ပြောင်းဖူးကြော်၊ ဗူးသီးကြော် ဆလပ်ရွက်နှင့် အချဉ်ရည်
ဗူးသီးကြော်အတွက်
-ဗူးသီးနုနုသေးသေး- ၁ လုံး ကိုရေဆေးကာ အခွံမခွာပဲအကွင်းလိုက်
လက်မ၀က်လောက်လှီးပြီး အကွင်းတစ်ကွင်းစီကို လက်ညိုးတစ်
ချောင်းခန်.စီ လှီးထားပါ။
- အကြော်မှုန်. - ဆန်ချိန်ခွက် (၂) ခွက်
- ကြက်သွန်ဖြူ - ၃ မွာ ၊ ဂျင်း - ၁” ကို အခွံခွာရေဆေးပြီးထောင်းထားပါ။
- ဆီ ( ၁၀) ကျပ်သား
-ဆလပ်ရွက် - ၂ ပင်
- ပုဂံတစ်ခုထဲသို. အကြော်မှုန်.နှင့် ထောင်းထားသော ကြက်သွန်ဖြူ၊
ဂျင်းကိုထည်.ပြီးရေအနဲငယ်စီထည်.ကာ ခပ်ပျစ်ပျစ်ဖြစ်အောင် သမအောင်မွေပါ…
-ကြော်မဲ.ဒယ်အိုးထဲဆီထည်.ပြီး ဆီပွက်ပွက်ဆူပြီဆိုလျှင်
ဗူးသီးချောင်လေး တွေကိုယူပြီး မုန်.နှစ်တွင် တစ်ခုစီဖြစ်စေ နှစ်ခုတွဲဖြစ်စေ
တစ်ခုချင်းထည်.ပြီးကြော်ပါ။ ဗူးသီးကြော်နီညိုရောင်သန်းလာပြီဆိုလျှင် ဆယ်ယူပြီး
ဇကာတစ်ခုနှင့် ဆီစစ်ထားပါ။
- ပြောင်းဖူးကြော်အတွက်
ပုဂံတစ်ခုထဲသို. အကြော်မှုန်.နှင့် ထောင်းထားသော ကြက်သွန်ဖြူ၊
ဂျင်းကိုထည်.ပြီးရေအနဲငယ်စီထည်.ကာ ခပ်ပျစ်ပျစ်ဖြစ်အောင် မွေပါ…
ထိုနောက် ခြွေထားတဲ. သကြားပြောင်းနှစ်ဖူး နှင့် ရောကာ ရေအနဲငယ်နှင့် ခပ်ပျစ်ပျစ်ဖော်ကာ ပွက်ပွက်ဆူနေသော ဆီထဲ သို. ထမင်းစားဇွန်း တစ်ဇွန်းစီထည်.ကာကြော်ပြီး
ပြောင်းဗူးကြော် နီညိုရောင်သန်းလာပြီဆိုလျှင် ဆယ်ယူပြီး ဇကာတစ်ခုနှင့် ဆီစစ်ထားပါ။
မန်ကျီးချဉ်ရည်အတွက်
- မန်ကျီးသီးမှည်. - ထမင်းစားဇွန်း ၃ ဇွန်းခန်.ရေဆေးပြီးရေနွေးနှင့်စိမ်ထားပါ၊
- ကြက်သွန်ဖြူ - ၂ မွာ
- ဆား၊ ငံပြာရည်၊ အရသာမုန်.၊သကြား - အနဲငယ်စီ
- ငရုပ်သီးစိမ်း - ၃ တောင့်
- နံနပင် - ၂ ပင်
- ငရုပ်သီးအကျက်မှုန်. - ထမင်းစားဇွန်း ၁ဇွန်း
- ငရုပ်ဆီ - ထမင်းစားဇွန်း ၂ ဇွန်း
-မန်ကျဉ်းသီးကို ချေကာ မန်ကျဉ်းသီးအနှစ်ကှိုဇကာနှင့် စစ်ပြီး
ပုဂံတခုထဲထည်.ထားပါ။
-ကြက်သွန်ဖြူနှင့် ငရုပ်သီးစိမ်းကို ဓါးနှင့်ပါးပါးလှီးကာ မမှုန်.တမှုန်.ဖြစ်အောင်
တောက်တောက်စင်းပါ၊ နံနံပင်ကို နုတ်နုတ်လှီးကာ ဆား၊ ငံပြာရည်၊
အရသာမုန်.၊သကြား၊ငရုပ်သီးအကျက်မှုန်.၊ငရုပ်ဆီ တို.ကို မန်ကျည်းရည်
ပုဂံထဲထည်.ကာသေမအောင်မွေပြီး အပေါ. အငံ အချဉ် အချို
လိုတာထည်.ပြီး ဗူးသီးကြော်နှင့်တွဲကာ သုံးဆောင်နိုင်ပါပြီရှင်..

Myanmar Foods & Other
No comments:
Post a Comment