အုန်းနို.ခေါက်ဆွဲ
သီတင်းကျွတ်လပြည်.နေ. ဆွမ်းတော်ကပ်လျူ ရန်နှင့် အိမ်ကလူကြီးမင်းတွေ
သုံးဆောင်ရန် အုံးနို.ခေါက်ဆွဲ ချက်ဖြစ်ပါတယ်
အုန်းနို.ခေါက်ဆွဲကို လွယ်လွယ်ကူကူဝယ်စား
လို.ရတုန်းက တစ်ခါမှကိုယ်တိုင်မချက်ဖူးပါ၊
ဝယ်စားမရတော. ကိုယ်တိုင်ချက်ရပါပြီ။ ဒီမှာအုန်းနို.
အလွယ်တကူ ၀ယ်လို.ရတော. ချက်ရတာ သိပ်အဆင်ပြေပါတယ်ရှင်..
အုန်းနို.ခေါက်ဆွဲအတွက်
1) ဂျုံခေါက်ဆွဲခြောက်ကို နဲနဲမာမာပြုတ်ကာ အအေးခံထားပါ၊ - 1 Kg
2) ကြက်သွန်ဥနီသေးသေး - 20 လုံးကို အခွံခွာပြီးရေဆေးထားပါ၊
3) ဆား၊နနွင်း၊ ငံပြာရည်၊ အရသာမုန်. ၊သကြား
4)ကြက်သား & ကြက်ရိုး - 1/2 KG ကို အသားကိုသေးသေးတုန်း
ပြီး ကြက်ရိုးကို နှစ်ပိုင်းသုံးပိုင်းခုတ်ကာ ဆား၊ နနွင်းနယ်ကာ
1 နာရီခန်.နှပ်ထားပါ..