Friday, December 19, 2014

ငါးလေးအိုးကပ် ချက်နည်း

ငါးသေးသေးလေးများကို ဆားနှင့်ပွတ်ပြီး ခေါင်းဖြုတ် အူထုတ်ကာ ရေစင်အောင် ဆေး၍ ဆား၊နနွင်း၊ငံပြာရည် တို့ ဖြင့်ရောနှယ်ပြီးနာရီဝက်ခန့် နှပ်ထားပါ။
ရေစိမ်ထားသောငရုတ်သီးခြောက်၊ကြက်သွန်အဖြူ၊အနီ၊စပါးလင်တို့ ကိုညက်အောင်ရောထောင်းပြီး နနွင်းအနည်းငယ်ဖြင့် ဆီသတ်ပါ။ကြက်သွန်များအနံ့မွှေးလာပြီးရွှေရောင်သန်းလာပါက ငရုတ်သီးအရောင်တင်မှုန့် နည်းးနည်းထည့်ပါ။ ပြီးလျှင်ငါးများကိုထည့်၍ ဟိုဘက် ဒီဘက်အသာလှန်ပေးကာ ရေအနည်းငယ်ထည့် အဖုံးဖုံးပြီး ဆီပြန်လာသည်အထိ တည်ထားပါ။
ငါးများဆီပြန်လာပြီး ခြောက်ခြောက်လေးဖြစ်လာပါက အပေါ့ အငံမြည်း၍ မဆလာ၊ရှမ်းနံနံ (သို့) နံနံပင် တို့ကိုအုပ်ကာ အရသာရှိပြီး ထမင်းမိန်စေသော ငါးလေးအိုးကပ်ဟင်း သုံးဆောင်လို့ ရပါပြီရှင်။ချိုးကပ်အောင်ချက်လျှင် ပိုကောင်းပါသည်။
(ကြက်သားမှုန့်၊အရသာမှုန့်၊ဟင်းချိုမှုန့် ကြိုက်နှစ်သက်ရာနှင့် ထည့်ချက်ချင်လျှင် ထည့်ချက်လို့ရပါတယ်)
မူရင်း = ဒေါ်ပုလက်ရာ
ငါးလေးအိုးကပ် ချက်နည်း
--------------------------------

သင့်မိတ်ဆွေများကိုလည်း ပြန် SHARE ပေးဖို့ မမေ့နဲ့နော်။
--------------------------------------------------------------------------------------------
 
လူငယ်များနှင့်ပျိုမေတို့အတွက် အလှအပရေးရာနှင့်ကျန်းမာရေးဆိုင်ရာများကို တင်ပေးနေတဲ့ ဒီ La Min Cho ဆိုတဲ့ Page လေးကို Like လုပ်ထားပြီး နေ့စဉ် ဗဟုသုတကောင်းများကို ဖတ်နိုင်ကြပါပြီရှင်။
www.facebook.com/pages/La-Min-Cho-online-shopping/414053755412529

ဒီဘလော့စာမျက်နှာ မှ အကြောင်းရာများသည် အွန်လိုင်းပေါ် မှ ရှာဖွေစုစည်းဖေါ်ပြခြင်းဖြစ်ပါသည် အဆင်ပြေတယ်ဆိုရင် comments ရေးခဲ့ပါအုံး မိတ်ဆွေ မြန်မာစွယ်စုံမိသားစု မှ ကြိုဆိုပါတယ်

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ

မိမိလိုချင်တဲ့ဘာသာစကားရှာဖွေရန်