ဆောင်းရာသီအတွက် ဆောင်ရန်ရှောင်ရန် အစားအစာလေးများ
- ပေါက်ပေါက်၊ ရန်ကုန်တိုင်း ဂျာနယ်၊ အတွဲ (၁၀)၊ အမှတ် (၄၅)။
...
ရှေးမြန်မာကြီးများက ဆောင်းတွင်း တစ်တွင်းလုံး ကျန်းမာစေဖို့ အတွက် လက်စွဲတော်ဆေးနည်း တိုလေးကို မှီဝဲလေ့ရှိကြပါတယ်။ ၄င်းဆေးနည်းမှာ ငရုတ် ကောင်းစိမ်း၊ ပိတ်ချင်းသီး၊ ချင်းစိမ်းခြောက်သုံးမျိုးအား ကိုးမူးသားစီ ဆတူရော၍ ထိုအရောအနှောထဲကို ထန်းလျက် ရည်နှင့်ပျားရည် ၁ဝကျပ်သားစီရောစပ်ပြီးဆေးရည်တည် ပါတယ်။
ထိုဆေးနှစ်ရည်လက်ဖက်ရည်ဇွန်း တစ်ဝက်စာ ပမာဏခန့်ကို ဆောင်းဝင်သည့်နေ့ကစပြီး တစ်နေ့တစ် ကြိမ်မျှသာစားပေးရုံဖြင့် ဆောင်းဥတုမှာမည်သည့်ရောဂါ မျှမရှိနိုင်တော့ဘူးလို့ဆိုပါတယ်။
ထိုနည်းတူစွာပင် နွေရာ သီ၊ မိုးရာသီများအတွက်ပါ ဆေးနည်းတိုလေးများကို ဖော် စပ်သောက်တဲ့ဓလေ့ကို လေ့လာကြည့်ခြင်းအားဖြင့် ရှေးမြန် မာကြီးများဟာ ကျန်းမာရေးအသိအ မြင်နဲ့ပတ်သက်ပြီး ခေတ်နောက်မကျ ဘူးလို့ ဆိုနိုင်ပါ တယ်။ ယ နေ့ကမ္ဘာ မှာ တစ် နေ့တခြား တိုးတက်
ခေတ်မီလာတဲ့ အလျောက်၊ ရုပ်ဝတ္တုတွေနောက်အမီလိုက် ရင်း နေထိုင်စားသောက်မှုပုံစံတွေလည်း ပြောင်းလဲလာ ကြရာ လွယ်ကူမြန်ဆန်တဲ့ အစားအသောက်တွေကို အာ သီသရှိလာကြပြီး ကျန်းမာရေးအတွက် ဘေးထွက်ဆိုးကျိုး များစွာ ခံစားနေကြရပါတယ်။ ဒီတစ်နှစ်ဆောင်းဥတုမှာ တော့ဖြင့် ရာသီဥတုနှင့်လျော်ညီစွာ စားသောက်နေထိုင် တတ်ဖို့အတွက် အောက်ဖော်ပြပါ ဆောင်ရန်ရှောင်ရန်အ စားအစာလေးများဖြင့် မျှဝေလိုက်ရပါတယ်။
ဆောင်းရာသီအတွက် ဆောင်ရန်အစားအစာများ
====================================
(၁) အချဉ်သီးများ
********************
ဗီတာမင်စီမြင့်မားစွာပါရှိတဲ့ လိမ္မော်၊ သံပရာ၊ ရှောက်၊ ဂရိတ်ဖရုစတဲ့ အသီးများကို စားပေးသင့်ပါတယ်။ ၄င်းအ သီးတွေထဲမှာ ဖောလစ်အက်ဆစ်အပြင်၊ ချေဖျက်နိုင်တဲ့ အမျှင်ဓာတ်တွေ အလုံအလောက်ပါရှိနေတာမို့ အစာကြေ စေပါတယ်။ ဒါ့ပြင် ခန္ဓာကိုယ်အကျိုးပြု ဓာတ်တိုးဆန့်ကျင် ပစ္စည်းများလည်း