
ဝက်သား ငံပြာရည်ကြော်
- ၀က်သား - 20 ကျပ်သားခန်.ကို သေးသေးနုတ်နုတ်လေးတွေ စိတ်ရှည် လက်ရှည်တုန်းကာ ဆား နနွင်း အနငြယ်နှင့် ခင်းကြက်သွန်ဖြူ ထောင်းထားသော အရည်ကို ညှစ်ပြီး ဆယ်မိနှစ်ခန်. နှပ်ထားပြီး ဆီမပါပဲ ရေ ဆန်ချိန်ခွက်စတ်ခွက်ထဲ.ကာ ရေခန်းသည်အထိ ပြုတ်ပါ။ သို.မှသာ ကြော်သည်. အချိန်တွင် အသား မာမသွားစေရန်ဖြစ်သည်။
- ကြက်သွန်နီ ငါးလုံးကို အခွံခွာ ရေဆေး ထိပ်ဖြတ်ပြီး ပါးပါးလေးတွေ လှီးကာ ဆားအနဲငယ် အရသာမုန်. အနဲငယ်နဲ. နယ်ထားပါ။
-ဒေါ်ထွေး ငရုပ်သီး အကြမ်းမှုန်. ထမင်းစားဇွန်းသုံးဇွန်းကို ကြက်သွန်ဖြူ အမွာကြီး ငါးမွာနဲ. ရောထောင်းထားပါ. ကြက်သွန်ဖြူကို ညှက်အောင်ထောင်ပြီး ငရုပ်သီး အကြမ်းက ညှက်ရန်မလို ကြက်သွန်ဖြူ ငရုပ်သီး သမအောင် ထောင်းရန်သာလိုသည်။
- ငါးငံပြာရည် - ထမင်းစားဇွန်း (2) ဇွန်းခန်.
- ဆီ နှစ်ကျပ်ခွဲသားခန်.
-နနွင်း အနဲငယ်
- ကြော်မည်. ဒယ်အိုးထဲသို. ဆီထည်.ကာ ဆီကျက်လျှင် ပါးပါးလှီးထားတဲ.
ကြက်သွန်နီကို နီညိုရောင် သန်းသည် အထိ ဆက်တိုင်မွေကြော်ပါ။
နီညိုရောင်သန်းလာရင် မီးအနဲငယ်လျော့ပြီး ကြက်သွန်ကြော်များကို ပုဂံတစ်ခုထဲ
ဆယ်ထည်.ထားပါ။ ထိုနောက် ပြုတ်ထားတဲ. ၀က်သားတုန်း အသေးလေးတွေ
နီညိုရောင်သန်းသည် အထိ ဆက်တိုက်မွေကြော်ပါ။ ၀က်သားများ
နီညိုရောင်သမ်းလာလျင် ဆီများနေပါက ခွက်တစ်ခုထဲသို.ဆီများဖယ်ထုတ်ကာ
ဖယ်ထားတဲ. ကြက်သွန်ကြော်ကိုထည်.ကာ မီးအေးအေး နှင့်သမအောင်မွေပါ ထိုနောက်
ထောင်းထားတဲ. ကြက်သွန်ဖြူ ငရုပ်သီးအကြမ်းမှုန်.ထောင်းကို ထည်.ကာ ကြော် ပြီး
ငရုပ်သီး အေ၇ာင်မပြောင်းမှီ ငံပြာရည်ကို ထည်.ကာ မီးပိတ်ပြီး သမအောင်
ဆက်တိုင်မွေ ပါက အရသာရှိသော ၀က်သား ငံပြာရည်ကြော်ရပါပြီရှင်...
Myanmar Foods & Other
No comments:
Post a Comment