မြန်မာနိုင်ငံဟာဆိုရင် ဘုန်း တန်ခိုးကြီးမားပြီး သမိုင်းမှာ ရာဇဝင်
ကျန်ခဲ့တဲ့မင်းများ အုပ်စိုးခဲ့ဖူးတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ဒီထဲ
ကမှ မြန်မာနိုင်ငံရဲ့ ဘုန်းတန်ခိုး သြဇာကြီးမားတဲ့ မင်းတစ်ပါးဖြစ်တဲ့
ဘုရင့်နောင်မင်းတရားကြီး နန်းစံရာ နေရာ၊ ကမ္ဘောဇသာဒီနန်းတော် အကြောင်းကို
ပြောပြပေးချင်ပါ တယ်။ ဒီနန်းတော်ကို ပဲခူးတိုင်း ဒေသကြီးမှာတည်ရှိပြီး
လူတိုင်းသွား ရောက်လေ့လာနိုင်ပါတယ်။
- မူလစာမျက်နှာ
- ဗုဒ္ဓစေတီတော်သမိုင်း
- ဘလော့ဆိုင်ရာ
- နည်းပညာ
- Adobe PhotoShop
- Android Apk
- ပုံပြင်-၀တ္ထု-ဟာသများ
- ဆေးဘတ်ဝင်အပင်များ
- ကျန်းမာရေး
- ဟင်းချက်နည်း
- မုန့်လုပ်နည်း
- ဟာသ
- IDM
- အလှအပ
- Antivirus
- FaceBookဆိုင်ရာ
- Android Game
- ဖလပ်ဆောင်းသီချင်းများ
- မြန်မာဖောင့်/ကီးဘုတ်Apk
- ရှေးခေတ်ဓာတ်ပုံများ
- PC Softwares
- ဟင်းချက်/မုန့်လုပ်နည်းစာအုပ်များ
- နည်းပညာ စာအုပ်များ
- မရှိသေးပါ
Tuesday, December 2, 2014
ထိခိုက်၊ရှနာနှင့် မီးလောင်ဒဏ်ရာများတွက် သဘာဝဆေးနည်း

ဒီအပင်ဟာ မြန်မာပြည်အနှံ့အပြားမှာ ပေါက်နေကြသည့်အတွက် မြင်ဖူးကြမှာပါ။ ရွက်ကျပင်ပေါက်ပင် ဖြစ်ပါတယ်။
အင်္ဂလိပ်လို Air plant Life Plant (ရွက်ကျ ပင်ပေါက်) Botany Term အသုံးအနှုန်းနဲ့ဆိုရင်တော့ Bryophyllum calycinum Salisb လို့ခေါ်ပါတယ်။
ရွက်ကျပင်ပေါက်ပင်ဟာ ထိခိုက်၊ ရှနာ၊ သွေးထွက်၊ မီးလောင် စတဲ့ ဒဏ်ရာတွေအတွက် အလွန်ကို အသုံးဝင်သော ဆေးဖက်ဝင် အပင်တစ်မျိုး ဖြစ်ပါတယ်။
ဆေးအဖြစ် အသုံးပြုပုံ အညွန်း
၁။ ထိခိုက် ရှနာနှင့် သွေးစိမ်းထွက်သောအနာများအတွက် ရွက်ကျ ပင်ပေါက်ရွက်ကို မီးကင်၍ ကပ်ပေးက သွေးများ ရပ်စဲ၍ အနာကျက်လွယ်၏။
၂။ အရွက်ကို ကြိတ်ညှစ်၍ ရသောအရည်ကို လိမ်းပေးမူ အနာစက် ၊ အနာမီးလျှံ ၊ မွေးကျွတ်နာ များ ပျောက်၏။
၃။ ရွက်ကျ ပင်ပေါက်ရွက်ကို မီးကင်၍ ထိခိုက် ရောင်ရမ်းနေသော ဒဏ်ရာ များကို ကပ်ပေးပါက ရောင်ရမ်းကျဆင်း၍ ဒဏ်ရာများ သက်သာပျောက်ကင်း၏။
Monday, December 1, 2014
ဥဏ္ဏလုံ မွေရှင်တော် စေတီတော်မြတ် သမိုင်း
ဘုရားသမိုင်း
ဥဏ္ဏလုံ မွေရှင်တော် စေတီတော်မြတ်သည် ရှေးဟောင်း သမိုင်းဝင် ဘုရားတစ်ဆူ ဖြစ်သည်။ မူရင်း ဒါယကာမှာ သီရိဓမာ သောကမင်း ဖြစ်၍ မြတ်စွာဘုရား၏ မျက်မှောက်တော်၌ ပေါက်ရောက်သော ဥဏ္ဏလုံမွေတော်ဓါတ်ကို ဌာပနာ ထည့်သွင်းပူဇော် ခဲ့သဖြင့် ဥဏ္ဏလုံမွေရှင်တော်ဟု ခေါ်ဆိုခဲ့ပါသည်။
ပုဂံခေတ်တွင် အနော်ရထာမင်းကြီးက ပြန်လည်ပြုပြင်၍ ထီးတော်တင်လှူခဲ့ပြီး ပုဂံမင်းဆက် အလောင်းစည်သူ မင်းကြီးက ပြန်လည်မွမ်းမံ ၍ထီးတော် တင်လှူခဲ့ရာ ထီးတော်မှာ သုံးဆင့် ဖူးမြော်ရခြင်းဖြစ်သည်။
အတည်ပြုချက်
မြင်းမထိ
လှိုင်ခေါင်းအတွင်းရှိ မြေများကို တူးဖော်ရာတွင် တွေ့ရှိရသော