ကြွယ်ဝစွာပါရှိနေတာကြောင့် ကိုယ်ခံ စွမ်းအားကိုတိုးတက်မြင့်မားလာစေပြီး အအေးမိ၊ နှာစေး၊ ချောင်းဆိုး စတဲ့ပြင်ပကူးစက်ရောဂါတွေ အလွယ်တကူ မဝင်ရောက်နိုင်တော့ပါဘူး။ ဆောင်းဥတုမှာ အစာမကြေ ရင် ပြည့်ရင်ကယ်ဖြစ်လေ့ရှိသူများဟာ နံနက်စာစားပြီး တိုင်း သံပရာရည်တစ်ခွက် သောက်ပေးသင့်ပါတယ်။
(၂) မြေအောက်မြစ်လျှောက်အပင်များ
******************************************
မုန်လာဥနီ၊ မုန်လာဥဖြူ၊ ရွှေဖရုံသီး၊ ကန်စွန်းဥ၊ ရွက် စားမုန်လာ၊ စိမ်းစားဥ၊ အာတာလွတ်ဥ၊ ကြက်သွန်နီစတဲ့ ဟင်းသီးဟင်းရွက်များဟာ မြေအောက်မြစ်လျှောက်အမျိုး အစားများဖြစ်တာကြောင့် မြေဆီလွှာထဲမှ သတ္တုဓာတ် နှင့် အာဟာရတို့ကို အပြည့်အဝစုပ်ယူထားကြပါတယ်။ ဒါ့ပြင် မြေပြင်ပေါ်မှာထိုးထိုးထောင်ထောင်ဖြစ်နေတဲ့ ရွှေ ဖရုံရွက်ညွန့်၊ မုန်လာရွက်တွေကလည်း နေရောင်ခြည်ဖြင့် အစာချက်လုပ်ထားကြပါတယ်။ ဒါကြောင့် ကစီဓာတ်ြ<ွကယ်ဝကာ လူကိုအာဟာရဖြစ်စေတဲ့ ၄င်းမြေပေါ် မြေ အောက်ဟင်းသီးဟင်းရွက်များကို ဆောင်းရာသီဓာတ်စာ အဖြစ် စားပေးသင့်ပါတယ်။ (အာလူးကလည်း ဆောင်း ရာသီဓာတ်စာဖြစ်ပါတယ်။ သို့သော် အာလူးကိုအခွံနွှာ ၍ တစ်ညသိပ်ရေစိမ်ပြီးမှ စာပေးသင့်သလို၊ အခွံအစိမ်း ရောင်ရှိတဲ့ အာလူးမျိုးကိုတော့ လုံးဝမစားသင့်ပါဘူး)
(၃) ဆန်လုံးညို
******************
နေ့စဉ်စားသောက်နေတဲ့ ဆန်ထက် စာရင် ဆန်လုံးညိုက လူကိုအာဟာ ရ ပိုစေပါတယ်။ ဘာကြောင့် လဲဆိုရင် ဆန်လုံးညို မှာ လူသားတို့အ တွက် သက် စောင့်ဆေးအာနိသင်များဖြစ်ကြတဲ့ မဂ္ဂနီစီယမ်၊ မဂ္ဂနီးစ်၊ ဇင့်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းနှင့်အမျှင်ဓာတ်တွေ ကြွယ်ဝ စွာပါရှိနေလို့ပါပဲ။ (၄င်းမျိုးနွယ်ဝင်ကွေကာအုပ်အကြမ်း များဟာလည်း ဆန်လုံးညိုလောက်နီးပါး လူကို အာဟာရ ဖြစ်စေပါတယ်။ ဒါကြောင့် ဆောင်းရာသီမှာ တစ်နေ့တာ လုံး အာဟာရပြည့်နေစေဖို့အတွက် ဆန်လုံးညိုဆန်ပြုတ် (သို့မဟုတ်) ကွေကာအုပ်အကြမ်းတို့ကိုပြုတ်၍ နံနက်စာ အာဟာရအဖြစ် သောက်ပေးသင့်ပါတယ်)
