Monday, September 22, 2014

ချိုဆိမ့်မွှေးတဲ့ဗုံလုံသီး ပုစွန်အဆာသွပ်နှပ်နဲ့ သွားရည်တောက်တောက်ကျစေမယ့် ချဉ်ငံစပ်ငပိသုပ်


မြေအိုးမြီးရှည်

 


ချစ်သော မောင်နှမများအားလုံး မင်္ဂလာပါရှင် ...
ဒီနေ့မှာတော့ ကျွန်မရဲ့ မောင်နှမများအတွက် မြေအိုးမြီးရှည် လုပ်နည်းလေးကို မျှဝေပေးပါရစေရှင် ...
ကျွန်မချက်ဖြစ်တဲ့ မြေအိုးမြီးရှည်လေးကတော့ လွန်ခဲ့တဲ့ ၂ဝဝ၉ ခုနှစ်တုန်းက ပြင်ဦးလွင်မှာ အလုပ်ရုံဆွေးနွေးပွဲ တစ်ခု သွားတက်တုန်း ကျွန်မတို့သူငယ်ချင်းများနဲ့ အတူ ဆိုင်တစ်ဆိုင်မှာ သွားစားခဲ့တဲ့ ပုံစံမျိုးလေးပါနော် ...
ကျွန်မဘဝမှာ စစချင်း စားခဲ့ဖူးတဲ့ မြေအိုးမြီးရှည်ပဲ ဆိုပါတော့နော် အဲ့ဒီမှာ စားခဲ့ပြီး ကြိုက်သွားပြီး ရန်ကုန် ပြန်ရောက်တော့လည်း ဆိုင်တွေမှာ မြေအိုးမြီးရှည်စားချင်လို့ မှာစားခဲ့ပါတယ် … ဒါပေမယ့်လေ လုံးဝကို အရသာမတူ၊ ပါဝင်ပစ္စည်းတွေလည်း မတူဘဲ လုံးဝကိုမှ စားလို့မရဘဲ ပြင်ဦးလွင်မှာ စားခဲ့ဖူးတဲ့ မြေအိုးမြီးရှည်ကိုပဲ တမ်းတမိနေတော့တာပေါ့ ...

ရေခူ ဆေးဘဲဥသုပ် လုပ်စားကြရအောင်

    


ချစ်သော မောင်နှမများ အားလုံး မင်္ဂလာပါရှင် ... ဒီနေ့တော့ မောင်နှမတွေကို ရေခူ ဆေးဘဲဥသုပ်လေး သုပ်ကျွေး ပါရစေရှင် …

ရေခူ (Jelly Fish) ကို  Junction Center မှာတွေ့တော့ မောင်နှမတွေ အတွက် ဆန်းဆန်းပြားပြားလေး လုပ်ကျွေးလို့ ရအောင်လို့ ဝယ်ခဲ့မိတယ် …

အသုပ်အတွက် ပြင်ဆင်ဖို့ ရေခူကို ရေအေးနဲ့ အနည်းဆုံး (၅) နာရီကနေ (၈) နာရီထိ စိမ်ပေးပါ။ အဲ့ဒီလို စိမ်တဲ့ အခါမှာလည်း အခါအခွင့်သင့်ရင် ၂ နာရီခြား တစ်ခါလောက် ရေအသစ်လဲပြီး စိမ်ပေးပါနော် ... အဲ့ဒီလို စိမ်ပေးခြင်းဖြင့် ရေခူမှာ ကပ်နေတဲ့ သဲတွေနဲ့ အနံ့တွေ ထွက်သွားစေတယ်နော် ...

သုပ်ခါနီးကျရင် ရေနွေး ပွက်ပွက်ဆူအောင် တည်ထားတဲ့ အိုးထဲကို ရေခူကို ထည့်ပြီး ၃ မိနစ်လောက် ထည့်ပြီး အဖုံးအုပ်ထားပါ။ အဲ့ဒီလိုအချိန်မှာ ရေခူက ပွတက်လာပြီး အတွန့်လေး၊ အလိပ်လေးတွေ ကျောက်ခက်လို ဝေဝေဖြာဖြာ ထွက်လာတာ တွေ့ရမယ်။ ပြီးတော့ ငါးခြောက်နံ့လို အနံ့တွေ ပြုတ်ရည်ထဲ ပါသွားမယ်၊ သဲတွေ ပါသွားမယ်နော်၊ ပြီးတော့မှ ရေနွေးပူထဲကနေ ရေခူကို ပြန်ဆယ်၊ ပြီးတော့ ရေအေးနဲ့ ပြန်ဆေးပြီး တစ်လက်မ အရှည်လောက်လေးတွေ ဖြတ်ပေးထား၊ ဇကာထဲ ထည့်စစ်ထားပါနော်။

ကဏန်း အချိုပေါင်း

    


ချိုအိမွှေးဆိမ့် အရသာနဲ့ စားလို့ကောင်းတဲ့ ကဏန်းအချိုပေါင်း

ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါရှင် ...

