မြန်မာနိုင်ငံဟာဆိုရင် ဘုန်း တန်ခိုးကြီးမားပြီး သမိုင်းမှာ ရာဇဝင်
ကျန်ခဲ့တဲ့မင်းများ အုပ်စိုးခဲ့ဖူးတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ဒီထဲ
ကမှ မြန်မာနိုင်ငံရဲ့ ဘုန်းတန်ခိုး သြဇာကြီးမားတဲ့ မင်းတစ်ပါးဖြစ်တဲ့
ဘုရင့်နောင်မင်းတရားကြီး နန်းစံရာ နေရာ၊ ကမ္ဘောဇသာဒီနန်းတော် အကြောင်းကို
ပြောပြပေးချင်ပါ တယ်။ ဒီနန်းတော်ကို ပဲခူးတိုင်း ဒေသကြီးမှာတည်ရှိပြီး
လူတိုင်းသွား ရောက်လေ့လာနိုင်ပါတယ်။
ဘုရင့်နောင်မင်းတရားကြီးလက် ထက်က မင်းကြီးဇင်းမယ်ကိုအသွား ဟံသာဝတီနေပြည်တော်မှာ ကျန်ခဲ့တဲ့ ရှမ်းတို့က ဇင်းမယ်သားတစ်ဦးကို ''ဗညားကျန်းထော''ဘွဲ့ပေးပြီး အင်အား ၃ဝဝဝဝ ကျော်နဲ့ ပုန်ကန်တယ်။ ဒါပေမဲ့ အင်းဝကနေ ဖမ်းဆီးခေါ် ဆောင်လာတဲ့ နန်းကျဘုရင် နရပတိ စည်သူက သစ္စာခံတဲ့အနေနဲ့ကျန်နေ တဲ့မှူးမတ်တို့ကိုဦးဆောင်ပြီး တိုက် တယ်။
ဘုရင့်နောင်မင်းတရားကြီး ကလည်း သိသိချင်း ဟံသာဝတီကိုပြန် လာပြီး ပုန်ကန်သူတွေကို နှိမ်နင်း ပြီး မီးတိုက်သတ်ရန်မိန့်သော်လည်း ဆရာတော်၊ သံဃာတော်များအသနား ခံသည့်အတွက် အကြီးအမှူးဖြစ်သူ ၇ဝဝ ကျော်ကိုသာ သတ်စေခဲ့တယ် လို့ သိရပါတယ်။ အရေးအခင်းပြီး တဲ့အခါမှာတော့ မင်းတရားကြီးက လက်ရှိစိုးစံနေတဲ့ (မွန်မင်းများအစဉ် အဆက်စိုးစံလာတဲ့ ဟံသာဝတီနန်း ထက်) ဧကရာဇ်တစ်ပါးနှင့်အညီ ကြီး ကျယ်ခြင်း၊ ခမ်းနားခြင်း၊ လုံခြုံခြင်း ဂုဏ်တို့နှင့်ပြည့်စုံစေရန်အတွက် နန်း သစ်တည်ရန် အစီအစဉ်ချခဲ့တယ်။
သက္ကရာဇ် ၉၂၈ တန်ဆောင်မုန်း လဆန်း ၁ဝ ရက်မှာ နန်းသစ်တည် ဖို့အတွက် စတင်မြေတူးစေခဲ့ပြီး၊ တပေါင်းလဆန်း ၅ ရက်တွင် ကျုံးကို စတင်တူးဖော်တယ်လို့ သိရပါတယ်။ နန်းသစ်၏ဧရိယာမှာ စတုရန်းအတာ ၃၄ဝဝ ရှိပြီးတော့ သက္ကရာဇ် ၉၂၉၊ တပေါင်းလပြည့်ကျော် ၃ရက်၊ သော ကြာနေ့မှာ ရွှေနန်းတော်ခြောက် ဆောင်အပါအဝင် ကျန်အဆောင် အခန်းတို့ကို မြန်မာ၊ မွန်၊ ရှမ်း၊ ယိုးဒယား အစရှိတဲ့ ဗိသုကာ၊ လက်သမား၊ ပန်းရန်အတတ် တတ်သူများကို ခေါ်ယူ ဆောက်လုပ်စေခဲ့ပါတယ်။ ၉၂၉ ခု၊ တန်ခူးလပြည့်ကျော်၎ ရက်၊ တနင်္လာ တွင် ရထားပြာသာဒ်ကိုစီးကာ ထွက် တော်မူပြီး တောင်တံခါးမှဝင်ကာ နန်းသိမ်းပြီး အမည်ကိုလည်း ကမ္ဘောဇ သာဒီရယ်လို့ သမုတ်ခဲ့တယ်လို့ သိရ ပါတယ်။
