
တစ်ကိုယ်လုံး ဖေါယောင်ပြီး အသည်းဝေဒနာ ကိုယ်တွေ့လက်တွေ့ဆေးမီးတိုမို့ တိုက်ဆိုင်သူများအတွက် ဒါနပြုပါရစေ။ကျွန်တော့်လက်တွေ့ ပျောက်ကင်းချမ်းသာတဲ့ ဆေးပါ။ကျွန်တော်တို့
ဟင်္သာတမြို့ မြောက်ပိုင်းဖက်မှာ အရမ်းပေါပါတယ်။အရပ်ဒေသအခေါ်ကတော့
ဆူးပန်းတောင်းပင်( ဆူးပဒေါင်းပင်)လို့ ခေါ်ပါ တယ်။လယ်ကွင်းစပ်၊
အင်းစပ်အိုင်စပ်တွေမှာ အလေ့ကျပေါက်တဲ့ အပင်မျိုးပါ။အဲဒီ ဆူးပန်းတောင်းပင်
ကို အမြစ်ပါအောင်နှုတ်ပြီး အမြစ်မှရွှံ့များအောင် ရေစိမ်ထားပါ။အမြစ်မှာ
ရွှံ့စင်တဲ့အခါ တစ်မိုက်လောက်စီပိုင်းပြီး အိုးသန့်သန့်နဲ့
သုံးခွက်တစ်ခွက်တင်ကြိုပါ။အနက်ရောင်အရည်များထွက်လာပါလိမ့်မည်။ထိုအရည်ထဲသို့
ဒိုပါလာသကြား(ဘယဆေးဆိုင်များတွင် ဝယ်၍ရပါသည်)အနည်းငယ် ကို
အမှုံ့ကြိတ်ထည့်ပြီးသောက်ပါ။ ဆီးခဏခဏသွားပါလိမ့်မည်။၃- - ၄ အိုးခန့်
ဆက်၍သောက်ပေးပါ။ချက်ချင်းသိသာစွာချမ်းသာလာလိမ့်မည်။ကျွန်တော့်
လက်တွေ့ဆေးမို့ ရဲဝန့်စွာ ဒါနပြုလိုက်ပါတယ်။ မရှင်းလင်းတာ ရှိပါက
ကျွန်တော့်ဖုံးနံပါတ်09422552267 ကို ဆက်သွယ်နိုင်ပါတယ် ခင်ဗျာ။အားလုံးသော
မိတ်ဆွေများ ကျန်းမာ၍ချမ်းသာနိုင်ကြပါစေ ဗျာ ဒီဘလော့စာမျက်နှာ မှ အကြောင်းရာများသည် အွန်လိုင်းပေါ် မှ ရှာဖွေစုစည်းဖေါ်ပြခြင်းဖြစ်ပါသည် အဆင်ပြေတယ်ဆိုရင် comments ရေးခဲ့ပါအုံး မိတ်ဆွေ မြန်မာစွယ်စုံမိသားစု မှ ကြိုဆိုပါတယ်
No comments:
Post a Comment