Friday, November 7, 2014

ဝက်ခြံပျောက်တဲ့ သဘာဝဆေးနည်းတစ်မျိုး

Photo: ၀က်ခြံပျောက်တဲ့ သဘာဝဆေးနည်းတစ်မျိုး
-----------------------------------------------

မျက်နှာပေါ်က ၀က်ခြံများကို လိမ်းဆေးမျိုးစုံဖြင့် လိမ်းပြီး မသက်သာဘူးဆိုလျှင် အောက်ပါ သဘာဝဆေးနည်းလေးကို သုံးကြည့်ပါ။ လက်တွေ့ ပျောက်တဲ့ ဆေးနည်းလေးမို့  ပြန်လည်မျှဝေလိုက်ပါတယ်။

လိုအပ်သော ပစ္စည်းများ

၁။ ထောပတ်သီးတစ်လုံး
၂။ ငှက်ပျောသီးတစ်လုံး
၃။ ပျားရည်စစ်စစ် (၂ ဇွန်းခန့် )
၎။ ဒိန်ချဉ် (၂ ဇွန်းခန့် )

ဖော်စပ်နည်း

ပျားရည်စစ်စစ် မရနိုင်သော်လည်း ၃ မျိုးတည်းဖြင့် ပြုလုပ်နိုင်ပါတယ်။ ၄င်းတို့ကို သမနေအောင်မွှေပြီး ကြိတ်နယ်လိုက်ပါ။ ညက်နေအောင် ကြိတ်ပြီးလျှင် မျက်နှာပေါ်ကို သုတ်လိမ်းပေးပါ။ မျက်နှာဖုံးပြုလုပ်သလို ဖုံးအုပ်ပေးထားပါ။

မိနစ် ၂၀ (သို့မဟုတ်) နာရီဝက်ခန့်ကြာပြီးလျှင် ရေနွေးဖြင့် မျက်နှာကို သန့်စင်လိုက်ပါ။ မျက်နှာပေါ်မှာ ၀က်ခြံ၊ တင်းတိပ်၊ မှဲ့ခြောက်နှင့် အဖုလေးများ ကင်းစင်သွားပြီး မျက်နှာပိုမို တောက်ပလာပါလိမ့်မည်။

မျက်နှာအဆီပြန်သူများလည်း ၄င်းဆေးနည်းကို အသုံးပြုပေးပါက မျက်နှာအဆီမပြန်တော့ပဲ အသားအရေကို တင်းတင်းရစ်ရစ်ဖြစ်စေပြီး ၀င်းပလာစေမှာဖြစ်ပါတယ်။
 
နေဆိုင် (ပူတာအို) ကျန်းမာရေးသတင်းများ
ကိုးကား ။ ။ Natural Ways For Beauty Face

မူရင်း = www.facebook.com/pages/ကျန်းမာရေးသတင်းများ/231741783686751

ဒီဘလော့စာမျက်နှာ မှ အကြောင်းရာများသည် အွန်လိုင်းပေါ် မှ ရှာဖွေစုစည်းဖေါ်ပြခြင်းဖြစ်ပါသည် အဆင်ပြေတယ်ဆိုရင် comments ရေးခဲ့ပါအုံး မိတ်ဆွေ မြန်မာစွယ်စုံမိသားစု မှ ကြိုဆိုပါတယ်

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ

မိမိလိုချင်တဲ့ဘာသာစကားရှာဖွေရန်