Wednesday, January 7, 2015

“ရုံးပတီသီး သနပ်”


“ရုံးပတီသီး သနပ်”
ရုံးပတီသီး၏ အသုံးဝင်ပုံများကို လူအတော်အများများ သိထားကြပါတယ်။ ကြိုက်သူရှိသလို မကြိုက်သူလဲ ရှိပါလိမ့်မယ်။ ဆေးဖက်ဝင်အသီး တမျိုးဖြစ်ပါတယ်။
အတော်အများသိထားပြီး ဖြစ်တဲ့ဆေးဖက်ဝင် အသုံးပြုပုံအကြောင်းကို မပြောပဲ ဒီအသီးကို “သနပ်” လုပ်ထားပြီး ရက်ပေါင်းအတော်ကြာအောင် သိမ်းဆည်းထား၍ စားသုံးရအောင်အတွက် ပြုလုပ်နည်းတင်ပြခြင်း ဖြစ်ပါတယ်။ ပါဝင်မဲ့ အမျိုးအစားတွေကတော့
၁။ ရုံးပတီသီး
၂။ ရှာလကာရည် ၂ခွက်
၃။ ရေတခွက်
၎။ ကြက်သွန်ဖြူ ၃မွှာ၊ ၆မွှာခန့်
၅။ ဆား စားပွဲတင်ဇွန်း ၂ဇွန်း
၆။ စမြိတ်ပင်ခြောက် စားပွဲတင်ဇွန်း ၁ဇွန်း
၇။ ငရုတ်သီး အခြောက်မှုန့် စားပွဲတင်ဇွန်းဝက်
၈။ ငရုတ်ကောင်းစေ့ စားပွဲတင်ဇွန်းဝက်
၉။ ဖန်ဘူး သို့မဟုတ် ဖန်ပုလင်း
တို့လိုအပ်ပါတယ်။ အားလုံးစုံရင် အချိန်အနည်းငယ်အတွင်းမှာပဲ ပြီးစီးအောင် ပြင်ဆင်နိုင်ပါတယ်။ အရာသာ အကောင်းဆုံး ရချင်ရင် မရင့်တဲ့ ရုံးပတီသီးများကို ရွေးချယ်ပြုလုပ်ပါ။

ပထမဆုံး ရှာလကာရည်၊ ရေ၊ ကြက်သွန်ဖြူနှင့် ဆားတို့ကို နွေးနွေးလေးဖြစ်အောင် အပူပေးပြီး မွှေပေးပါ။ ပြီးလျှင်အအေးခံပါ။ ရုံးပတီသီးနှင့် ကျန်ပါဝင်မည့် ပစ္စည်းများကို ဖန်ပုလင်းထဲတွင်ထဲ့ထားပါ။ ရုံးပတီသီးကို အညှာနှင့် ထိပ်ပိုင်းတလှည့်စီ စီ၍ထဲ့ပါ။ ပြီးလျှင် အအေးခံထားသည့် အရည်ကို ဖန်ပုလင်းထဲလောင်းထဲ့ပါ။ အဖုံးလုံအောင်ပိတ်၍ ရေခဲသေတ္တာထဲတွင် ၃ရက် ၄ရက်ခန့်ထားပြီး စားသုံးနိုင်ပါပြီ။
ဒါကတော့ အမြန်ဆုံးလုပ်တဲ့နည်းဖြစ်ပါတယ်။ ရက်ပေါင်း အတော်ကြာသည်အထိ သိမ်းဆည်းထားနိုင်ပါတယ်။ ပါဝင်ပစ္စည်းတွေကို လိုတိုးပိုလျှော့ ပြုလုပ်နိုင်သည်။ ဥပမာ ကြက်သွန်ဖြူ မစားနိုင်ရင် လျှော့ထဲ့ပါ။ ငရုတ်သီးမကြိုက်ရင် လျှော့ပြီး မုန်ညှင်းစေ့ထဲ့နိုင်သည်။ အရေးအကြီးဆုံးကတော့ ရှာလကာရည်နဲ့ ရေက ၂း၁ ဖြစ်ဖို့ပါပဲ။
ဝင်းလှိုင်ဦး
ဖတ်မိသမျှ ကျန်းမာရေး ဗဟုသုတ


ဒီဘလော့စာမျက်နှာ မှ အကြောင်းရာများသည် အွန်လိုင်းပေါ် မှ ရှာဖွေစုစည်းဖေါ်ပြခြင်းဖြစ်ပါသည် အဆင်ပြေတယ်ဆိုရင် comments ရေးခဲ့ပါအုံး မိတ်ဆွေ မြန်မာစွယ်စုံမိသားစု မှ ကြိုဆိုပါတယ်

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ

မိမိလိုချင်တဲ့ဘာသာစကားရှာဖွေရန်