးလှီးထားခရမ်းချဉ်သီး တို.ကိုသမအောင်မွေပြီး
ထမင်းစားဇွန်းတဇွန်းထဲတွင်တစ်ခုစာစီထည်.ကာ ဆီပူပူတွင်ထည်. သာမာန် အကြော်ကြော်လိုကြော်ပြီး သုံးဆောင်နိုင်ပါပြီရှင်၊
အရောင်ကြိုက်သောသူများအတွက်သမအောင်မွေသည်အချိန် နနွင်းနှင့် ငရုပ်အရောင်တင် အနဲငယ်စီထည်.နိုင်ပါတယ်ရှင်..
အချဉ်ရည်နှင့်စားသုံးလိုသူများ မန်းကျဉ်းချဉ်ရည်နှင့်တွဲပြီး သုံးဆောင်နိုင်ပါတယ်ရှင်
မန်ကျီးချဉ်ရည်အတွက်
- မန်ကျီးသီးမှည်. - ထမင်းစားဇွန်း ၃ ဇွန်းခန်.ရေဆေးပြီးရေနွေးနှင့်စိမ်ထားပါ၊
- ကြက်သွန်ဖြူ - ၂ မွာ
- ဆား၊ ငံပြာရည်၊ အရသာမုန်.၊သကြား - အနဲငယ်စီ
- ငရုပ်သီးစိမ်း - ၃ တောင့်
- နံနပင် - ၂ ပင်
- ငရုပ်သီးအကျက်မှုန်. - ထမင်းစားဇွန်း ၁ဇွန်း
- ငရုပ်ဆီ - ထမင်းစားဇွန်း ၂ ဇွန်း
-မန်ကျဉ်းသီးကို ချေကာ မန်ကျဉ်းသီးအနှစ်ကှိုဇကာနှင့် စစ်ပြီး
ပုဂံတခုထဲထည်.ထားပါ။
-ကြက်သွန်ဖြူနှင့် ငရုပ်သီးစိမ်းကို ဓါးနှင့်ပါးပါးလှီးကာ မမှုန်.တမှုန်.ဖြစ်အောင်
တောက်တောက်စင်းပါ၊ နံနံပင်ကို နုတ်နုတ်လှီးကာ ဆား၊ ငံပြာရည်၊
အရသာမုန်.၊သကြား၊ငရုပ်သီးအကျက်မှုန်.၊ငရုပ်ဆီ တို.ကို မန်ကျည်းရည်
ပုဂံထဲထည်.ကာသေမအောင်မွေပြီး အပေါ. အငံ အချဉ် အချို
လိုတာထည်.ပါ။
 
Myanmar Foods & Other

မြန်မာစွယ်စုံမိသားစု ဘလော့စာမျက်နှာ မှ အကြောင်းရာများသည် အွန်လိုင်းပေါ် မှ ရှာဖွေစုစည်းဖေါ်ပြခြင်းဖြစ်ပါသည် ကျွန်တော်လိုသမျှစုဝေးထားရာတွင် သင်လိုတာများ ရှိနေနိုင်ပါစေ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ

မိမိလိုချင်တဲ့ဘာသာစကားရှာဖွေရန်