Tuesday, February 10, 2015

ဆံပင်အတွက် ကြက်သွန်နီ


ဆံပင်အတွက် ကြက်သွန်နီ
**************************
ဆံပင်သန်၊ ဆံပင်ပြန်ပေါက်တဲ့ အိမ်တွင်းကုထုံးနည်းလေး ရှိတယ်။ အဲဒါကတော့ ကြက်သွန်နီကို ရေလဲသုံးတာပါပဲ။
...
ကြက်သွန်နီက ဆာလဖာဓာတ် ပါဝင်မှု မြင့်မားလို့ မွှန်တဲ့အနံ့တော့ ရှိတယ်။ ဆံပင်မကျွတ်တော့တဲ့အထိ၊ ဆံပင်ပြန်ပေါက်တဲ့အထိ ဗောက်တွေပျောက်တဲ့အထိ သည်းခံ သုံးပေးနိုင်မယ်ဆိုရင်တော့ ဘေးကင်းတဲ့ဆေးတစ်ခုပါလို့ ကျနော်တို့ ကျန်းမာရေးသတင်းများ ပေ့ခ်ျကနေ သတင်းစကား ပါးချင်ပါတယ်။

ကြက်သွန်နီအရည်နဲ့ ဦးရေပြားကို နှိပ်နယ်ပေးမယ်ဆိုရင် သွေးလှည့်ပတ်မှု တိုးတက်လာမယ်။ ကြက်သွန်နီထဲက ဆာလဖာဓာတ်ဟာ ဆံပင်ကျန်းမာရေးအတွက် အကျိုးပြုမယ့် ကော်လာဂျင်ကို ထုတ်ပေးတယ်။ ဘက်တီးရီးယားကို နိုင်နင်းတဲ့ အစွမ်းသတ္တိကြောင့် ဦးရေပြားပေါ်က ကူးစက်ရောဂါတွေကိုလဲ ကာကွယ်ပေးနိုင်တယ်။ ပုံမှန်ကတော့ ဆံပင်ထူချင်လို့ ကြက်သွန်နီကို အသုံးပြုကြပေမယ့် နောက်ထပ်အစွမ်းတွေလဲ ရှိပါတယ်။ ဆံပင်မသန်၊၊ ဆံပင်ကျွတ်လွယ် စတဲ့ ဦီးရေပြားပြသနာတွေအတွက် ကောင်းမွန်တာပါပဲ။
ဦးခေါင်းထဲ yeast infection ခေါ်တဲ့ စေးထန်းနေတာမျိုး၊ ဦးရေပြား မှိုတက်တာ၊ ဦးရေပြားမှာ ၀က်ခြံပေါက်တာ၊ ဗောက်တွေ ပေါက်တာမျိုးတွေကို ကုသ ပျောက်ကင်းစေပါတယ်။ ဦးရေပြား ခြောက်သူ၊ ဦးရေပြား အဆီထွက်သူတွေလဲ အလားတူ ပျောက်ကင်းသက်သာစေပါတယ်။
စောနွဲ့နေဆိုင်(ပူတာအို)
ကျန်းမာရေးသတင်းများ

ဒီဘလော့စာမျက်နှာ မှ အကြောင်းရာများသည် အွန်လိုင်းပေါ် မှ ရှာဖွေစုစည်းဖေါ်ပြခြင်းဖြစ်ပါသည် အဆင်ပြေတယ်ဆိုရင် comments ရေးခဲ့ပါအုံး မိတ်ဆွေ မြန်မာစွယ်စုံမိသားစု မှ ကြိုဆိုပါတယ်

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ

မိမိလိုချင်တဲ့ဘာသာစကားရှာဖွေရန်