ကိုယ်ဝန်ဆောင်မိခင် (၁၀၀)မှာ အယောက်(၆၀) (၇၀)လောက်က ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်မပျော်ခြင်းကို ခံစားရတတ်ပါတယ်။ အထူးသဖြင့် လရင့်လာချိန်မှာ ကြုံတွေ့လေ့ရှိပါတယ်။ ဘာကြောင့် ဖြစ်သလဲဆိုတာကတော့ ဟော်မုန်းပြောင်းလဲမှုနှင့်အတူ မိခင်လောင်းများဟာ မွေးဖွားချိန်အတွက် ကြိုတင် စိတ်ပူမှု၊ ကိုယ်ဝန်ဆောင်ချိန်အစာမကြေ၊ ရင်ပြည့်ရင်ကယ်ခြင်း၊ ညအချိန် ဆီးခဏခဏထသွားရခြင်း၊ ကြွက်တက်ခြင်း၊ စတာတွေကြောင့် ဖြစ်တတ်ပါတယ်။ အိပ်ပျော်ရန်အတွက် ဘာတွေလုပ်ဆောင်ရမလဲ ဆိုတော့ (၁) စိတ်ပူပင်နေတာတွေ၊ အတွေးများနေတာတွေကို လျှော့ခ...ျပါ။ စိတ်ပူနေရတာတွေရှိရင် မိမိရဲ့ ခင်ပွန်းကို ဖွင့်ပြောပြခြင်း၊ စာအုပ်တွင် ချရေးခြင်းဖြင့် စိတ်ထွက်ပေါက်ရယူပါ။ (၂) အိပ်ချိန်နှင့် ညနေစာစားချိန် ဝေးကွာပါစေ။ ညစာစားပြီးပြီးချင်း၊ လှဲအိပ်ခြင်းမပြုပါနှင့်။ (၃) ကော်ဖီ၊ လက်ဖက်ရည်၊ လက်ဖက်၊ ရေနွေးကြမ်း အစရှိသည့် ကဖင်းပါဝင်သောအစာများကို ညနေပိုင်း၊ ညပိုင်းတွင် သောက်ခြင်း၊ စားခြင်း ရှောင်ကြဉ်ပါ။ ဒါပေမယ့် ညမအိပ်ခင် ကွေကာအုပ် (သို့) နွားနို့ နွေးနွေး သောက်ခြင်းဖြင့် အိပ်ပျော်မှုကို အထောက်အကူပြုပါသည်။ (၄) မိမိ၏ အိပ်ခန်း၊ အိပ်ယာများကို အိပ်ချင်စဖွယ်ဖြစ်အောင် သန့်ရှင်းသပ်ရပ်စွာ စီစဉ်ထားပါ။ (၅) မအိပ်မီ စာဖတ်ခြင်း၊ ငြိမ့်ငြောင်းသော ဂီတသံစဉ် နားထောင်ခြင်း၊ အသက်ရှုလေ့ကျင့်ခန်း (သို့) ၀င်လေ ထွက်လေကို မှတ်၍ စိတ်ကိုငြိမ်သက်အောင် ထားပေးပါ။ (၆) အိပ်ခါနီးတွင် ခြေထောက်များကို နှိပ်နယ်ခြင်းဖြင့်လည်း ကြွက်သားများပြေလျော့၍ နှစ်ခြိုက်စွာ အိပ်ပျော် စေနိုင်ပါသည်။ ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်ဆေးများကတော့ လိုအပ်လို့ ဆရာဝန်က ညွှန်ကြားမှသာ သောက်သုံး သင့်ပါတယ်။ ( အထက်ပါအကြောင်းအရာများနှင့်ပက်သက်ပြီး သင်ဆိုင်ရာလူကြီးမင်းတို့၏ ဆရာဝန်များနှင့်ဆွေးနွေးတိုင်ပင်ပြီးမှ သာဆက်လက် ဆောင်ရွက်ကြပါ
- မူလစာမျက်နှာ
- ဗုဒ္ဓစေတီတော်သမိုင်း
- ဘလော့ဆိုင်ရာ
- နည်းပညာ
- Adobe PhotoShop
- Android Apk
- ပုံပြင်-၀တ္ထု-ဟာသများ
- ဆေးဘတ်ဝင်အပင်များ
- ကျန်းမာရေး
- ဟင်းချက်နည်း
- မုန့်လုပ်နည်း
- ဟာသ
- IDM
- အလှအပ
- Antivirus
- FaceBookဆိုင်ရာ
- Android Game
- ဖလပ်ဆောင်းသီချင်းများ
- မြန်မာဖောင့်/ကီးဘုတ်Apk