(၄) လက်ဖက်ခြောက်ရေနွေးကြမ်းနှင့်သောက်ရေသန့်
************************************************************
ဆောင်းရာသီရောက်တဲ့အခါ သဘာဝအလျောက် ခန္ဓာကိုယ်တွင်းထဲမှာအပူခဲပြီး ခန္ဓာကိုယ်ပြင်ပ၏ အသား အရေကတော့ အေးစက်နေတတ်ကြပါတယ်။ အပူအအေး မျှတစွာနေထိုင်ဖို့အတွက် လက်ဖက်ခြောက်ရေနွေးကြမ်း သောက်ပေးသင့်ပါတယ်။ ရေနွေးကြမ်းက ကိုယ်ခံအား ကောင်းမွန်စေပြီး၊ နှလုံးကျန်းမာရေးသာမက အစာမကြေ ခြင်းနှင့် အစာအိမ်ကို ကောင်းကျိုးပြုပါတယ်။ ဆောင်း ဥတုမှာ အသားအရေ ခြောက်သွေ့ တတ်တာကြောင့်လည်း ခန္ဓာကိုယ်တွင်းရေဓာတ်မခန်းခြောက်စေဖို့ တစ်နေ့ကို သောက်ရေရှစ်ဖန်ခွက်ထက် မနည်းသောက်ပေးသင့်ပါ တယ်။ (ရေခဲရေ လုံးဝမသောက်ပါနှင့်)
(၅) ဟင်းလျာများ
*******************
(က) ကြက်သားထဲမှာပါရှိတဲ့ ကယ်လ်စီယမ်၊ မဂ္ဂနီ စီယမ်၊ ဖော့စဖရပ်၊ စီလီကွန်၊ ဆာလ်ဖာစတဲ့ သက်စောင့် ဓာတ်များက လူကိုခွန်အားဖြစ်စေတဲ့အပြင်၊ ဆောင်းရာသီ ရောဂါများဖြစ်ကြတဲ့ အစာမကြေ၊ အအေးမိတုပ်ကွေး၊ အပူ ကန်လည်ချောင်းနာရောဂါတွေကို ကြက်သားက လွန်စွာ ကောင်းကျိုးပြုပါတယ်။
(ခ) ငါးနဲ့ အမဲသားတို့ကလည်း ဆောင်းရာသီအတွက် ဓာတ်စာလေးများဖြစ်ပါတယ်။
(၆) ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံများ
**********************************************
ပင်ကိုယ်ခန္ဓာကိုယ်တွင်းအပူများတဲ့သူတွေဟာ ဆောင်း ဦးပေါက်ရာသီဥတုအပြောင်းအလဲမှာ အပူကန်ထွက်လာ တာကြောင့် ကျီးကန်းပါးစပ်၊ နှုတ်ခမ်းကွဲ၊ လည်ချောင်း နာ၊ မျက်စိနာ၊ အပူချောင်း၊ လျှာကွဲ၊ အပူဖျားတွေ ဖြစ်လာ ပါတယ်။ ထိုသူများအတွက် အပူငြိမ်းဝမ်းမှန်စေဖို့ မန်ကျည်း မှည့်ဖျော်ရည်ထဲကို ဆားထည့်၍သောက်ပါ။ တလည်းသီး ကလည်း ကိုယ်တွင်းအပူအပုပ်များကို လျှော့ချပေးနိုင်ပါ တယ်။ မျှစ်၊ ချဉ်ပေါင်ရွက်၊ အစိမ်းရောင်ပန်းငရုတ်ချိုပွ၊ ကျောက်ဖရုံသီး၊ ကြက်ဟင်းခါးသီး၊ ခရမ်းချဉ်သီး၊ စောင်း လျားသီး၊ ချဉ်စော်ခါးသီးတို့ဟာလည်း ဆောင်းတွင်းဓာတ် စာများဖြစ်ကြပါတယ်။ ဗီတာမင်စြီ<ွကယ်ဝပြီး အမျှင်ဓာတ် များတဲ့ဂေါ်ဖီထုပ်ကို ဆောင်းရာသီဓာတ်စာ ဟင်းခါးပူပူ လေးအဖြစ် မကြာခဏသောက်ပေးပါ။
