Thursday, November 19, 2015

မြူ ရွက်သုပ်

Myanmar Foods & Other's photo.

မြူ ရွက်သုပ်
ကလောမှာတော. ဆောင်းရာသီကုန်စ အချိန်မှာ ခြံဝင်းထဲမှာ
အလေ.ကျပေါက်ပါတယ်။ ခုသုပ်ထားတာကတော. ရန်ကုန်က
ဝယ်တဲ. မြူ ရွက်ပါ။ ရှမ်းပြည်က မြူ ရွက်လောက်တော. စားရတာ
မနူးညံ့ပါဘူး။

မြူ ရွက်သုပ်အတွက်
မြူ ရွက် သင်ပြီးသား - 200 g
ကြက်သွန်နီတစ်လုံး
နှမ်းလှော် အနဲငယ်
ဆား၊ အရသာမှုန်.- ငံပြာရည်၊ ကြက်သွန်ဖြူဆီချက်၊ ပုဇွန်ခြောက်ထောင်း - အနဲငယ်စီ၊ မြေပဲလှော်ထောင်း ထမင်းစာဇွန်း 2 ဇွန်း၊ သံပုရာသီးတခြမ်း။
ပြုလုပ်နည်း
မြူရွက်ကို ရေစင်အောင်ဆေးပြီး ရေနွေးပွက်ပွက်ဆူထဲဆားခပ်ကာ 5 မိနစ်ခန်.ထည်.ပြုတ်ပြီး ရေခဲနှင့်ရေထည.်ထားသောဇလုံထဲသို. ဆယ်ထည်ပြီး အအေးခံထားပါ၊ မြူ ရွက်အေးပြီဆိုရင် ဇကာတစ်ခုနှင့်ရေစစ်ပြီး အနေတော်လှီးထားပါ၊
ကြက်သွန်နီကိုအခွံခွာကာ
ပါးပါးလှီးပြီး ရေနှစ်ရေလောက်ဆေးပြီး ရေစစ်ထားပါ။
ရေစစ်ထားတဲ. မြူ ရွက်ကို ပါးပါးလှီးထားသောကြက်သွန်၊ ဆား၊ အရသာမှုန်.- ငံပြာရည်၊ ကြက်သွန်ဖြူ ဆီ ချက်၊ ပုဇွန်ခြောက်ထောင်း - အနဲငယ်စီ၊ မြေပဲလှော်ထောင်း ထမင်းစာဇွန်း 2 ဇွန်းနှင့် သံပုရာသီးတခြမ်း ကိုညှစ်ထည်.ကာ သမအောင်နယ်ပြီး နမ်းလှော် (သို.) ကြက်သွန်နီ/ဖြူကြော်ဖြူပြီး သုံးဆောင်နိုင်ပါပြီးရှင်၊
သက်သတ်လွတ်စားသုံးလိုသူများ ငံပြာရည်နှင့် ပုဇွန်ခြောက်မုန်.မထည်.ပဲသုပ်စားနိုင်ပါတယ်..
 
Myanmar Foods & Other

မြန်မာစွယ်စုံမိသားစု ဘလော့စာမျက်နှာ မှ အကြောင်းရာများသည် အွန်လိုင်းပေါ် မှ ရှာဖွေစုစည်းဖေါ်ပြခြင်းဖြစ်ပါသည် ကျွန်တော်လိုသမျှစုဝေးထားရာတွင် သင်လိုတာများ ရှိနေနိုင်ပါစေ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ

မိမိလိုချင်တဲ့ဘာသာစကားရှာဖွေရန်