ကျိုးပြတ်နေသည့် ရုပ်ပွားတော်များ စုလစ်မွန်းချွန်း ပါသော ရုပ်ပွားတော်
နှင့် ရှေးဟောင်း အုတ်ချပ်တို့ကို ပုဂံ-ညောင်ဦးရှိ ရှေးဟောင်း သုတေသန သို့
ယူဆောင်ပြီး ပြသခဲ့ပါသည်။စုလစ်မွန်းချွန်း ပါရှိသော ရုပ်ပွားတော်မှာ (၁၈) ရာစု လက်ရာဖြစ်ကြောင်း၊ ကျိုးပြတ်နေသော ရုပ်ပွားတော် များမှာ (၁၇)ရာစုထက်စောသော လက်ရာများ ဖြစ်ကြောင်း အုတ်ချပ်မှာ ပုဂံခေတ်လက်ရာ တစ်နည်းအားဖြင့် အနော်ရထာမင်း တည်ခဲ့သော ဘုရားများမှ အုတ်ချပ်အတိုင်း ဖြစ်ကြောင်း အတည်ပြုချက် ရရှိခဲ့ပေသည်။
သို့ကြောင့် မြင်းမထိဂူရှိ ဘုရားနှင့် သာသနိက အဆောင်အအုံများမှာ လွန်ခဲ့သော (၉၀၀)ကျော် အနော်ရထာ မင်း၏ ကောင်းမှုဖြစ်ကြောင်း ပေါ်လွင် ထင်ရှားပါသည်။http://blog.taunggyicherryland.com/2007/08/blog-post_2210.html
ရှေးရှေးတုန်းက မြန်မာများ
မြန်မာ့ဓလေ့တစ်ခု
ရှေးရာဇဝင်လာ မြန်မာတိုင်းကြီး ၃-ရပ်
မြန်မာ့ရာဇဝင်ကျမ်းများ၌ ထင်ရှားသော တိုင်��ကြီး ၃-တိုင်းကို ပိုင်းခြား ရေတွက် ဖော်ပြခဲ့ဖူးသည်။ ယင်းတို့မှာ(၁) သုနာပရန္တတိုင်း – ဧရာဝတီမြစ် လက်ျာ ဖက်ကမ်းရှိ နယ်ပယ်ဌာနများကို ခေါ်သည်၊ တစ်နည်း – စကု, စလင်း, ဖေါင်းလင်းစသော ပြည်ကြီးတို့တည်ရာ ဧရာဝတီမြစ် အနောက်ဖက် တောင်ဖက်အရပ်ဒေသများကို ခေါ်ဆိုသည်၊
(၂) တမ္ဗဒီပတိုင်း- ဧရာဝတီမြစ်၏ လက်ဝဲဖက်ကမ်းရှိ နယ်ပယ်ဌာနများကို ခေါ်သည်၊ တစ်နည်း- ပုဂံ, ပင်းယ, အင်းဝ, မန္တလေး စသော ပြည်ကြီးတို့တည်ရာ ဧရာဝ���ီမြစ်၏ အရှေ့ဖက်ဒေသကို ခေါ်ဆိုသည်၊
(၃) ကမ္ဗောဇတိုင်း- အရှေ့ရိုးမ တလျှောက်ကို ခေါ်သည်၊ တစ်နည်း- ရှမ်းနယ်များကို ခေါ်ဆိုသည်။
ထို့ပြင် ဗမာများနှင့် စစ်ပြိုင်ပြုခဲ့ကြသည့် မွန်တို့အခြေချခဲ့ရာ အောက်မြန်မာနိုင်ငံကိုလည်း ရာမညတိုင်းဟုခေါ်ခဲ့ကြပါသည်။
တို့ပြည်ထောင်စု သမိုင်း ( ဆရာဇော်ဂျီ )
ကျွန်ုပ်တို့ ပြည်ထောင်စု
မြန်မာနိုင်ငံသည် အရှေ့တောင် အာရှ ၌ တည်ရှိသော နိုင်ငံတစ်နိုင်ငံ
ဖြစ်လေသည် ။ ထိုနိုင်ငံသည် လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ခန့်မှ စ၍ ( ၀ါ )
ကမ္ဘာသုံးသက္ကရာဇ် ၁၀၀လောက်မှ စ၍ တစ်ဖြည်းဖြည်း တစ်စတစ်စ
စည်းလုံးမှု့ရရှိလာသော နိုင်ငံ ဖြစ်လေသည် ။
အိမ်နီးချင်းနိုင်ငံများ
့ပြည်ထောင်စု မြန်မာနိုင်ငံ၏
ပတ်ဝန်းကျင်ကို ကြည့်လျှင် အရှေ့ဘက်၌ ယိုးဒယားနိုင်ငံကို၎င်း ၊ အနောက် ဘက်၌
အိန္ဒိယ နှင့် ပါကစ္စတန်နိုင်ငံတို့ကို ၎င်း ၊ တောင်ဘက်၌ ဘင်္ဂလားပင်လယ်အော်ကို၎င်း ၊
မြောက်ဘက်၌ တရုပ်နိုင်ငံ ကို၎င်း မြင်နိုင်လေသည် ။ ထို့ကြောင့်
မြန်မာနိုင်ငံသည် ရှေးရှေးအခါ မှစ၍ ထိုနိုင်ငံများနှင့် ဆက်ဆံလာခဲ့သော
နိုင်ငံလည်းဖြစ်လေသည် ။
Subscribe to:
Posts (Atom)
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ
