Friday, September 26, 2014

ရှီးပဒီး (ခ) ပိုးဆေးနွယ်ရှင်


...
အဦးဆုံးတော့ ဓာတ်ပုံကိုကြည့်ပါ ဘောက်ဖတ်လိုပိုးကောင်လေးပုံကို တွေ့ရပါလိမ့်မယ်။
ဘောက်ဖတ်က အစိမ်း သူက ညိုခြောက်ခြောက်။
မျက်လုံးနှစ်လုံးကြားမှာ အမြစ်ကလေးတစ်ခု တွေ့ပါလိမ့်မယ်။
ူထူးဆန်းပါတယ်။
အဲသည်ဘောက်ဖတ်လို အကောင်က မြေကြီးထဲနေပြီးတော့ မျက်လုံးနှစ်လုံးကြားက အမြစ်ကလေးလိုက သူ့ရဲ့အညွှန့်လေးပါ။
ရေခဲတောင် ရေခဲတွေပျော်ချိန်မှာ ရှီးပဒီးရှာကြပါတယ်။
အညွှန့်လေးက သေးသေးလေးမို့ လေးဘက်တွားပြီးရှာရပါတယ်။
ရေခဲပျော်ချိန်ဆို အောက်ကပေါက်လာတဲ့ အပင်မျိုးစုံကြားမှာ စူးစိုက်ပြီးရှာဖွေရပါတယ်။
အသည့်အညွှန့်လေး တွေ့တဲ့အခါ တယုတယတူးယူရပါတယ်။
ပြီးတော့လေသလပ်ခံ အခြောက်ခံရပါတယ်။
အညွှန့်လေးက ခြောက်သွားပြီး အမြစ်လေးလိုကျန်ရစ်ပါတယ်။
မြေကြီးထဲက အကောင်ကလည်း ခြောက်သွားပါတယ်။
ဘောက်ဖတ်မှာပါတဲ့အတိုင်း မျက်လုံး ခြေထောက်လေးတွေ ကိုယ်လုံးတွန့်တွန့်လေးတွေ အကုန်ပါပါတယ်။
ခက်တာက သူ့ကို အကောင်လား အပင်လားခွဲဖို့ခက်နေပါတယ်။
သူကတစ်နေရာက တစ်နေရာ မရွှေ့နိုင်လို့ ကျွန်တော်ကတော့ အပင်လို့ဘဲသတ်မှတ်တယ်။
ကျွန်တော့သဘောနဲ့ ကျွန်တော်သတ်မှတ်လိုက်တာနော်။
(အောက်ကစာသားတွေက blog တစ်ခုက ကူးယူဖော်ပြထားတာပါ)
မြန်မာပြည်မြောက်ပိုင်းတွင် အစွမ်းထက်သော တိုင်းရင်း ဆေးဝါးကောင်းများ လွန်စွာပေါများပါသည်။
ယနေ့ ကမ္ဘာ့တလွှားမှာ ခေတ်စားလာတဲ့ ရှီးပဒီး အကြောင်း အနည်းငယ် ပြောလိုပါသည်။
ရုပ်ပျိုကိုယ်နုဆေး သို့မဟုတ် ရှီးပဒီး ခေါ် အပင်တမျိုးသည် ပိုးဆေးနွယ်ရှင် (cordyceps) အပင်တမျိုး ဖြစ်ပါသည်။
ရုပ်ပျို ကိုယ်နု ဆေးအဖြစ် ဈေးကောင်းပေး ၀ယ်ယူလျက်ရှိ ကချင်ပြည်နယ်ထွက် ရှီးပဒီး (ခေါ်) ပိုးဆေးနွယ်ရှင် (cordyceps) များကို
ရုပ်ပျိုကိုယ်နုဆေးအဖြစ် ပြည်တွင်းပြည်ပ ကုန်သည်များ၊ ဆေးပညာရှင် များက ဈေးကောင်းပေး ၀ယ်ယူလျက်ရှိသည်၊
ရှီးပဒီး တစ်ကောင်လျှင် ကျပ်ငွေ တစ်သောင်းခွဲခန့်နှင့် တစ်ပိဿာလျှင် အမေရိ ကန်ဒေါ်လာ ၃၀၀၀၀ ခန့်အထိ ဈေးနှုန်း ရရှိနေကြောင်း ဒေသခံများ၏ ပြောကြား ချက်အရသိရသည်။
ရှီးပဒီးများသည် မြန်မာနိုင်ငံ မြောက်ဖျား၊ ကချင်ပြည်နယ်ရှိ ခါကာဘို ရာဇီတောင်ထိပ်၊ ဂမ်လန်ရာဇီ တောင်ထိပ် နှင့် တိဘက်-မြန်မာနယ်စပ်၊ ဆီးနှင်းထူထပ် သော ရေခဲထု အောက်တွင် တွေ့ရလေ့ရှိ ကြောင်း၊ အသက်ရှည်ဆေးခေါ် မချစ်ဥ များနှင့် ခမ်းတောက်မြစ် များကိုစား၍ အ သက်ရှင်ကြကြောင်း၊ ပိုးကောင်ဘ၀ဖြင့် ၆.လ၊ နွယ်ပင်အဖြစ် ၆.လ ပြောင်းလဲ ရှင် သန်ကြသောကြောင့် ပိုးဆေးနွယ်ရှင်ဟု လည်း ခေါ်ဝေါ်ကြကြောင်း သိရသည်။