ဒါပေမဲ့ ဘုရင့်နောင်မင်း တရားကြီးတည်ထောင်ခဲ့တဲ့ ဒုတိယ မြန်မာနိုင်ငံက အချိန်တိုတိုအတွင်း ထီးနန်းဆက်ခံတဲ့ သားတော်နန္ဒဘုရင် လက်ထက်မှာ အုပ်ချုပ်မှုမနိုင်နင်းတဲ့ အောင်မြင်မှုမရှိသည့် စစ်များကို မကြာခဏဆင်နွှဲလို့ လက်အောက်ခံ ဖြစ်တဲ့ တောင်ငူဘုရင်ခံ မင်းရဲသီဟ သူက ရခိုင်ဘုရင်မင်းဗာကြီးနှင့် ပူးပေါင်းပြီး ပုန်ကန်ခြင်းကို ခံခဲ့ရပါတယ်။
ဒီပုန်ကန်မှုကိုလဲ တားဆီးနိုင်ခြင်းမရှိ တော့ဘဲ အိမ်ရှေ့မင်းမင်းရဲကျော်စွာ ပါတောင်ငူအိမ်ရှေ့မင်းနတ်သျှင်နောင် ထံ လက်နက်ချတာကြောင့် နန္ဒဘုရင် မှာ လွယ်လွယ်ဖြင့် အရှုံးပေးပြီး တောင်ငူသို့ဖမ်းဆီးခေါ်ဆောင်သွား ခြင်းခံခဲ့ရပြီး တောင်ငူတပ်နှင့်ရခိုင် တပ်တို့ ကမ္တောဇသာဒီနန်းတော်နှင့် တကွ ဟံသာဝတီကို မီးတိုက်ဖျက်ဆီး လိုက်တာကြောင့် အရှေ့တောင်အာရှ မှာကျော်ဇောလှတဲ့ ကမ္ဘောဇသာဒီ နန်းတော်ကလည်း ပျက်စီးခြင်းကို ရောက်ခဲ့ရတယ်လို့ သမိုင်းကြောင်း တွေအရ သိရပါတယ်။
နဝတအစိုးရလက်ထက်မှာ သမိုင်းပညာရှင်များ၊ ဗိသုကာပညာ ရှင်များနဲ့ မီးသင့်နန်းတော်ရာနေရာ မှာ ကျန်ရစ်တဲ့အကြွင်းအကျန်တွေ၊ သမိုင်းအထောက်အထားတွေကိုတိုက် ဆိုင်စစ်ဆေးပြီး ကမ္ဘောဇသာဒီနန်း တော်မူရင်းနဲ့အတတ်နိုင်ဆုံးတူညီ အောင် နန်းတော်သစ်ကို ပြန်လည် တည်ဆောက်စေခဲ့တာ ဖြစ်ပါတယ်။
နန်းတော်ဧရိယာအတွင်းမှာ ဆိုရင် ဘုရင်မင်းများထိုင်တဲ့ပလ္လင် တွေ၊ မီးသင့်ထားတဲ့ကျွန်းလုံးတိုင်ကြီး တွေ၊ ဘုရင့်နောင်မင်းတရားကြီးရှိ စဉ်က စီးခဲ့တဲ့ယာဉ်ပုံစံငယ်၊ တူးဖော် ရရှိထားတဲ့ ရှေးဟောင်းကနုတ်လက် ရာတွေနဲ့အတူ နန်းစဉ်သုံးစွဲတဲ့ပစ္စည်း တွေကို တွေ့မြင်ရမှာပါ။ မြန်မာ လူမျိုးတွေအနေနဲ့ သမိုင်းအစဉ်အလာကောင်းခဲ့တဲ့ကိုယ့်နိုင်ငံရဲ့ သမိုင်း ကြောင်းတွေကို သိဖို့အတွက် သွား ရောက်သင့်တဲ့နေရာလေးတစ်ခုအဖြစ် ညွှန်ပေးလိုက်ပါတယ်။
#Democracytoday
မူရင်း Yangon Media Group (ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)

No comments:
Post a Comment