ချစ်သောမောင်နှမများအားလုံး
မင်္ဂလာပါရှင့့် 
ဒီနေတော့ မောင်နှမတို့ကို
ဗုံလုံသီး ပုစွန်အဆာသွပ်နဲ့ ငပိသုပ်လေး သုပ်ကျွေးရဦးမယ်နော့့်  အချို့ဒေသတွေမှာတော့
ပဲလင်းမြွေသီးလို့ ခေါ်ကြတယ်နော့့် 
ဈေးထဲမှာ ဗုံလုံသီးတွေ တွေ့တော့ အဆာသွပ်စားချင်တာ
အရမ်းပါပဲ့  ပြီးခဲ့တဲ့အပတ် အိမ်ပြန်တုန်းက အမေ့ကို ဗုံလုံသီးအဆာသွပ်ပြီး
ချက်စားကြရအောင်လို့ ပြောတော့ အမေက စားချင်ရင် ကိုယ့်ဘာသာကိုယ်ချက်တဲ့  လက်ဝင်လွန်းလို့တဲ့
့  ကျွန်မလည်း ချင်ခြင်းတပ်တာ့ 
အဲ့ဒါကို စားချင်လိုက်တာ့  အိမ်မှာရှိတဲ့လူတွေကို ဒီဟင်းကြိုက်/မကြိုက်
မဲခွဲဆုံးဖြတ်ရင် ကျွန်မရှုံးမှာ သေချာပေါက့့်  ချက်ရတာ လက်ဝင်လည်း
ကိုယ့်ဘာသာကိုယ်ချက်မှာပဲ ဘာဖြစ်လဲပေါ့  (အစား အသောက် သောင်းကျန်းတတ်တဲ့ 
့စားချင်ပြီဆိုရင် ဘယ်လောက်ပဲ
အချိန်ကုန်ကုန့့်  ချက်စားတတ်တာက ကိုယ့်အပြစ်နဲ့ကိုယ်ပဲလေ)
မနေ့က ရုံးကအပြန်ဈေးဝင်တော့
ဗုံလုံသီး (၂) တောင့် ၀ယ်လာခဲ့တယ့့်  ပုစွန် (၁၅) ကျပ်သား ၀ယ်ခဲ့တယ့့်  အဲ့ဒါနဲ့ပဲ
မနက်က အစောကြီးထပြီး ကျွန်မရဲ့ ချင်ခြင်းတပ်ခြင်း ဝေဒနာကို ကုသဖို့ရာ
မဟာစီမံကိန်းကြီးကို အကောင်အထည်ဖော်တော့တာပေါ့ 
လိုအပ်တဲ့ပစ္စည်းတွေကတော့
ဗုံလုံသီး (၂) တောင့်၊ ပုစွန် (၁၅) ကျပ်သား၊ ကြက်သွန်ဖြူ (၇) မွှာ၊ ကြက်သွန်နီ အလတ်
(၃) လုံး၊ ဆားအနည်းငယ်၊ သကြားအနည်းငယ်၊ ဆီအနည်းငယ်တို့ပါနော့့် 
ဗုံလုံသီးတွေရဲ့
အပြင်လွှာကို ဓားနဲ့ ခြစ်ပစ်၊ လေးလက်မအရှည်လောက်လေးတွေဖြတ်ပြီးတော့ အထဲက အစေ့တွေကို
တူနဲ့ ထိုးထုတ်ပစ်၊ ရေဆေးပြီး စစ်ထားလိုက်ပါတယ်။
ကြက်သွန်ဖြူနီနဲ့
ပုစွန်တို့ကို တောက်တောက်စင်းလို့ရသလို ဘလင်ဒါထဲ ထည့်ကြိတ်လိုက်လို့လည်း ရပါတယ့် 
့  အဆာသွပ်ဖို့ပုစွန်ကြိတ်ထားတဲ့အထဲ ဆားနဲ့ သကြားနည်းနည်းထည့်နယ်ပြီး အသင့်ပြင်ထား
လိုက်ပါတယ့့်  ပြီးတော့မှ ဗုံလုံသီးတစ်ပိုင်းချင်းစီထဲကို ပုစွန်တွေကို
စိတ်ရှည်လက်ရှည် အဆာသွပ်ပါတယ့့် 
အသင့်ဖြစ်ပြီဆိုရင်
ခပ်ကျယ်ကျယ်အိုးတစ်လုံး (သို့မဟုတ်) ဒယ်အိုးကျယ်ကျယ်ထဲ ဗုံလုံသီးတွေကို စီစီရီရီထည့်၊
ဆီထည့် (ဆီများများစားတတ်ရင် များများထည့်လို့ရပါတယ်ပြီး မီးဖိုပေါ်တင်ပြီး ချက်ပါ။
ရေလုံးဝ မထည့်ဘဲ ချက်ပါနော့့်  ဗုံလုံသီးဆိုတဲ့အမျိုးက သူ့ဟာသူ ရေတွေ
