Thursday, November 19, 2015

ဝက်သားပုန်းရည်ကြီးနှပ်

Myanmar Foods & Other's photo.

ဝက်သားပုန်းရည်ကြီးနှပ်
ပုန်းရည်ကြီးနံ. သင်းသင်းလေးနဲ.ထမင်းစားမြိုင်တဲ. ၀က်သား
ပုန်းရည်ကြီးနှပ်ကို ပုံမှန်ဝက်သားဟင်းချက်သလိုပဲချက်ပြီး နောက်ဆုံးမှ
ပုန်းရည်ကြီးကိုထည်.ပါတယ်..
ဝက်သားပုန်းရည်ကြီးအတွက်
-၀က်သားသုံးထပ်သား(သို.)၀က်ပေါင်သား - ၄၀၀ g ကိုရေဆေးပြီး
အတုန်းလေ.တွေတုန်းကာဆား၊နနွင်း၊ အရသာမှုန်.
တို.နှင့် နယ်ကာ ၁၅ မိနှစ်ခန်.နပ်ထားပါ။
-ပုန်းရည်ကြီး - 2 ထုတ်ကိုပုဂံလုံး တစ်ခုထဲထည်.
ကာ ရေနွေးဆန်ချိန်ခွက် တစ်ဝက်ခန်.ထည်.ပြီး
သမအောင်မွေပြီးပျစ်ပျစ်လေးဖျော်ထားပါ။
-ကြက်သွန်ဖြူ - ၃ မွာ၊ ဂျင်း - လက်တစ်ဆစ်ခန်.
-ကြက်သွန်နီ - ၂ လုံး
-ဆား၊ဆီ၊ နနွင်း၊ ၊အရသာမှုန်.၊ငံပြာရည် - အနဲငယ်စီ
-ငရုပ်သီးအစိမ်းမှုန်. - ထမင်းစားဇွန်း ၁ ဇွန်း
-ကြက်သွန်ဖြူ၊ နီ၊ ဂျင်းကို အခွံခွာရေဆေးပြီး
ငရုပ်သီးအစိမ်းမှုန်နှင့်ငရုပ်သီး ၃တောင့်ကို
ရေစိမ်ကာငရုပ်စေ.ထုတ်ပြီး ထည်.ကာ ညှက်အောင်ထောင်းပါ။
-ချက်မည်.အိုးထဲသို. ဆီထမင်းစားဇွန်း (၂) ဇွန်း၊
ကြက်သွန်ဖြူနီဂျင်းထောင်းနှင့်နနွင်း
တို.ကိုထည်.ကာဆီသတ်ပြီး နီညိုရောင်သန်းလာလျှင်
ငံပြာရည်နှင့်ဝက်သား၊ဆား၊ အရသာမှုန်.တို.ကိုထည်.ကာ
သမအောင်မွေပြီး သူ.ရေကုန်ပြီး ဆီပြန်လျှင်
ရေ ၄၀၀ ML ခန်.ထည်.ပြီး အဖုန်းအုပ်ကာချက်ပါ။
ရေခန်းလျှင် ရေ ၄၀၀ ML ခန်.ထပ်ထည်.ကာအဖုန်းအုပ်ပြီး
ဆီပြန်ကာ ၀က်သားနူးနူးအိအိလေးဖြစ်သည် အထိချက်ကာ
ပျစ်ပျစ်လေးဖျော်ထားသော ပုန်းရည်ကြီးကိုထည်.ပြီး
မတူးသွားစေရန် ဆက်တိုက်မွေပါ။
10 မိနစ်ခန်.မွေပြီး ပုန်းရည်ကြီး အပျစ် အကျဲ မိမိ
ကြိုက်သည်. အနေလောက်ထားကာ
အပေါ.အငံမြည်းပြီး မိမိတွဲစားလိုသည်. အရွက်ကြော်၊
အသုပ် တစ်မျိုးမျိုးဖြစ် တွဲစပ်ကာသုံးဆောင်နိုင်ပါပြီရှင်..
မိမိကြိုက်သည်. ၀က်သား နူးအိမှုအတိုင်းအတာ
ပေါ်မူတည်ပြီး နှစ်ရေ သုံးရေခမ်းအောင်ချက်နိုင်ပါတယ်.
Myanmar Foods & Other

မြန်မာစွယ်စုံမိသားစု ဘလော့စာမျက်နှာ မှ အကြောင်းရာများသည် အွန်လိုင်းပေါ် မှ ရှာဖွေစုစည်းဖေါ်ပြခြင်းဖြစ်ပါသည် ကျွန်တော်လိုသမျှစုဝေးထားရာတွင် သင်လိုတာများ ရှိနေနိုင်ပါစေ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ

မိမိလိုချင်တဲ့ဘာသာစကားရှာဖွေရန်