Thursday, October 15, 2015

အင်တာနက်မှ သတင်း၊ ဆောင်းပါးများကို အသံထွက်ဖတ်ပြပေးမယ့် VOICE READING





 

ရုံးသွား၊ ရုံးပြန်အချိန်များ၊ အလုပ်လုပ်နေတဲ့ အချိန်များနဲ့ စာဖတ်ဖို့ မအားလပ်တဲ့ အချိန်များမှာ အင်တာနက်မှ သတင်း၊ ဆောင်းပါးများကို အသံထွက်နားထောင်နိုင်ရင် အဆင်ပြေမှာ ဖြစ်ပါတယ်။ ဒီလိုလုပ်ပေးနိုင်တာကတော့ Voice Reading ဆိုတဲ့ Android App ဖြစ်ပါတယ်။ Voice Reading က သင့်ဖုန်းမှ Browser , News Reader အပါအ၀င် Apps များမှ စာသားများ၊ သတင်းများ၊ ဆောင်းပါးများကို အသံထွက်ဖတ်ပြပေးနိုင်ပါတယ်။ ဒါ့အပြင် Text File များနဲ့ URL တစ်ခုလုံးမှ စာသားများကိုလည်း အသံထွက်ဖတ်ပြပေးနိုင်ပါတယ်။ ( မြန်မာဘာသာစကားကိုတော့ အထောက်အပံ့ မပေးပါဘူး။ )

Voice Reading ကို အင်စတောလုပ်ပြီးရင် ဖွင့်ပြီး Set Up လုပ်စရာမလိုဘဲ စတင် အသုံးပြုနိုင်ပါပြီ။ ဥပမာအားဖြင့် ဘရောက်စာကနေ ၀က်ဆိုက်တစ်ခုကိုသွားပြီး သတင်းတစ်ပုဒ်ကို ဖွင့်ပါ။ စာကြောင်းများကို Select လုပ်ဖို့အတွက် စကားလုံးတစ်ခုကို ဖိထားပါ။ Marker ပေါ်လာရင် အသံထွက်ဖတ်ပြစေချင်တဲ့ စာကြောင်းများကို ရွေးချယ်ပေးပါ။



ရွေးချယ်ပြီးရင် ဘရောက်စာရဲ့ ညာဘက်အပေါ်ထိပ်မှ Menu ကို နှိပ်ပြီး Share ကို နှိပ်ပါ။
( အခြားဖုန်းများမှာ Menu ဟာ အခြားနေရာမှာ ရှိတတ်ပါတယ်။ )


နောက်အဆင့်မှာ Add to Voice Reading ကို ရွေးချယ်ပေးပါ။


နောက်အဆင့်မှာ New item ဆိုတဲ့ Pop-Up ပေါ်လာမှာ ဖြစ်ပါတယ်။ အိုကေ ကို နှိပ်ပါ။


ပြီးရင် Google Text to Speech ကို ရွေးပေးနိုင်ပါတယ်။


ဒါဆိုရင် Voice Reading က သင်ရွေးချယ်ထားတဲ့ စာကြောင်းများကို ဖတ်ပြမှာ ဖြစ်ပါတယ်။ အပေါ်ထိပ်မှာ ဘာသာစကားကို ရွေးချယ်နိုင်ပါတယ်။ English အပြင် Portuguese, Dutch, Spanish, Italian , German, Hindi, Indonesian, French, Polish, Japanese, Russian စတဲ့ ဘာသာစကားများဖြင့် အသံထွက် ဖတ်ပြပေးနိုင်ပါတယ်။


Fast Forward ခလုတ်ကို နှိပ်ရင် နောက်စာကြောင်းတစ်ခုကို ကျော်ဖတ်ပေးမှာပါ။ Play/Pause ကိုလည်း ထိန်းချုပ်နိုင်ပါတယ်။

URL တစ်ခုလုံး သို့မဟုတ် သတင်း၊ဆောင်းပါး တစ်ပုဒ်လုံးကို အသံဖြင့် နားထောင်ချင်ရင်တော့ ၀က်စာမျက်နှာကို ဖွင့်ပြီးရင် ဖုန်းရဲ့ Menu ခလုတ်ကို နှိပ်ပါ။ Share page ကို ရွေးပေးပါ။ နောက်အဆင့်တွေမှာတော့ အပေါ်ကနည်းအတိုင်း ပြုလုပ်နိုင်ပါတယ်။

Text File များမှ စာသားများကို အသံထွက်နားထောင်ချင်ရင် File Manager ကနေ Text File ကို သိမ်းထားတဲ့နေရာကို သွားပါ။ ဖိုင်အပေါ်ကို ဖိထားပြီး Share ကို ရွေးပေးပါ။ နောက်အဆင့်တွေမှာတော့ အပေါ်ကနည်းအတိုင်း ပြုလုပ်နိုင်ပါတယ်။



Voice Reading ဟာ စာဖတ်ဖို့ မအားလပ်သူများအတွက်သာမက Listening ကို လေ့ကျင့်ချင်သူများအတွက်ပါ အသုံးဝင်တဲ့ Android App တစ်ခုဖြစ်ပါတယ်။ Android 2.2 နဲ့ သူ့အထက်မှာ အသုံးပြုနိုင်ပြီး အောက်ပါ လင့်မှာ ရယူနိုင်ပါတယ်။


Download Here


Credit www.myanmardigitallife.com

အားလုံးကိုကျေးဇူးတင်ပါတယ်


ဇူးနစ်(နည်းပညာ)
 


မြန်မာစွယ်စုံမိသားစု ဘလော့စာမျက်နှာ မှ အကြောင်းရာများသည် အွန်လိုင်းပေါ် မှ ရှာဖွေစုစည်းဖေါ်ပြခြင်းဖြစ်ပါသည် ကျွန်တော်လိုသမျှစုဝေးထားရာတွင် သင်လိုတာများ ရှိနေနိုင်ပါစေ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ

မိမိလိုချင်တဲ့ဘာသာစကားရှာဖွေရန်