ကချင်ပြည်နယ်ထွက် ရှီးပဒီးသုံးမျိုး သုံးစားရှိပြီး၊ ပေပေါင်း ၁၀၀၀၀ ကျော်၊ ပေပေါင်း ၆၀၀၀ ကျော်နှင့် ပေ ၆၀၀၀ အောက်မှ ထွက်ရှိသော
ရှီးပဒီးဟူ၍ ခွဲခြား ထားရာ ပေ ၁၀၀၀၀ ကျော်မှ ရှီးပဒီးဆေး မြစ်များသည် ဆေးစွမ်းအာနိသင် ပိုမိုထက် မြက်ကြောင်း၊ ပေ ၆၀၀၀ ၀န်းကျင်နှင့် ၆၀၀၀ အောက်တို့တွင် ရေခဲဆီးနှင်းနည်း ပါးသည့်အတွက် မချစ်ဥနှင့် ခန်းတောက် မြစ်မထွက်သော တောင်များတွင် ရှီးပဒီး တို့သည် တောင်ဇလပ်ကဲ့သို့သော ဆေး ဖက်ဝင်အပင်များကို တွယ်ကပ် စားသောက်ကြကြောင်း၊
ကချင်တိုင်းရင်းသား တို့သည် သစ်ပင်တွင် တွယ်ကပ်နေသော ရှီးပဒီးဆေးမြစ်များအား ရယူလေ့ရှိ ကြောင်း သိရသည်။
အလွန်အေးသော ဆီးနှင်းဖုံးဒေသ များဖြစ်သည့် ခါကာဘိုရာဇီ၊ ဂမ်လန်ရာဇီ တာင်မြင့်များမှ ရှီးပဒီး ဆေးမြစ် များကိုမူ ရေခဲအအေးဒဏ် ခံနိုင်ရည်ရှိသော ထရုံလူပုလေးများက ကောက်ယူ စုဆောင်းကာ အလွန်အေးသော ဒီဇင်ဘာ၊ ဇန်န၀ါရီလများတွင် နောင်မွန်းအထိ လာရောက်ရောင်း ချလေ့ရှိကြောင်း၊ ယင်းလူ မျိုးများသည် ရှီးပဒီးဆေးမြစ်များအား ဆားအိတ်များ၊ ကလေးအ၀တ်အစားများနှင့် လဲလှယ်လေ့ရှိကြောင်း တစ်နှစ်တစ် ကြိမ်သာ လာရောက်လေ့ရှိကြောင်း သိရ သည်။
ရှီးပဒီးများသည် ဟိမ၀န္တာတောင်စွယ်နှင့် ဆက်စပ်နေသော နီပေါ၊ တရုတ်၊ တိဘက်၊ မြန်မာနိုင်ငံတို့မှ ထွက်ရှိပြီး ကချင် ပြည်နယ်မြောက်စွန်းမှ ထုတ်လုပ်သော ရှီး ပဒီးသည် အစွမ်းအာနိသင် အရှိဆုံးဖြစ်သ ဖြင့် တရုတ် (တိုင်ပေ)၊ ကိုရီးယား၊ ဂျပန် နိုင်ငံများက၀ယ်ယူသုံးစွဲ နေကြကြောင်း သိရသည်။
(blog ရေးသူက အပင်ပေါ်ကယူတယ် အပင်ပေါ်က ပြုတ်ကျတဲ့အကောင်တွေကို ကောက်ရောင်းရတယ်လို့ ဆိုပါတယ်။ တကယ်တော့ ပုံမှာပါတဲ့အတိုင်း တူးရတာပါ။ ရှီးပဒီးကို ကျွန်တော်ခွဲကြည့်တော့ အထဲမှာ အကန့်လေးတွေ ဘဲတွေ့တယ်။ organ မတွေ့ရဘူး။ ဓာတ်ခွဲကြည့်တော့ ပရိုတိန်းပေါင်းစုံပါတယ်လို့ fame ဆေးဝါးထုတ်လုပ်ရေးက ဆရာဦးခင်မောင်လွင်က ဆိုပါတယ်။ ဆရာကတော့ အပင်မှာပါတဲ့ ဓာတ်သတ္တုတွေရော၊ အကောင်မှာပါတဲ့ ဓာတ်သတ္တုတွေရော နှစ်မျိုးစလုံးကို ရှိးပဒီးမှာတွေ့ရတယ် လို့ဆိုပါတယ်)
Nyo Lwin Oo
============
Today Myanmar

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ

မိမိလိုချင်တဲ့ဘာသာစကားရှာဖွေရန်