မောင်နှမတွေ အတွက် စားလို့ကောင်းမယ့် ကဏန်း အချိုပေါင်းလေး ချက်နည်းလေး မျှဝေပေးပါရစေဦးရှင် ...

ဘလော့ဂ်မှ ပို့စ်တွေ update လုပ်ဖို့က ဒီက ကွန်နက်ရှင်နဲ့ လုပ်လို့မရဘူး၊ အဲ့ဒါကြောင့်မို့ Facebook မှာ အရင်တင်ပြီးမှ ဘလော့ဂ်မှာ တင်ရသလို ဖြစ်နေပါတယ် ... ဘလော့ဂ်မှာ လာရောက် ကြည့်ရှု အားပေးကြတဲ့ မောင်နှမများ အဲ့ဒီ အခြေအနေလေးကို နားလည် ခွင့်လွှတ်ပေးစေ လိုပါတယ်နော် ... ၀ိုင်းတော်သားများရဲ့ အကူအညီနဲ့ ဘလော့ဂ်လေးကို ဆက်လက် ရှင်သန်နေအောင် ပို့စ်တွေ တင်ပေးနေမှာပါနော် ...

လိုအပ်တဲ့ ပစ္စည်းတွေကတော့ ကဏန်း (၇) ကောင်၊ ကြက်သွန်ဖြူ (၅) မွှာ ဓားပြားရိုက်၊ ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း (၁) ဇွန်း၊ ပဲငံပြာရည် အကျဲ ထမင်းစားဇွန်း (၂) ဇွန်း၊ နှမ်းဆီမွှေး လက်ဖက်ရည်ဇွန်း တစ်ဝက်၊ ခရုဆီ ထမင်းစားဇွန်း (၁) ဇွန်း၊ ဟင်းရွက်ဆီ ထမင်းစားဇွန်း (၂) ဇွန်းတို့ပါနော် ...

ပုစွန်မရမ်းပြားချဉ်စပ်ဟင်းရည်သောက့့် 

  

ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါရှင့့်  
ဒီနေ့တော့ မောင်နှမတွေအတွက် ပုစွန်မရမ်းပြားချဉ်စပ်ဟင်းရည်သောက်လေး ချက်ကျွေးပါဦးမယ်နော့့် 

ပုစွန်လတ်လတ်ဆတ်ဆတ်များကို ခေါင်းက အခွံမာခွာ၊ မစင်အိတ်ဖယ် ထုတ်ပစ်ပါ။ 
ပီးရင် နောက်ကျောကနေ မစင်ကြောင်း ဖယ်ထုတ်ပစ်ပါ။ ပြီးရင် ကြက်သားမှုန့်အနည်းငယ်၊ ငံပြာရည်အနည်းငယ်နဲ့ ရောနယ်ထားပေးပါ။

အိုးတစ်လုံး ရေ အသင့်အတင့်ထည့်ပြီး ပွက်ပွက်ဆူအောင် တည်ထားပါ။ အဲ့ဒီအချိန်မှာ ကြက်သွန်ဖြူ၊ နီ၊ ချင်းတို့ကို အခွံနွှာ၊ ရေဆေးပြီး ပါးပါးလှီးထားပါ။ ငရုတ်သီးစိမ်းကိုလည်း ပါးပါးလှီးထားပါ။
မရမ်းပြားကို ရေနွေးနဲ့ ပွလာအောင် စိမ်ထားပေးပါ။ (မရမ်းပြားမရှိရင် မထည့်ဘဲ သံပရာရည်ညှစ်သောက်ပါ။ ကျွန်မက အမှန်တကယ် သံပရာရည်ညှစ်ထည့်ပြီး သောက်ချင်တာ၊ ဒါပေမယ့် ဘုန်းကြီးဆွမ်းဟင်းလောင်းဖို့လည်း ချက်တာမို့ သံပရာသီးအလုံးလိုက်ထည့်ပေးလို့လည်း မဖြစ်တာမို့ မရမ်းပြားထည့်ရတာပါ)။

LinkWithin

Related Posts Plugin for WordPress, Blogger...
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ

မိမိလိုချင်တဲ့ဘာသာစကားရှာဖွေရန်