ဆောင်းရာသီအတွက် ရှောင်ရန်အစားအစာများ
(၁) အေးမြတဲ့ဆောင်းရာသီမှာ အစာကြေညက်ခဲ တာကြောင့် ဆီနှင့်အဆီအအိမ့်တွေ လျှော့စားပေးသင့် ပါတယ်။
(၂) အာလူးကြော်၊ ကြက်ကြော်၊ ဒိုးနတ်စတဲ့ ဆီ ကြော်မုန့်များ၊ မြေပဲ၊ ဗာဒံစေ့၊ သီဟိုဠ်စေ့ စတဲ့အဆန် များ၊ ကြက်၊ ဝက်အူချောင်းများကို ရှောင်နိုင်ရင်ကောင်းပါ တယ်။
(၃) အဆီအနှစ်နှင့် ငရုတ်သီးများတဲ့ ဟင်းလျာအ စပ်တွေက ရင်ပူစေပါတယ်။
(၄) ဆောင်းရာသီမှာ ခရမ်းသီး က လူကိုကောင်းကျိုးမပြုပါဘူး။
(၅) ကော်ဖီနှင့်ချောက လက်ဖျော်ရည်များကလည်း ရင်ပူစေနိုင်ပါတယ်။ ခန္ဓာ ကိုယ်တွင်း ရေဓာတ်ခန်းခြောက်မှုမဖြစ်ရအောင် ကဖိန်းဓာတ် ပမာဏကို နည်းနိုင်သမျှလျှော့သောက်ပါ။
(၆) ဆောင်း ရာသီမှာ အကြော်အလှော်ဟင်းလျာများက ရင်ပူစေနိုင်တာ ကြောင့် အသားငါးတွေကိုဆီဖြင့်ကြော်စားခြင်းထက် ချက် ပြုတ်၍သာ စားခြင်းက ပိုသင့်လျော်ပါတယ်။
(၇) အဆီ များသော နို့နှင့်နို့ထွက်ပစ္စည်းများဖြစ်ကြတဲ့ ချိစ်၊ မလိုင်၊ ကရင်မ်များ၊ ၄င်းကရင်မ်ဓာတ်ကဲထားသော ကွတ်ကီးစ် မုန့်များက နှာချောင်း၊ လည်ချောင်း၊ ရင်ခေါင်းတို့ကို ပိတ် ဆို့စေတဲ့အပြင် အစာမကြေခြင်းကိုပါ ဖြစ်စေနိုင်ပါတယ်။
(၈) ဂျုံဖြင့်လုပ်ထားတဲ့အစားအစာတွေကလည်း ဆောင်း ရာသီမှာ အစာမကျေခြင်းကိုဖြစ်စေနိုင်ပါတယ်။
(၉) ဓာတု ဆေးဝါးသုံး၍ ဖြူဆွတ်အောင်ပြုပြင်ထားတဲ့သကြားများ က သွေးဆဲလ်များကို ထိခိုက်စေနိုင်ပြီး ကိုယ်ခံစွမ်းအား ယုတ်လျော့စေတာကြောင့် အအေးမိ၊ ဖျားနာ ချောင်းဆိုး ကူးစက်ပိုးတွေကို ခံနိုင်ရည်မရှိတော့ပါဘူး။ ဒါကြောင့် အ ဖြူရောင်သကြားများနှင့် ¤င်းဖြင့်ပြုလုပ်ထားသော အချို ရည်တွေကို ဝေးဝေးကရှောင်နိုင်လေ ကောင်းလေပါပဲ။

No comments:
Post a Comment