ရှေးရှေး တုံးက မလေးရှား (၀ါ) မလ္လာယု နိုင်ငံတော် သမိုင်း (ဖြစ်ရပ်မှန်) "မလေးရှား နိုင်ငံ၏ သမိုင်း ဖြစ်ရပ် များနှင့် မလေးရှားရောက် ဗုဒ္ဓ သာသနာတော် သမိုင်း" (ဗဟု သုတ ရစရာတွေ၊ အတုယူ ဖွယ်ရာတွေ၊ သတိ ထားကာ သံဝေဂ ရယူ ဖွယ်ရာ တွေနဲ့ ပြည့်နှက် ကြပ်သပ် နေတဲ့ ရှေးရှေး တုံးက မလ္လာယု နိုင်ငံတော်) အကြောင်းကို ဖတ်ဖြစ်အောင် ဖတ်ကြပါ။
မဖတ် လိုက်ရလို့ နောင်မှ နောင်တ မရစေနဲ့။ (Melayu) မလ္လာယု နိုင်ငံတော် မလေးရှား နိုင်ငံသည် အာရှ တိုက်၏ အရှေ့ တောင်ဘက် အစွန်း ထိပ်နှင့် ဘော်နီယိုခေါ် ကာလီမာတန် ကျွန်း၏ မြောက်ဘက်တွင် တည်ရှိပြီး၊ မလေးရှား နိုင်ငံ၏ မြောက်ဘက်တွင် ထိုင်းနိုင်ငံနှင့် တောင်ဘက် ခြမ်းတွင် အင်ဒိုးနီးရှား နိုင်ငံ တို့နှင့် နယ်နိမိတ်ချင်း စပ်ဆက်လျှက် တည်ရှိ ပါသည်။ မလေး နိုင်ငံ၏ အကျယ် အ၀န်းမှာ ပျမ်းမျှ စတုရန်းမိုင် (၁၂၇၃၁၆) ကျယ်ဝန်းပြီး နိုင်ငံ၏ မြို့တော်မှာ “ကွာလာ လမ်ပူ” ဖြစ်ပါသည်။
၁၉၉၂ ခုနှစ် ဇူလိုင်လတွင် ကောက်ခံ ထားသည့် မှတ်တမ်း များအရ လူဦးရေမှာ ၂၂.၂ သန်းခန့် ရှိပါသည်။ မလေးရှား နိုင်ငံ၏ နောက်ခံ သမိုင်း ရာဇ၀င်မှာ တရုတ်နွယ် များမှ ဆင်းသက် လာကြခြင်း ဖြစ်ကြောင်း လေ့လာ တွေ့ရှိ ရပါသည်။ B.C,1500,2000 ခန့်တွင် တရုတ်ပြည်၊ ယူနန် ပြည်နယ် အတွင်းမှ မွန်ဂို နွယ်ဖွား တရုတ် များသည် မလေး ကျွန်းဆွယ်ရှိ ကျွန်းစု များသို့ ရောက်ရှိ အခြေချ ခဲ့သည်မှ မလေး နိုင်ငံသည် စတင် ခဲ့ခြင်း ဖြစ်သည်။ ထိုမိန်ဂို တရုတ် များသည် မလေး ကျွန်းစွယ်ကို မလက္ကာ မြို့ပြ တည်ထောင်၍ အုပ်ချုပ် ခဲ့ကြ လေသည်။