ဆီးချိုသမားများအတွက် သဘာဝဆေးနည်း
ဆီးချိုရောဂါကို ခံစားနေရသော ဝေဒနာရှင်များအတွက် ငွေကုန်သက်သာပြီး တကယ်ကို ထိရောက်တဲ့ သဘာဝဆေးနည်းတစ်ခုကို မျှဝေပေးလိုက်ပါတယ်။
ဒီဆေးနည်းဟာ မန္တလေးအထူးကုဆေးရုံကြီးမှ အရှေ့တိုင်းဆေးနည်း၊
အနောက်တိုင်းဆေးနည်းများကို ကျွမ်းကျင်တဲ့ အထူးကု သမားတော်ကြီးတစ်ဦး၏
ဆေးနည်းဖြစ်ပါတယ်။
ဆေးကို ဖော်စပ်နည်း
၁။ ဆင်တုံးမနွယ် မကြီးမသေး တစ်နွယ်ကို တစ်တောင်ခန့် ဖြတ်ယူ၍ မီးဖုတ်ပါ။
၂။ အခွံများ မီးကျွန်းအောင်ဖုတ်ပြီးလျှင် ၄င်းအခွံများကို ခြစ်ထုတ်ပြီး သန့်ရှင်းလိုက်ပါ။
၃။ ၄င်းဆင်တုံးမနွယ်ချောင်းကို ၃ ပိုင်း ပိုင်း၍ အ၀ကျယ်သည့် ဇလုံတစ်ခုထဲတွင် ဆန်ဆေးရည်ဖြင့် စိမ်ထားပါ။
သောက်ရန် အညွန်း
တစ်ရက်နှင့်တစ်ည စိမ်ထားပြီးလျှင် ၄င်းအရည်ကို အပေါ်မှ အမြုပ်များကို ဖယ်၍ လက်ဖက်ရည်ပန်းကန်တစ်လုံးစာခန့် တစ်နေ့ကိုတစ်ခွက် သောက်ပါ။
အလွန်ခါးသည့်အတွက် မသောက်နိုင်လျှင် ထန်းလျက်၊ ပျားရ့ည်အနည်းငယ်တို့ဖြင့် အတူသောက်နိုင်ပါသည်။ သကြားနှင့် မသောက်ရပါ။
၎င်းအရည်များ လျှော့သွားပါက ဆန်ဆေးရည် ထပ်ဖြည့်ပေးထားပါ။ ဆန်ဆေးရည်အသစ်များ ထပ်ဖြည့်၍ တစ်လအထိ သောက်နိုင်ပါသည်။
မန္တလေးမှ ဦးစန်းမောင်သည် ၄င်းဆေးနည်းကို သမားတော်၏ ညွန်ပေးမှုဖြင့် ယုံကြည်စွာ သောက်သုံးလာခဲ့၍ ယခုအခါမှာ ဆီးချိုရောဂါ လက်တွေ့သက်သာပျောက်ကင်းလာခဲ့သဖြင့် ဆီးချိုဝေဒနာရှင်များကို ကိုယ်ချင်းစာသောအားဖြင့် ဒီသဘာဝဆေးနည်းကို မျှဝေပေးခြင်း ဖြစ်ပါသည်။
ငွေကန်ုသက်သာသည့်ပြီး ဆေးနည်းမှာလည်း လွယ်ကူသည့်အပြင် လက်တွေ့ထိရောက်မှု ရှိသည့် ဆေးနည်းလေးမို့ ဆီးချိုဝေဒနာရှင်များအတွက် ဘေသဇ္ဇဒါန ဆေးအလှူအဖြစ် မျှဝေပေးလိုက်ပါသည်။
နေဆိုင် (ပူတာအို) ကျန်းမာရေးသတင်းများ
ကိုးကား ။ ။ ဦးစန်းမောင် (မန္တလေး)
မူရင်းလင့် = www.facebook.com/pages/ကျန်းမာရေးသတင်းများ/231741783686751

No comments:
Post a Comment