Wednesday, January 28, 2015

ဆားဝက်ခြံအတွက် သဘာဝနည်းလမ်းကောင်း ၂ ခု



(၁) ခရမ်းချဉ်သီးနဲ့ ကုနည်း
သေးငယ်သော ခရမ်းချဉ်သီး တစ်လုံးယူပါ။ ပြီးရင် အခွံလွှာပါ။ အခွံလွှာပြီးသော ခရမ်းချဉ်သီးကို ခပ်ပါးပါးလေးလှီးပြီး ညအိပ်ယာမဝင်ခင် ဆားဝက်ခြံ ရှိတဲ့
နေရာကို အုပ်ထားပေးပါ။ မနက်အိပ်ယာ နိုးတဲ့ အခါမှာ ရေစင်အောင်
ဆေးကြောပေးပါ။

(၂) သံပုရာသီးနဲ့ ကုနည်း
သုံပုရာသီ တစ်လုံးကို အရည်အနည်းငယ် ညစ်ပြီး ခွက်ထဲသို့ ထည့်ပါ။ ပြီးရင် ဆားအနည်းငယ်နှင့် ခွက်ထဲမှာ ရောမွှေလိုက်ပါ။ မသုပ်လိမ်းခင်မှ မျက်နှာကို ခပ်နွေးနွေးရေနှင့် စင်ကြယ်အောင်အရင် ဆေးပါ။ ပြီးနောက် မျက်နှာကို သုပ်လိမ်းလိုက်ပါ။ မိနစ် ၂၀ အကြာတွင် ခပ်နွေးနွေးရေနှင့် ဆေးကြောလိုက်ပါ။

သုံပုရာသီးဟာ မျက်နှာပေါ်တွင် အရေပြားတွေကို ထိခိုက်စေလို့ အလွန်အကျွံထည့်ခြင်း၊ အချိန်ကြာစွာ ထားခြင်း မပြုလုပ်ပါနဲ့။ ဆားနှင့် မဟုတ်ဘဲ ပျားရည်၊ ကြက်ဥတို့နဲ့လည်း ရောစပ်ကာ အသုံး ပြုနိုင်ပါတယ်။ အသုံးပြုရမည့် ပမာဏကို မိမိ ဆားဝက်ခြံပေါ် မူတည်ပြီး သုံးနိုင်ပါတယ်။
Ref - healthdigest
ကျော်လင်းနိုင် (ရိုးရာလေး)
www.yoyarlay.com

ဒီဘလော့စာမျက်နှာ မှ အကြောင်းရာများသည် အွန်လိုင်းပေါ် မှ ရှာဖွေစုစည်းဖေါ်ပြခြင်းဖြစ်ပါသည် အဆင်ပြေတယ်ဆိုရင် comments ရေးခဲ့ပါအုံး မိတ်ဆွေ မြန်မာစွယ်စုံမိသားစု မှ ကြိုဆိုပါတယ်

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ

မိမိလိုချင်တဲ့ဘာသာစကားရှာဖွေရန်