Friday, January 9, 2015

သဘာဝ ခြင်နိုင်ဆေး


သဘာဝ ခြင်နိုင်ဆေး
------------------------
ခြင်ဆေးခွေ၊ ပိုးသတ်ဆေး၊ မှုတ်ဆေး၊ ဖျန်းဆေးစတဲ့ ဓါတုဗေဒဆေးများ၏ အနံ့ကြောင့် နှာခေါင်းကင်ဆာနှင့် အခြား ဘေးထွက်ဆိုးကျိုးများမှ
ကင်းဝေးရန် အောက်ပါသဘာဝဆေးနည်းဖြင့် ခြင်အန္တရာယ်ကို ကာကွယ်နိုင်ကြပါသည်။

လက်တွေ့သုံးကြည့်ပြီး ထိရောက်မှုရှိသူများကတော့
နှစ်သက်သဘောကျနေကြပါတယ်။ အခုဆိုရင် နိုင်ငံခြားသားများကလည်း သဘာဝဆေးနည်းများကို ပိုမိုသုံးစွဲလာနေကြပါပြီ။
ခြင်ပေးစေမည့် လေးညှင်းသံပုရာလုပ်နည်း
၁။ သံပုရာသီး ၁ လုံးကို ၄ ကွင်းရအောင် လှီးလိုက်ပါ။
၂။ သံပုရာသီး ၈ ကွင်း (၂ လုံးစာ) လှီးထားပြီးလျှင် အစေ့များကို ဖယ်ပစ်ပါ။
၃။ ပုံထဲမှာ ပြထားသည့်အတိုင်း လေးညှင်းပွင့်လေးများကို သံပုရာကွင်းပေါ်ကို စိုက်ထားပါ။ အတွင်းထဲကို ၀င်နေအောင် စိုက်ပေးပါ။

၎။ သံပုရာကွင်းများကို ဗန်းတစ်ခုပေါ်တင်ပြီး ခြင်ပေါသည့်နေရာမှာ ချထားပေးပါ။
၅။ တစ်နေရာတည်း မထားလိုပါက အကွင်းလိုက်ယူ၍ ခြင်ပေါသည့်နေရာများမှာ လိုက်ပြီး ချထားပါ။
သံပုရာသီးနှင့်- လေးညှင်း၏ စူးရှပြင်းထန်သည့် ဓါတ်ပြုအနံ့တစ်ခုကြောင့် ခြင်များ မခံနိုင်၍ ပြေးပါလိမ့်မည်။
သံပုရာသီး၏ အနံ့သည် အများဆုံး ၃ ရက်သာ ခံပါသည်။ သံပုရာသီးခြောက်သွားသည့်အခါ အရည်ပြန်ထွက်လာအောင် ဖိညှစ်ပေးပြီး
ပြန်ထားပေးနိုင်ပါသည်။ သို့မဟုတ် အသစ်တစ်ခု ပြန်လဲပေးနိုင်ပါသည်။
ခြင်အန္တရာယ်နှင့် မီးဘေးအန္တရာယ်တို့မှ ကင်းဝေးပြီး အေးချမ်းစွာ နေနိုင်ကြပါစေ။
ဦးနေဆိုင် (ပူတာအို) ကျန်းမာရေးသတင်းများ
ကိုးကား ။ ။ ယဉ်ယဉ်နိုင်မောင်
မူရင်း = www.facebook.com/pages/ကျန်းမာရေးသတင်းများ/231741783686751

ဒီဘလော့စာမျက်နှာ မှ အကြောင်းရာများသည် အွန်လိုင်းပေါ် မှ ရှာဖွေစုစည်းဖေါ်ပြခြင်းဖြစ်ပါသည် အဆင်ပြေတယ်ဆိုရင် comments ရေးခဲ့ပါအုံး မိတ်ဆွေ မြန်မာစွယ်စုံမိသားစု မှ ကြိုဆိုပါတယ်

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ

မိမိလိုချင်တဲ့ဘာသာစကားရှာဖွေရန်