ထွက်လာတဲ့အတွက်ပါ့ 
၇ မိနစ် လောက်တည်ပြီးတဲ့အခါ
အဖုံးဖွင့်ကြည့်လိုက်ရင် အသီးထဲက ရေတွေထွက်လာတာတွေ့မှာပါ့  အဲ့ဒီအခါကျ
ကြေမွသွားသော ဗုံလုံသီးများ ဖြစ်မသွားရလေအောင် သတိထားပြီး အသီးတွေကို
ဟိုဘက် ဒီဘက်လှန်ပေးပါ့  ပြီးတော့မှ နောက်ထပ် ၅ မိနစ်လောက် ထပ်တည့့်  ရေအခမ်း
အသီးနူ့း့ အပိုလိုမရှိ ကွက်တိ ဖြစ်သွားတာပေါ့  ဒီဟင်းက အချိုလေ့း့ 
အနံ့လေးကလည်း မွှေးနေတာပဲ့  အရသာလေး ကတော့ ပြောမနေနဲ့  အရမ်းကောင့်း့  (အရည်လေးဆမ်းစားချင်ရင်တော့
ရေနည်းနည်းထည့်ပြီးချက်လို့ ရတယ်နော်)
ဒီဟင်းနဲ့
လိုက်ဖက်တာကတော့ ငပိသုပ်ပါ့  ငပိစိမ်းစား ထမင်းစားဇွန်းတစ်ဇွန်းကို
မီးကင်လိုက်ပါ့  ပြီးတော့ ကြက်သွန်နီဥကြီးတစ်လုံးကို ပါးပါးလှီး ရေဆေးပြီး ရေစစ်ထား
့  ငရုတ်သီးစိမ်းလေး ပါးပါးလှီ့း့  (ဗိုက်နာမှာစိုးရင် အိုးကင်ပူတိုက်ပြီး
ထောင်းလိုက်)၊ ပုစွန်ခြောက်မှုန့်လေး လက်ဖက်စားဇွန်း ၃ ဇွန်းလောက် ထည့့် 
သံပရာရည်ရွှဲရွှဲလေးညှစ်ပြီး အားလုံးသမအောင် နယ်လိုက့့်  အဲ့ဒါဆို အနံအရသာနဲ့
ပြည့်စုံပြီး သားရည်တောက်တောက်ကျစေမယ့်
ငပိသုပ်လေးရပြီ့ 
ချိုဆိမ့်မွှေးနေတဲ့
ဗုံလုံသီးအဆာသွပ်နှပ်နဲ့ သံပရာနံ့မွှေးမွှေ့း့ ချဉ်ငံစပ်အရသာနဲ့ ငပိသုပ့့် 
ဒီနှစ်မျိုးနဲ့ဆို ဆွေမျိုးမေ့ပြီပေါ့ 
ဒီနေ့ထမင်းချိုင့်ကိုအဲ့ဒါနဲ့
ထည့်ခဲ့တာ့  စားလို့တော့ သိပ်ကောင်းပါတယ့့်  အဆာသွပ်ရတာ လက်ဝင်ပြီး
အချိန်ယူတာမို့ နောက်တစ်ခါ အဲ့ဒီဟင်းချက်စားချင်ရင်တော့ ပိတ်ရက်မှ လုပ်ဖြစ်တော့မယ်
့ 
ပုစွန်အစား ကြက်သား၊
ဝက်သား၊ ဆိတ်သား၊ ပုစွန်ခြောက် ကြိုက်နှစ်သက်ရာနဲ့ ချက်စားနိုင်ပါတယ့့် 
အဆာသွပ်ရမှာ အချိန်ကုန်မှာစိုးရင်တော့ ဗုံလုံသီးတွေကို
မထူးမပါးလှီးပြီးတော့ နှစ်သက်ရာ အသား နဲ့ ရောချက်လိုက်လည်း
စားလို့ကောင်းတာပါပဲ့ 
တစ်ခါတလေ အစားအစာလေးကို
ကွန့်ပြီး လှတပတဖြစ်အောင် တန်ဆာဆင်ပြီး စားရတာလည်း ပင်ပန်းပေမယ့် စားလို့
ပိုဝင်တယ်လို့ ထင်မိပြန်ရော့  ကျွန်မရဲ့ ချင်ခြင်းတပ်တဲ့ စိတ်လေးလည်း အာသာ
ပြေသွားပြီပေါ့ 
မောင်နှမတို့ရေ့ 
ပင်ပန်းတယ်လို့တော့ မထင်ပါနဲ့  တစ်ခါတလေ ရာသီပေါ် ဗုံလုံသီးလေးကို
ဒီလိုလေးနှပ်ပြီး ငပိသုပ်လေးနဲ့ တွဲဖက်စားသုံးကြည့်ကြပါဦးလို့  lulucooking.blogspot.com

No comments:
Post a Comment