- ရှေးခေတ်ဓာတ်ပုံများ
- PC Softwares
- ဟင်းချက်/မုန့်လုပ်နည်းစာအုပ်များ
- နည်းပညာ စာအုပ်များ
- မရှိသေးပါ
Monday, June 8, 2015
ကိုယ်ဝန်ဆောင် မိခင်များ ကျန်းမာရေး
ကိုယ်ဝန်ဆောင်မိခင် (၁၀၀)မှာ အယောက်(၆၀) (၇၀)လောက်က ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်မပျော်ခြင်းကို ခံစားရတတ်ပါတယ်။ အထူးသဖြင့် လရင့်လာချိန်မှာ ကြုံတွေ့လေ့ရှိပါတယ်။ ဘာကြောင့် ဖြစ်သလဲဆိုတာကတော့ ဟော်မုန်းပြောင်းလဲမှုနှင့်အတူ မိခင်လောင်းများဟာ မွေးဖွားချိန်အတွက် ကြိုတင် စိတ်ပူမှု၊ ကိုယ်ဝန်ဆောင်ချိန်အစာမကြေ၊ ရင်ပြည့်ရင်ကယ်ခြင်း၊ ညအချိန် ဆီးခဏခဏထသွားရခြင်း၊ ကြွက်တက်ခြင်း၊ စတာတွေကြောင့် ဖြစ်တတ်ပါတယ်။ အိပ်ပျော်ရန်အတွက် ဘာတွေလုပ်ဆောင်ရမလဲ ဆိုတော့ (၁) စိတ်ပူပင်နေတာတွေ၊ အတွေးများနေတာတွေကို လျှော့ခ...ျပါ။ စိတ်ပူနေရတာတွေရှိရင် မိမိရဲ့ ခင်ပွန်းကို ဖွင့်ပြောပြခြင်း၊ စာအုပ်တွင် ချရေးခြင်းဖြင့် စိတ်ထွက်ပေါက်ရယူပါ။ (၂) အိပ်ချိန်နှင့် ညနေစာစားချိန် ဝေးကွာပါစေ။ ညစာစားပြီးပြီးချင်း၊ လှဲအိပ်ခြင်းမပြုပါနှင့်။ (၃) ကော်ဖီ၊ လက်ဖက်ရည်၊ လက်ဖက်၊ ရေနွေးကြမ်း အစရှိသည့် ကဖင်းပါဝင်သောအစာများကို ညနေပိုင်း၊ ညပိုင်းတွင် သောက်ခြင်း၊ စားခြင်း ရှောင်ကြဉ်ပါ။ ဒါပေမယ့် ညမအိပ်ခင် ကွေကာအုပ် (သို့) နွားနို့ နွေးနွေး သောက်ခြင်းဖြင့် အိပ်ပျော်မှုကို အထောက်အကူပြုပါသည်။ (၄) မိမိ၏ အိပ်ခန်း၊ အိပ်ယာများကို အိပ်ချင်စဖွယ်ဖြစ်အောင် သန့်ရှင်းသပ်ရပ်စွာ စီစဉ်ထားပါ။ (၅) မအိပ်မီ စာဖတ်ခြင်း၊ ငြိမ့်ငြောင်းသော ဂီတသံစဉ် နားထောင်ခြင်း၊ အသက်ရှုလေ့ကျင့်ခန်း (သို့) ၀င်လေ ထွက်လေကို မှတ်၍ စိတ်ကိုငြိမ်သက်အောင် ထားပေးပါ။ (၆) အိပ်ခါနီးတွင် ခြေထောက်များကို နှိပ်နယ်ခြင်းဖြင့်လည်း ကြွက်သားများပြေလျော့၍ နှစ်ခြိုက်စွာ အိပ်ပျော် စေနိုင်ပါသည်။ ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်ဆေးများကတော့ လိုအပ်လို့ ဆရာဝန်က ညွှန်ကြားမှသာ သောက်သုံး သင့်ပါတယ်။ ( အထက်ပါအကြောင်းအရာများနှင့်ပက်သက်ပြီး သင်ဆိုင်ရာလူကြီးမင်းတို့၏ ဆရာဝန်များနှင့်ဆွေးနွေးတိုင်ပင်ပြီးမှ သာဆက်လက် ဆောင်ရွက်ကြပါ
Subscribe to:
Post Comments (Atom)
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ
No comments:
Post a Comment