ဓါတ်ပုံတုလို့ ယူဆရတာ တွေ့ရရင် TinEye.com ဆိုတဲ့ ဓါတ်ပုံ ထောက်လှမ်းရေးဆိုက်ကို သုံးပြီး အတုအစစ် ဟုတ်/မဟုတ်.. ပြင်ထားခြင်း ပေါင်းစပ်ထားခြင်း ရှိ/မရှိ… အရင်က မူလ ဘယ်နေရာမှာ စတင် သုံးစွဲခဲ့လဲ (ဥပမာ – သတင်းအမှန် စသုံးခဲ့တဲ့ စာမျက်နှာ) စတာတွေကို စစ်ထုတ်ပေးပါတယ်။
အခုဆိုရင် … ဦးဝီရသူ ဓါတ်ပုံနဲ့ rapper Akon ပုံကို ပေါင်းထားပြီး ဗုဒ္ဓဆင်းတုတော်ကို သူ့ဗီဒီယိုထဲမှာ မလျော်မကန် ထည့်သုံးခဲ့ဖူးတဲ့ အဆိုတော် Akon က ဘုန်းကြီးဝတ်သွားပြီ ဆိုပြီး သတင်းတု သတင်းမှားကို ဟာသလုပ်ပြီး ဖြန့်နေကြတယ်။ မယုံမိဖို့ မိတ်ဆွေတို့ကို သတိပေးတာပါ။
TinEye မှာ ထည့်ကြည့်လိုက်ရင် ဘယ်ပုံတွေကို ပေါင်းထားလဲဆိုတာ အောက်ပါ စာမျက်နှာမှာ တွေ့နိုင်ပါတယ်။
❆ ဒီလင့်ကနေစစ်ဆေးနိုင်ပါတယ် ❆

Myartko Orange

No comments:
Post a Comment