ကြက်ဥ( သို့) ဘဲဥ ၁၀
လုံး
( အကျက်ပြုတ်ပြီး အခွံနွှာထားပါ)
(တချို့ က ဓါးနဲ့ နဲနဲ မွှန်းပါတယ်)
ကြက်သွန်နီ အရွယ်လတ် ၎
ဥ
( အခွံနွှာ ပြီးထောင်းထားပါ)
ကြက်သွန်ဖြူ ၁၅ မွှာခန့်
(စားပွဲတင်ဇွန်း ၁ဇွန်းခွဲ ခန့်ရအောင်ထောင်းထားပါ)
ငရုပ်သီး အကြမ်းမှူန့် စားပွဲတင်ဇွန်း
၃ ဇွန်းခန့်
(အစပ်ကြိုက်လျင် ပိုထည့်နိုင်ပါတယ် )
ပုဇွန်ခြောက် စားပွဲတင်ဇွန်း
၂ ဇွန်း
(ရေ စိမ်ပြီး ရေညှစ်ခါ အကောင်ပျက်ရုံ ထောင်းထားပါ)
နနွင်း သင့်ရုံ
(ရေ စိမ်ပြီး ရေညှစ်ခါ အကောင်ပျက်ရုံ ထောင်းထားပါ)
နနွင်း သင့်ရုံ
ငံပြာရည် သင့်ရုံ
ကြက်သားမှူန့် သင့်ရုံ
ကြက်ဥကြော်ရန်ဆီ နှင့်
ဟင်းချက်ရန် ဆီ ဟင်းချက်ဇွန်းကြီး
၎ ဇွန်းခန့်
ကြက်ဥကြော်ထားသော ဆီအိုးထဲမှ ဟင်းချက်ဇွန်းကြီး တဇွန်းစာကို ဖယ်လိုက်ပါ။
လက်ကျန်ဆီ တွင် နနွင်းမှူန့်ကို ထည့်ပါ။ ကြက်သွန် ဖြူ ၊ နီ ဆီသပ်ပါ။
ကြက်သွန်ဖတ်လေးများကော့ပြီး မွှေးလာပြီဆိုလျင် ငရုပ်သီး အကြမ်းမှူန့် ထည့်ပါ။
မီးအရှိန် မပျင်းအောင် ဂရုစိုက်ပါ။
ရနံ့မွှေးလာလျင် ထောင်းထားသောပုဇွန်ခြောက် များထည့်ပါ။ မွှေးလာသည်အထိ ချက်ပါ။
ငံပြာရည် ၊ ကြက်မှူန့် ထည့်ပါ။
( အပေါ့အငံ မိမိ နှစ်သက်သလို ထည့်ပါ)
အနှစ်အနေအထား ရောက်လျင် ကြော်ထားသော ကြက်ဥ များ ရောပါ။
သမ အောင်မွှေပါ။
ဆီပြန်လာလျင် မီးဖိုပေါ်မှ အိုးချ ကာ ဟင်းပွဲ ပြင်နိုင်ပါပြီ ..။
No comments:
Post a Comment