Monday, December 1, 2014

ဥဏ္ဏလုံ မွေရှင်တော် စေတီတော်မြတ် သမိုင်း


ဂူအတွင်းရှိ ဓါတ်တော်ရှင် လာဘမုနိဘုရား

ဘုရားသမိုင်း

ဥဏ္ဏလုံ မွေရှင်တော် စေတီတော်မြတ်သည် ရှေးဟောင်း သမိုင်းဝင် ဘုရားတစ်ဆူ ဖြစ်သည်။ မူရင်း ဒါယကာမှာ သီရိဓမာ သောကမင်း ဖြစ်၍ မြတ်စွာဘုရား၏ မျက်မှောက်တော်၌ ပေါက်ရောက်သော ဥဏ္ဏလုံမွေတော်ဓါတ်ကို ဌာပနာ ထည့်သွင်းပူဇော် ခဲ့သဖြင့် ဥဏ္ဏလုံမွေရှင်တော်ဟု ခေါ်ဆိုခဲ့ပါသည်။

ပုဂံခေတ်တွင် အနော်ရထာမင်းကြီးက ပြန်လည်ပြုပြင်၍ ထီးတော်တင်လှူခဲ့ပြီး ပုဂံမင်းဆက် အလောင်းစည်သူ မင်းကြီးက ပြန်လည်မွမ်းမံ ၍ထီးတော် တင်လှူခဲ့ရာ ထီးတော်မှာ သုံးဆင့် ဖူးမြော်ရခြင်းဖြစ်သည်။

အတည်ပြုချက်
မြင်းမထိ လှိုင်ခေါင်းအတွင်းရှိ မြေများကို တူးဖော်ရာတွင် တွေ့ရှိရသော ကျိုးပြတ်နေသည့် ရုပ်ပွားတော်များ စုလစ်မွန်းချွန်း ပါသော ရုပ်ပွားတော် နှင့် ရှေးဟောင်း အုတ်ချပ်တို့ကို ပုဂံ-ညောင်ဦးရှိ ရှေးဟောင်း သုတေသန သို့ ယူဆောင်ပြီး ပြသခဲ့ပါသည်။

စုလစ်မွန်းချွန်း ပါရှိသော ရုပ်ပွားတော်မှာ (၁၈) ရာစု လက်ရာဖြစ်ကြောင်း၊ ကျိုးပြတ်နေသော ရုပ်ပွားတော် များမှာ (၁၇)ရာစုထက်စောသော လက်ရာများ ဖြစ်ကြောင်း အုတ်ချပ်မှာ ပုဂံခေတ်လက်ရာ တစ်နည်းအားဖြင့် အနော်ရထာမင်း တည်ခဲ့သော ဘုရားများမှ အုတ်ချပ်အတိုင်း ဖြစ်ကြောင်း အတည်ပြုချက် ရရှိခဲ့ပေသည်။

သို့ကြောင့် မြင်းမထိဂူရှိ ဘုရားနှင့် သာသနိက အဆောင်အအုံများမှာ လွန်ခဲ့သော (၉၀၀)ကျော် အနော်ရထာ မင်း၏ ကောင်းမှုဖြစ်ကြောင်း ပေါ်လွင် ထင်ရှားပါသည်။http://blog.taunggyicherryland.com/2007/08/blog-post_2210.html

ဒီဘလော့စာမျက်နှာ မှ အကြောင်းရာများသည် အွန်လိုင်းပေါ် မှ ရှာဖွေစုစည်းဖေါ်ပြခြင်းဖြစ်ပါသည် အဆင်ပြေတယ်ဆိုရင် comments ရေးခဲ့ပါအုံး မိတ်ဆွေ မြန်မာစွယ်စုံမိသားစု မှ ကြိုဆိုပါတယ်

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ

မိမိလိုချင်တဲ့ဘာသာစကားရှာဖွေရန်