Thursday, November 19, 2015

ပုဇွန်ချဉ်သုပ်

Myanmar Foods & Other's photo.

ပုဇွန်ချဉ်သုပ်
-ပုဇွန်ချဉ်ကိုကြော်စား၊သုပ်စားကြပါတယ်..
-ပုဇွန်အကောင်ချဉ်လုပ်ရင်တော. ပုဇွန်အကောင်သေးသေးကို
အခွံခွာပြီး ဆားနဲ.ထမင်းနဲ.သမအောင်နာနာနယ်ပြီး
ေ၇ခြောက်ပြီးသန်.စင်နေတဲ.
ဗူးတစ်ခုထဲမှာဖိသိပ်ထည်.ကာလေလုံအောင်ပိတ်ပြီး
(၃)ရက်လောက်ထားရင်စားလို.ရပါပြီ…(၃)ရက်ကျော်
သွားရင်တော. မချဉ်မစူးသွားစေရန်အအေးခန်းထဲထည်.ထားတာ
အကောင်းဆုံးပါပဲ..ကျွန်မကတော.ပုဇွန်အကောင်ချဉ်သုပ်လျှင် ထမင်းချဉ်တွေစင်အောင်ရေဆေးပြီးမှသုတ်လေ.ရှိပါတယ်..

ပုဇွန်ချဉ်သုပ်အတွက်
-ပုဇွန်ချဉ် -150 g - အကောင်ချဉ်ကိုသုံးမည်ဆိုလျှင်
ကျွန်မကတော. ထမင်းတွေစင်သွားအောင်ရေဆေးလိုက်ပါတယ်။
ပုဇွန်အသားချဉ်ဆိုရင်တော. အတုန်းသေးလေးတွေတုန်းပြီးသုပ်ရုံပါပဲ..
-ကြက်သွန်နီတစ်လုံး အခွံခွာကာ ပါးပါးလှီးရေဆေးပြီး ရေစစ်ထားပါ။
- အရသာမှုန်. အနဲငယ်စီ
- ပဲဆီ(သို.) ကြက်သွန်ဖြူဆီချက်-ထမင်းစာဇွန်း ၁ ဇွန်း၊
-ငရုပ်သီးစိမ်း -2 တောင့် ရေဆေးပြီး ပါးပါးလှီးထားပါ…
-ငရုပ်သီးအလှော်မုန်. - ထမင်းစားဇွန်းတစ်ဝက်
-ပင်စိမ်းရွက် - (၁၀)ရွက်လောက်ချွေကာရေဆေးထားပါ။
-ပုဇွန်ချဉ်ကို ပါးပါးလှီးထားသောကြက်သွန်နီ၊ ငရုပ်သီးစိမ်း ၊
အရသာမှုန်.၊ ကြက်သွန်ဖြူဆီချက်၊ ငရုပ်သီးအလှော်မုန်. ၊
ပင်စိမ်းရွက် တို.ကိုထည်.ကာ သမအောင်နယ်ပြီး သုံးဆောင်နိုင်ပါပြီရှင်၊
ကျွန်မရဲ.ပုဇွန်ချဉ်က ရေဆေးလိုက်လို. အငံပေါ.တဲ.အတွက် ဆားအနဲငယ်
ထည်.သုတ်ထားရပါတယ်..
ငါးဖယ်ချဉ်ကိုလဲ ပုဇွန်ချဉ်ကဲ.သို.ပင်သုတ်စားနိုင်ပါတယ်ရှင်..
ပုဇွန် အသားချဉ် (သို.) ငါးဖယ်ချဉ်ကိုတော. ကိုယ်လုပ်မဲ. ငါးဖယ်ခြစ်(သို.)
ပုဇွန်အသားနှင့် ဆား၊ ထမင်း တို.ကိုရောထောင်းကာ စီးစီးလေးဖြစ်
သွားပြီဆိုလျှင် .. ငှက်ပျောဖက်ထဲထည်.ကာ ငှက်ပျောရွက်လေးငါးထပ်
လောက်ထပ်ပြီး နှီးး(သို.) သရေပင်နှင့်ကြပ်ကြပ်လေးစီးကာ ချဉ်ထားပြီး
အလေးတစ်ခုနှင်ဖိထားပါ။ (၃) ရက်လောက်နေလျင် ပုဇွန်ချဉ် (သို.)ငါးဖယ်ချဉ်
ရပါပြီ… မတူညီသော လုပ်နည်းများကိုလဲပြောပြကြပါအုံးနော် …
ယမ်းစိမ်းမသုံးပဲချဉ်ထားပါတယ်ရှင်..ဆားတော.ပိုထည်.ဖို.လိုပါမယ်..
အချို.က ပုဇွန်ချဉ် (သို.) ငဖယ်ချဉ်လုပ်ရာတွင်ဖက်မသုံးပဲ
ပလပ်စတစ်အိတ်ကိုသုံးကြပါတယ်ရှင်..
 

မြန်မာစွယ်စုံမိသားစု ဘလော့စာမျက်နှာ မှ အကြောင်းရာများသည် အွန်လိုင်းပေါ် မှ ရှာဖွေစုစည်းဖေါ်ပြခြင်းဖြစ်ပါသည် ကျွန်တော်လိုသမျှစုဝေးထားရာတွင် သင်လိုတာများ ရှိနေနိုင်ပါစေ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ

မိမိလိုချင်တဲ့ဘာသာစကားရှာဖွေရန်