Monday, November 10, 2014

ဆံကေသာပျော့ပြောင်းစေမည့် သဘာဝဆေးနည်း

ဆံကေသာပျော့ပြောင်းစေမည့် သဘာဝဆေးနည်း
--------------------------------------------------------

ဆံပင်ကို ပျော့ပြောင်းပြီး နက်မှောင်စေမည့် အစွမ်းထက်သော သဘာဝဆေးနည်းလေးကို မျှဝေပေးလိုက်ပါတယ်။ 

ဓါတုဗေဒဆေးများ မပါဝင်ပဲ ကိုယ်တိုင်လုပ် သဘာဝဆေးနည်းလေးမို့ အန္တရာယ်ကင်းစွာ အသုံးပြုနိုင်ပါတယ်။ ပါဝင်သည့် ပစ္စည်းများကလည်း စတိုးဆိုင်နှင့် ကုန်တိုက်တွေမှာ အလွယ်တကူ ၀ယ်ယူရရှိနိုင်သည့် ပစ္စည်းများသာ ဖြစ်ပါတယ်။ 

(၁) အုန်းဆီ
(၂) ရှားစောင်းလက်ပတ်ဆီ
(၃)  ရေမှုန်ဖြန်းနိုင်သည့် ဗူး (Spray Bottle)
(၄) ပေါင်းခံရည် 
(၅) မိမိနှစ်သက်သည့် ရနံ့တစ်ခုခု၏ အဆီ

ဖော်စပ်နည်း 

၁။ ရေမှုန်ပက်ဖြန်းနိုင်သည့် ဗူးထဲကို ပေါင်းခံရည် ထက်ဝက်ခန့် ထည့်ပါ။ 

၂။ အုန်းဆီ လက်ဖက်ဇွန်း ၂ ဇွန်းခန့် ထည့်ပါ။ 

၃။ ရှားစောင်းအဆီ သို့မဟုတ် ဂျယ်လီကို ထည့်ပါ။ 

၎။ မိမိနှစ်သက်သည့် ရနံ့တစ်ခုခု၏ အဆီကို ၃ စက်ခန့် ထည့်ပြီး အဖုံးအုပ်ကာ သမအောင် ရောစပ်ပြီး လှုပ်ခါပေးပါ။ 

၎င်းဆေးရည်ကို ရေချိုးပြီးသည့်အခါတိုင်း ဆံပင်ကို ခြောက်အောင် မသုတ်ခင် ပက်ဖြန်းပေးပြီး ဘီးအကြဲဖြင့် ညင်သာစွာ ဖြီးပေးပါ။ 

သင့်ရဲ့ ဆံကေသာများ မကြာခင်မှာ နက်မှောင်ပျော့ပြောင်းလာပြီး
 မြင်သူတကာကို ဆွဲဆောင်နိုင်သည့် ဆံကေသာအလှကို ပိုင်ဆိုင်စေပါလိမ့်မည်။ 

နေဆိုင် (ပူတာအို) 
ကိုးကား ။ ။ Natural Home Made For Beauty Hair.

ကျန်းမာရေးသတင်းများ

မူရင်းလင့် = www.facebook.com/pages/ကျန်းမာရေးသတင်းများ/231741783686751

ဒီဘလော့စာမျက်နှာ မှ အကြောင်းရာများသည် အွန်လိုင်းပေါ် မှ ရှာဖွေစုစည်းဖေါ်ပြခြင်းဖြစ်ပါသည် အဆင်ပြေတယ်ဆိုရင် comments ရေးခဲ့ပါအုံး မိတ်ဆွေ မြန်မာစွယ်စုံမိသားစု မှ ကြိုဆိုပါတယ်

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ

မိမိလိုချင်တဲ့ဘာသာစကားရှာဖွေရန်