Friday, December 19, 2014

ကျောက်ကပ်ပြဿနာအတွက် အိမ်တွင်းကုထုံးများ

ကျောက်ကပ်ပြဿနာအတွက် အိမ်တွင်းကုထုံးများ
===========================

၁) ကျောက်ကပ်ရောဂါဖြစ်တယ်ဆိုတာ ရောဂါပိုးနဲ့ ဘက်တီးရီးယားတွေက သင့် ကျောက်ကပ်ထဲမှာနေထိုင်ပြီး ပွားများနေတာပါပဲ...

၂) ရေများများသောက်ခြင်းဖြင့် ဒီရောဂါပိုးနဲ့ ဘက်တီးရီးယားတွေကို ဆေးကြောဖယ်ရှားပေးဖို့ ကူညီနိုင်ပါလိမ့်မယ်...

၃) ဆီးအောင့်တဲ့အခါမှာ ရှောက်ဖျော်ရည်ကိုရေနဲ့ သကြားနဲ့ ရောဖျော်ပြီး တစ်နေ့ ၂ ကြိမ်ကနေ ၃ ကြိမ်သောက်ပေးပါ...

၎) ကညွတ်၊ သခွား၊ တရုတ်နံနံ၊ တရုတ်နံနံကြီးနဲ့ ကြက်သွန်ဖြူတို့ဟာ ကျောက်ကပ်ရောဂါကုသရာမှာ သင့်တော်တဲ့ အသီးအရွက်တွေဖြစ်ပါတယ်... သင်္ဘောသီးဟာလည်း ကျောက်ကပ်ကိုကုသနိုင်စွမ်းရှိပါတယ်...

၅) ကျောက်ကပ်ရောဂါကြောင့် ဝေဒနာခံစားနေရတဲ့သူတွေဟာ အာလူးကိုစားသင့်ပါတယ်... အာလူးမှာ ဆိုဒီယမ်နဲ့ ပိုတက်စီယမ် အနည်းငယ်သာပါဝင်ပါတယ်... ပိုတက်စီယမ်များနေရင် ကျောက်ကပ်ကနေပြီး ဆားဓာတ်အများအပြားထွက်စေပါတယ်...

၆) အသားစားနှုန်းကိုလည်း တစ်နေ့ကို လေးဆယ်ဂရမ်အောက်သာရှိသင့်ပါတယ်... အစားအစာမှာ အသားဓာတ်ပါဝင်နှုန်းများရင် ကျောက်ကပ်ကဖယ်ရှားရမယ့် စွန့်ပစ်ပစ္စည်းတွေပိုများလာပါတယ်...

၇) ဒီအချက်ဟာ နဂိုကတည်းက အားနည်းနေတဲ့ ကျောက်ကပ်ကို အလွန်အကျွံဒဏ်ဖြစ်စေနိုင်ပါတယ်... ဒါကြောင့် အသားဓာတ်အသင့်အတင့်စားသုံးခြင်းဟာ သင့်ကျောက်ကပ်ကိုကာကွယ်နိုင်ပါလိမ့်မယ်....

၈) ရေကို ၁၅ မိနစ်ကနေ မိနစ် ၂၀ အထိ ဆူအောင်တည်ပြီး ဓာတ်ဘူးထဲထည့်ထားပါ.. နာရီဝက်ကြာတစ်ခါ တစ်ငုံကနေနှစ်ငုံ တစ်နေကုန်သောက်ရပါမယ်... ရေအနွေးဓာတ်ကတော့ လက်ဘက်ရည် ဒါမှမဟုတ် ရေနွေးကြမ်းလောက်ပူနေရင်ရပါတယ်...

Credit to နှင်းဆီဖူးလေးများ-

သင့်မိတ်ဆွေများအတွက်လည်း SHARE ပေးဖို့ မမေ့နဲ့နော်။

---
ဘ၀အတွက်အကျိုးရှိစေမည့် မှတ်သားလိုက်နာဖွယ် ဗဟုသုတကောင်းများကို အမြဲတင်ဆက်ပေးနေတဲ့ ဒီ Page လေးကို Like လုပ်ထားပြီး နေ့စဉ် ဖတ်ရှုနိုင်ကြပါတယ်။
www.facebook.com/pages/Pouch-Bag-Lovers-online-shopping-Myanmar/481390355306386

www.facebook.com/…/Pouch-Bag-Lovers-online-…/481390355306386

ဒီဘလော့စာမျက်နှာ မှ အကြောင်းရာများသည် အွန်လိုင်းပေါ် မှ ရှာဖွေစုစည်းဖေါ်ပြခြင်းဖြစ်ပါသည် အဆင်ပြေတယ်ဆိုရင် comments ရေးခဲ့ပါအုံး မိတ်ဆွေ မြန်မာစွယ်စုံမိသားစု မှ ကြိုဆိုပါတယ်

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ

မိမိလိုချင်တဲ့ဘာသာစကားရှာဖွေရန်