Sunday, June 21, 2015

နှခေါင်း သွေးယို ခြင်း




ဒေါက်တာဆု ဆေးပညာ ဒါ န's photo.






နှခေါင်းအတွင်းပိုင်းရှိ သွေးကြော ငယ်လေးများ ပေါက်ခြင်းကြောင့်နှခေါင်း သွေးယို ခြင်း ဖြစ်နိုင်သည်။
ဖြစ်စေတတ်သော အကြောင်းများ
...
ထိခိုက် မိခြင်း
နှခေါင်းတွင်း ခဏခဏ လက်ထဲ့ ကလော်ခြင်း။
ထိပ်ကပ်နာ ၊ နှခေါင်း ပိတ် နှာစီး ဖြစ်ခြင်း။
ရောဂါ ပိုးဝင် ပြီး နှာစေး ဖျားခြင်း။
သွေးတိုးခြင်း။
အရက် အလွန် အ ကျွံ သောက်ခြင်း။
အချို. ဆေးများ ၊ သွေးကျဲ ဆေး များ (Aspirin , Warfarin , etc)
ပူပြင်းခြောက်သွေ. သောရာသီ ဥတု။
ပြင်ပ ရာသီ ဥတု အေး ပြီး၊ အိမ်ထဲတွင် heater များကြောင့် ပူနွေးနေလျင် ၊ နှခေါင်း သည် အပူအအေး ပြောင်းလဲမှု ကို ခဏခဏ ခံစားရသခြင်း။
နှခေါင်း အတွင်း ပိုင်းတွင် အလုံး အကျိတ်ရှိခြင်း ၊ ကင်ဆာဖြစ်ခြင်း ၊ သွေး မတိတ်ရောဂါ၊ သွေးကင်ဆာ (less common )။
ကိုယ်ဝန်ဆောင်စဉ် ဟိုမုန်း အပြောင်းလဲရှိ ခြင်း။
နှခေါင်းသွေးယိုစဉ် ဘာလုပ်ရမလဲ
နှခေါင်း ကို လက်မ၊ လက်ညှိုး ဖြင့် ဖိပိတ်ထားပါ။
ဖိပိတ်ပြီး ၊ မျက်နှာ အရိုး နှင့် ဖိတွန်းထားပါ။
ကိုယ် ကို ရှေ.သို. အနဲငယ်ကိုင်းထားပြီး ၊ ခေါင်း ကိုလည်း အနဲငယ် ငုံ.ထားပါ။ (ခေါင်းမော့ထားပါက၊ သွေးသည် အဆုတ်ထဲ၊ လည်ချောင်းထဲသို. ပြန်စီးကျပြီး ၊အနရာယ်ရှိပါသည်။ )
နှခေါင်းကို ၅ မိနစ်ခန်. ပိတ်ထားပြီး ၊ ပါးစပ်ဖြင့် အသက်ရှုပါ ( မွန်းလျင် နှခေါင်းပြန်ဖွင့်ပါ)။
ငြိမ်ငြိမ် ထိုင်နေပါ ။ မလှဲ အိပ်ရ။ (ဦခေါင်း သည် နှလုံးထက် မြင့်နေမှ သွေးထွက် နဲမည်ဖြစ်သည်။)
နှခေါင်း နှင့် ပါးရိုး ပေါ်တွင် ရေခဲရေဆွတ် ပ၀ါစ ကပ်ပေးပါ။
နှခေါင်းသွေးယိုခြင်း ရပ်သွားလျှင် ထပ်မဖြစ်အောင် ဘယ်လိုကာကွယ်မလဲ
အိမ်တွင် အနားယူပါ။ ငြိမ်ငြိမ်နေပါ။
နေပူထဲမထွက်ရ။
၂၄ နာရီ အတွင်း အေးသောအစာစားပါ။ ပူလွန်းသော အစာမစား သင့်ပါ။
ခေါင်း အနဲငယ်မော့ ထားပါ။
နှခေါင်း မှလေ မှုတ်ထုတ်ခြင်း၊ နှခေါင်းထဲတခုခုထဲ့ထားခြင်း မလုပ်ရ။
အလေးအပင်မ မရ။
ဆေးလိပ်မသောက်ရ။
Aspirin , Warfarin ,Clopidogrel , Ibuprofen ဆေးများ မ သောက်ရ။
သွေးမတိတ်က ဆရာဝန်ပြပါ။
နှခေါင်းသွေး ခဏခဏ ယိုက ၊ အခြား ရောဂါ တခုခုကြောင့် သွေးယိုတာ ဟုတ်မဟုတ် ဆရာဝန် ပြသ စစ်ဆေးသ့်ပါသည်။
 


မြန်မာစွယ်စုံမိသားစု ဘလော့စာမျက်နှာ မှ အကြောင်းရာများသည် အွန်လိုင်းပေါ် မှ ရှာဖွေစုစည်းဖေါ်ပြခြင်းဖြစ်ပါသည် ကျွန်တော်လိုသမျှစုဝေးထားရာတွင် သင်လိုတာများ ရှိနေနိုင်ပါစေ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ

မိမိလိုချင်တဲ့ဘာသာစကားရှာဖွေရန်